**ဖလားတစ်လုံးမျှ မဆွတ်ခူးနိုင်သည့် အန်ဆယ်လော့တီအား ချယ်လ်ဆီးက နည်းပြအဖြစ်မှ ထုတ်ပယ်**
(လန်ဒန်၊ မေ ၂၃)
ချယ်လ်ဆီးနည်းပြ အန်ဆယ်လော့တီအား ယခုနှစ်ဘောလုံးရာသီတွင် ဖလားတစ်လုံးမျှဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ချယ်လ်ဆီးအသင်းပိုင်ရှင်များက ရာထူးမှဖယ်ရှားလိုက်သည်။ အန်ဆယ်လော့တီအား ခြောက်ယောက်မြောက် နည်းပြအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးနည်းပြ အန်ဆယ်လော့တီသည် ချယ်လ်ဆီးအသင်းသို့ ရောက်လာပြီးနောက် ပထမရာသီတွင် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ဒုတိယရာသီ၌ ဖလားတစ်လုံးမျှ ဆွတ်ခူးနိုင်ခြင်းမရှိပေ။ ယခုနှစ်တွင် ချယ်လ်ဆီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားပြိုင်ပွဲများ ကစားခဲ့ရသော်လည်း ဖလားတစ်လုံးမျှဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ နည်းပြအန်ဆယ်လော့တီသည် ၂၀၀၉ ခုနှစ် ဇွန်လက ဂူယပ်စ်ဟစ်ဒင့် ရုရှားအသင်းသို့ နည်းပြအဖြစ် ပြောင်းသွားပြီးနောက် ချယ်လ်ဆီးအသင်းနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီအား ချယ်လ်ဆီးနှင့် အဲဗာတန်တို့ မေ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုကစားအပြီး အဲဗာတန်ကို ချယ်လ်ဆီးကတစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ အသက် ၅၁ နှစ်အရွယ်ရှိအန်ဆယ်လော့တီသည် ချယ်လ်ဆီးနှင့် ချုပ်ဆိုထားသာ စာချုပ်မှာ တစ်နှစ်ကျော် ကျန်ရှိနေသေးသည်။ အန်ဆယ်လော့တီအား ရာထူးမှ ထုတ်ပယ်ရခြင်းမှာ လာမည့်နှစ်ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်ရန်အတွက်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)

**မန်စီးတီးအသင်း ကစားသမားကောင်းများ ထပ်မံဝယ်ယူမည် **
(လန်ဒန်၊ မေ ၂၃)
အလိုအလျောက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိသွားသော မန်စီးတီးအသင်းအနေဖြင့် လာမည့်ရာသီအတွက် ကစားသမားကောင်းများ ထပ်မံ ၀ယ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ မန်စီနီက ပြောကြားလိုက်သည်။ နည်းပြ မန်စီနီသည် မန်စီးတီးအသင်းနည်းပြဖြစ်လာခဲ့ပြီးနောက် ယာယာတိုရေး၊ ဒေးဗစ်ဆီးလ်ဗားနှင့် အီဒင်ဒီဇီကိုတို့အား ခေါ်ယူခဲ့သည်။ ယင်းတို့ကို ၀ယ်ူ်ယူနိုင်ခဲ့ခြင်းကြောင့် မန်စီးတီးအသင်းသည် အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတိုက်ရိုက်ကစားခွင့်ကိုပါ ရရှိခဲ့သည်ဟု နည်းပြမန်စီနီက ပြောကြားသည်။ (အင်တာနက်)
**နစ်ကလော့ဘင့်တနာ အာဆင်နယ်အသင်းမှ ထွက်ခွာဖွယ်ရှိ**
(လန်ဒန်၊ မေ ၂၃ )
ဒိန်းမက်ကစားသမား နစ်ကလော့ဘင့်တနာသည် အာဆင်နယ်အသင်းမှထွက်ခွာရန် ဆန္ဒရှိကြောင်း ၄င်းကစားသမား၏ ကိုယ်စားလှယ်က ပြောကြာသည်။ ဘင့်တနာသည် အာဆင်နယ်တွင် ပုံမှန်ကစားခွင့် မရ၍ စိတ်ပျက်နေကြောင်း၊ အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိမ့်မည်ဖြစ်ကြောင်း ဘင့်တနာ၏ဖခင်ဖြစ်သူက ပြောကြားသည်။ ၄င်း၏ဖခင်သည် ဘင့်တနာ၏ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ပေးနေသူ ဖြစ်သည်။ နစ်ကလော့ဘင့် တနာအား အာဆင်နယ်တွင် ပုံမှန်ကစားခွင့်ပေးရန် လိုအပ်လိမ့်မည့်ဖြစ်ကြောင်း ၄င်း၏ဖခင်ဖြစ်သူက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ကောင်းမြတ်သူ
t

No comments:
Post a Comment