(Charlie Sheen)
**ဟောလိဝုဒ်ရုပ်ရှင်မင်းသား ချာလီရှင်းဇနီးဖြစ်သူ ဘရွတ်ကီးမူလာနှင့် ကွာရှင်းပြီ**
(လော့စ်အိန်ဂျလိစ်၊ မေ ၄)
ယင်းတို့နှစ်ဦးသည် ၂၀၀၈ ခုနှစ် မေ ၃၀ ရက်က လက်ထပ်ခဲ့ကြသော်လည်း ၂၀၀၉ ခုနျစ် ခရစ္စမတ်ကာလ၌ပင် သီးခြားစီနေထိုင်ခဲ့ကြသူများဖြစ်သည်။ ထိုသို့ သီးခြားစီနေထိုင်ခဲ့ကြခြင်းမှာလည်း ဘရွတ်ကီးမူလာအား ချာလီရှင်းအနေဖြင့် ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည့် စွပ်စွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးခံခဲ့ပြီးနောက်ပိုင်း ခွဲနေခဲ့ကြခြင်းဖြစ်သည်။ ချာလီရှင်းနှင့် ဘရွတ်ကီးမူလာတို့ ပေါင်းသင်းခဲ့ရာတွင် နှစ်နှစ်အရွယ် သားတစ်ဦးရရှိခဲ့ပြီး ယခုအခါ မိခင်ဖြစ်သူ ဘရွတ်ကီးမူလာကပင် အုပ်ထိန်းသူအဖြစ် ပြုစုစောင့်ရှောက်သွားမည်ဖြစ်သည်။ ရုပ်ရှင်မင်းသား ချာလီရှင်းက က လေးစရိတ်အဖြစ် တစ်လလျှင်အမေရိကန်ဒေါ်လာ ၅၅၀၀၀ ထောက်ပံ့ရမည်ဖြစ်သည်။ (အင်တာနက်)

(Czech young gun Pekhart signs with Nuremberg)
**ချက်တိုက်စစ်မှူး ပက်ဟက် က နုရင်ဘတ်အသင်းနှင့်စာချုပ်**
(ပါရာဂွေး၊ မေ ၄ )
ချက်တိုက်စစ်မှူး ပက်ဟက်အား ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် နုရင်ဘတ်အသင်းက လေးနှစ်စာချုပ်ဖြင့်ခေါ်ယူရန် မေ ၃ ရက်က သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစသည်။
ချက်ကလပ် ဂျာဘလိုနက်အသင်းမှ စပါတာ ပရာဟာအသင်းသို့ အငှားချထားသော ပက်ဟက်သည် သွားရောက်ကစားတော့မည် ဖြစ်သည်။ (အင်တာနက်)
**မီတာ ၁၅၀၀ အိုလံပစ်အပြေးချန်ပီယံကစ်ရော့ သတ်မှတ်စံချိန်မရလျှင် ပြိုင်ပွဲမ၀င်ဟုပြောကြား**
(နိုင်ရိုဘီ၊ မေ ၄)
အိုလံပစ်မီတာ ၁၅၀၀ ချန်ပီယံ အက်စ်ဘယ်လ်ကစ်ရော့က ယခုနှစ်အတွင်း လေ့ကျင့်ရာ၌ မီတာ၁၅၀၀ ကို ၃ မိနစ် စက္ကန့် ၃၀ စံချိန်မရလျှင် နိုင်ငံတကာပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မေ ၄ ၇က်၌ ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
**အီရန်ရုပ်ရှင်ငါးကား ကိန်းစ်ဈေးကွက်သို့ တင်သွင်းမည်**
(တီဟီရန် ၊ မေ ၄)
ကိန်းစ်ရုပ်ရှင်ဈေးကွက်သို့ ၂၀၁၁ ခုနှစ်အတွင်း အီရန်ရုပ်ရှင်ကားငါးကားကို တင်သွင်းခွင့်ပြုရန် အီရန်ရုပ်ရှင်ထုတ်လုပ်သူများက တောင်းဆိုထားကြောင်း အီရန်ရုပ်ရှင်လုပ်ငန်းက မေ ၃ ရက်၌သတင်းထုတ်ပြန်သည်။
