(Mexico catches drug boss linked to kingpin Guzman)
**ပစိဖိတ်ဒေသ၏ မူးယစ်ရာဇာအား မက္ကဆီကိုတပ်ဖွဲ့ဝင်များ ဖမ်းဆီးမိ**
(မက္ကဆီကိုစီးတီး၊ မေ ၁၄ )
ပစိဖိတ်ဒေသ၏ မူးယစ်ဆေးဝါးခေါင်းဆောင်မာတင်ဘီလ်တရန်အား မက္ကဆီကိုတပ်ဖွဲ့ဝင်များက ဖမ်းဆီးမိကြောင်း၊ ၄င်းသည် မက္ကဆီကိုအနောက်ပိုင်းနယ်မြေမှ မူးယစ်ဆေးဝါး တန်ပေါင်းများစွာကို အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် အဓိကတာဝန်ရှိသည့် မူးယစ်ရာဇာတစ်ဦးဖြစ်ကြောင်း မက္ကဆီကိုစစ်ဘက်က မေ ၁၃ ရက်၌ သတင်းထုတ်ပြန်သည်။
၎င်းကို မက္ကဆီကိုနိုင်ငံ ဇာပိုပန်မြို့ ဆင်ခြေဖုံးရှိဂွါဒါလာဂျာရာအရပ်၌ မက္ကဆီကိုတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မာတင်ဘီလ်တရန်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက မက္ကဆီကိုမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှု၌ သေဆုံးသွားသော မူးယစ်ဆေးဝါးလုပ်ငန်းများကို ထိန်းချုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ မာတင်ဘီလ်တရန်နှင့်အတူ လက်နက်များ၊ မော်တော်ယာဉ်ခြောက်စီး၊ ကျောက်မျက်ရတနာများနှင့် အမေရိကန်ဒေါ်လာ ၄၀၀၀၀၀ ကျော်တို့ကိုလည်း မက္ကဆီကိုတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။ (အင်တာနက်)
(Solar Powered Airplane Completing First International Flight)
**နေစွမ်းအင်သုံး လေယာဉ် နိုင်ငံတကာခရီးစဉ် စတင်ပျံသန်း**
(ပါရာနေ၊ မေ ၁၄ )
နေစွမ်းအင်သုံးလေယာဉ်၏ ပထမဆုံး နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမှုအဖြစ် ခရီးမိုင် ၁၇၀ ကွာဝေးသည့် ဆွမ်ဇာလန်မှ ဘယ်လ်ဂျီယံနိုင်ငံသို့ ၁၂ နာရီကြာပျံသန်းခဲ့သည်။
လေယာဉ်မှူး အင်ဒရီဘော့စ်ရှဘက်မောင်းနှင်သည့် ၄င်းနေစွမ်းအင်သုံးလေယာဉ်သည်ဆွမ်ဇာလန်နိုင်ငံ ပါရာနေလေဆိပ်မှ မေ ၁၃ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က စတင်ပျံသန်းခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဇာဗန်တန်လေဆိပ်သို့မဆင်သက်မီ ပြင်သစ်နှင့် လူဇင်ဘတ်နိုင်ငံများပေါ်မှ ဖြတ်ကျော်ပျံသန်းခဲ့သည်။ (အင်တာနက်)
(May 13, 2011 ... Nigeria to set up 28 plastic recycling plants. Abuja, May 13 (IANS) Nigeria plans to set up 28 plastic recycling plants in cities across the ...)
**ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ပြန်လည်ထုတ်လုပ်ရန် နိုင်ဂျီးရီးယား၌ စက်ရုံ ၂၈ ရုံ တည်ဆောက်မည်**
(အဘူဂျာ၊ မေ ၁၄)
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးပြု ထုတ်လုပ်နိုင်သည့် စက်ရုံ၂၈ ရုံကို နိုင်ဂျီးရီးယားနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးအချို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ဂျီးရီးယားအစိုးရ အရာရှိတစ်ဦးက မေ ၁၃ ရက်၌ ပြောကြားသည်။
နိုင်ငံတစ်ဝန်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းများပြားသည့် မြို့ကြီးများ ကိုရွေးချယ်ကာ ယင်းစက်ရုံများတည်ဆောက်သွာမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ သဘာဝပတ်ဝန်းကျင်မပျက်စီးရန်အတွက် အစိုးရ၏ဆောင်ရွက်မှု စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။ (အင်တာနက်)
**ဧ၀ရက်တောင်ထိပ်သို့ တက်ရောက်စဉ် ဂျပန်တောင်တက်သမားသေဆုံး**
(ခတ္ထမန္ဒ၊ မေ ၁၄ )
နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်နေသောဂျပန်တောင်တက်သမား တစ်ဦးသည် တောင်ထိပ်သို့မရောက်မီ မေ ၈၀၀ ကျော်အလိုတွင် နေမကောင်းဖြစ်ကာ မေ ၁၃ ရက်က သေဆုံးသွားကြောင်း နီပေါအရာရှိများက ပြောကြားသည်။
အသက် ၅၉ နှစ်အရွယ်ရှိ ဂျပန် တောင်တက်သမား တာကာရှီအိုဇာကီသည် ၂၉၀၂၀ ပေမြင့်သော ဧ၀ရတ်တောင်ထိတ်သို့တက်ရောက်စဉ် လဲကျသေးဆုံးသွားခဲ့ခြင်းဖြစ်သည်။(အင်တာနက်)
**စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်**

No comments:
Post a Comment