ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 21, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**ပေါစခိုးလ်အားမန်ယူတွင် ဆက်ကစားရန် ဂယ်ရီနဗီးလ် တိုက်တွန်း**
(လန်ဒန်၊ မေ ၁၉)
ပေါစခိုးအနေဖြင့် ယခုနှစ်ဘောလုံးရာသီကုန် လျှင် အနားမယူသင့်ကြောင်း၊ ဆက်ကစားသင့်ကြောင်း မန်ယူနောက်တန်းကစားသမားဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်သည်။ အသက် ၃၆ နှစ်အရွယ်ရှိဂယ်ရီနဗီးလ်သည် လွန်ခဲ့သည့် ဖေဖော်ဝါရီလက မန်ယူကစားသမားဖြစ်မှ အနားယူခဲ့သည်။ မန်ယူကွင်းလယ်ကစားသမားပေါစခိုးလ်အနေဖြင့် အသက် ၃၆ နှစ်ပင်ရှိပြီးဖြစ်သော်လည်း ကစားအားကောင်းနေဆဲဖြစ်သည့်အတွက် အနားမယူသေးသင့်ကြောင်း နဗီးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ယူရိုပါလိဂ်ဖလားဘောလုံးပြိုင်ပွဲ ပေါ်တိုအသင်း ဘရာဂါကိုနိုင်ပြီးဗိုလ်စွဲ**
(ဒဗ္ဗလင်၊ မေ၊ ၁၉)
ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၉ ရက်နံနက်ပိုင်းက ဒဗ္ဗလင်မြို့၌ ပေါ်တူဂီကလပ်များဖြစ်သည့် ပေါ်တိုအသင်းနှင့် ဘရာဂါအသင်းတို့ ယှဉ်ပြိုင်ကစားခဲကြရာ ပေါ်တိုအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့သည်။ ပေါ်တိုအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကိုလံဘီယာတိုက်စစ်မှူး ဖော်ကော်က ခေါင်းတိုက်ဂိုးဖြင့် သွင်းယူပေးခဲ့သည်။ ဖော်ကော်သည် ဖရက်ဒီဂူယာရင်ဖြတ်တင်ပေးလိုက်သော ဘောလုံးတစ်ဆင့် ပွဲချိန် ၄၄ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဘရာဂါကစားသမား ကူတူဒီယိုသည် စောစောပိုင်း ဂိုးသွင်းခွင့်ရခဲ့သော်လည်း ပိုင်နိုင်စွာ ဂိုးသွင်းယူနိုင်စွမ်းမရှိသဖြင့် ဂိုးနှင့် လွဲချော်ခဲ့ရသည်။ ဘရာဂါကစားသမား မော်ဆိုရို ပေါ်တိုဂိုးသမားနှင့်တစ်ယောက်ချင်းတွေ့ပြီးကန်သွင်းခဲ့သော်လည်း ပေါ်တိုဂိုးသမား ဟယ်လ်တန်ကာကွယ်ပေးနိုင်ခဲ့သည်။ ပေါ်တိုတို့ ယင်းယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သဖြင့် နည်းပြအင်ဒရီဗီလတ်စ်သည် အသက်အငယ်ဆုံးဖလားရယူနိုင်သည့်နည်းပြဖြစ်လာသည်။ ၄င်း၏ အသက်သည် ၃၃ နှစ်မျှသာရှိသေးသည်။ (အင်တာနက်)

**ဘရူနိမား၏ The Song အယ်လ်ဘမ် လူငယ်ပရိတ်သတ်များ အကြိုက်မျာပြား**
(လန်ဒန်၊ မေ ၁၉)
အမေရိကန်လူငယ်အဆိုတော် ဘရူနိုမား၏ The Lazy Song အမည်ရှိ တေးအယ်ဘမ်သည် ဗြိတိန်နိုင်ငံနိုင်ငံ၌သုံးပတ်ဆက်တိုက် နံပါတ်တစ် အရောင်းရဆုံးးတေးအယ်လ်ဘမ်ဖြစ်သည်။ နာမည်ကြီးအဆိုတော် လေဒီဂါဂါ၏ The Edge of Glory တေးအယ်လ်ဘမ်းမှာ နံပါတ် ၆ အရောင်းရဆုံး တေအယ်ဘမ်ဖြစ်သည်။ ဗြိတိသျှအဆိုတော် အဒီလီ၏ တေးအယ်လ်ဘမ် ၁၉ နှင့် ၂၁ တို့သည် ၁၅ ပတ်ဆက်တိုက် ရောင်းအားကောင်းနေသည်ဟု ဆိုသည်။ ဘရူနိုမားသည် အမေရိကန်နိုင်ငံသားဖြစ်သည်။ သူ့ကို ၁၉၈၆ ခုနှစ် အောက်တိုဘာလ ၈ရက်မ ဟာဝိုင်ယီ၌ မွေးဖွားခဲ့သည်။ သူသည် ပေါ့ပ်တေးဂီတလောကတွင် လူကြိုက်မားနေသည့် အဆိုတော်ဖြစ်သည်။ (အင်တာနက်)

**ကွင်းလယ်ကစားသမား ဇန်ဒန်းဆန်းဒါလန်းအသင်းမှ ထွက်ခွာမည်**
(လန်ဒန်၊ မေ ၁၉)
ယခုနှစ်နွေရာသီ၌ စာချုပ်သက်တမ်းတစ်နှစ် ကုန်ဆုံးချိန်တွင် ဆန်းဒါးလန်းအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ကွင်းလယ်ကစားသမား ဇန်ဒန်းက အတည်ပြုပြောကြားသည်။ အသက် ၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားဇန်ဒန်းသည် မေ ၂၂ ရက်တွင် ပရီမီယာလိဂ်နောက်ဆုံးပွဲအဖြစ် ၀က်စ်ဟမ်းအသင်း အိမ်ကွင်းသို့ သွားရောက်ကစားမည်ဖြစ်သည်။ ယင်းပွဲသည် ဇန်ဒန်းအနေဖြင့် ဆန်းဒါးလန်း အသင်းအတွက် ပွဲပေါင်း ၅၀ မြောက်ပါဝင်ကစားသည့် ပွဲဖြစ်သည်။
ဇန်ဒန်းအနေဖြင့် ဆန်းဒါးလန်းအသင်းတွင် ပြီးခဲ့သည့် ပရီမီယာလိဂ်ပြိုင်ပွဲများတွင် အစပွဲ ၁၀ ပွဲသာ ကစားခွင့် ရခဲ့သည်။ ပုံမှန်ကစားခွင့်မရခဲ့သဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဇန်ဒန်းက ပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန်- မြင့်မောင်စိုး၊ ကောင်းမြတ်သူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)