ယင်းရုပ်ရှင်ကားများမှာThe 9/11 Black Box၊ Passion of Charlie၊ paradise is Here Moonlight on the Platform နှင့် Endless ဇာတ်ကားများဖြစ်သည်။ ကိန်းစ်ဈေးကွက်အတွင်း ရုပ်ရှင်ဇာတ်ကားများကို ဖြန့်ချိနေသည့်ကာလ၌ ပရိသတ်များအား အဆိုပါ ရုပ်ရှင်ဇာတ်ကားများအား မိတ်ဆက်သည့်အနေဖြင့် ရှိုးပွဲနှစ်ကြိမ် ပြသွားမည်ဖြစ် သည်။ ၂၀၁၁ ခုနှစ် ကိန်းစ်ရုပ်ရှင်ဈေးကွက်ကို မေ ၁၁ ရက်မှ ၂၂ ရက် အထိ ဖွင့်လှစ်မည်ဖြစ်ရာ ယင်းဇာတ်ကားများကို တင်သွင်းရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်)
**အားကစားသတင်းအတိုအထွာ**
ယခုနှစ်ဘောလုံးရာသီ၌ ၂၂ ဂိုးသွင်းယူထားသော ဆီနီဂေါတိုက်စစ်မှူး ဆစ်စီက ဘလက်ဘန်းခေါ်ယူမည့် ကမ်းလှမ်းစာကို လက်ခံရရှိခဲ့သည်ဟုဆစ်စီကပြောကြာသည်။
မန်စီးတီးတိုက်စစ်မှူး တီဗက်ဇ်အား စာချုပ်ချုပ်ဆိုခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်မည်မဟုတ်ကြောင်း အင်တာမီလန်ကလပ် ဥက္ကဌ မိုရက်တီက မေ ၄ ရက်၌ ထုတ်ဖော်ပြောကြားသည်။
စပါးနှင့်အာဆင်နယ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေသော လက်ရှိဘာမင်ဂမ်ဂိုးသမား ဘင်ဖော်စတာက မိမိသည် မည်သည့်အသင်းသို့မျှ သွားရောက်ကစားမည်မဟုတ်ကြောင်းပြာကြားသည်။
ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးနောက်ခံကစားသမား ဘိုရာတန်အား ပြောင်းရွှေ့ကြေးပေါင်း ၁၅ သန်းပေး၍ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း မန်စီးတီးကလပ်တာဝန်သူများက မေ ၄ ရက်၌ ထုတ်ဖော်ပြောကြားသည်။
ဘရာဇီးအသင်း ကွင်းလယ်ကစားသမား ကာစီမီရိုအား စပါးအသင်းက ပြောင်းရွှေ့ကြေးပေါင်း ငါးသန်းပေး၍ ခေါ်ယူရန် ဆွေးနွေးနေကြောင်း စပါးကလပ်က မေ ၄ ရက်၌ သတင်းထုတ်ပြန်သည်။
ဘလက်ပူးလ်ကွင်းလယ်ကစားသမား ဒေးဗစ်ဘာတန်အား စတုတ်၊ ၀က်စ်ဘရွန်းနှင့် ဆန်းဒါးလန်းအသင်းတို့က ခေါ်ယူရန် အပြိုင်ကြိုးစားလျက်ရှိသည်။
အာဆင်နယ်အသင်းသည် အန်ဒါလက် အသင်းမှ အသက် ၁၄ နှစ်အရွယ် ကွင်းလယ်တိုက်စစ်မှူး ချာလေမူဆန်ဒါအားခေါ်ယူရန် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပြီးဖြစ်ကြောင်း နေ ၄ ရက်၌ သတင်းထုတ်ပြန်သည်။
လာဇီယို၊ ရိုးမားနှင့် ဂျူဗင်းတပ်စ်များသည် စပါးတိုက်စစ်မှူး နီကိုကရန်ကာအားခေါ်ယူနိုင်ရေး အပြိုင်ကြိုးစားလျက်ရှိပြီး တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မောင်ချစ်ကြည်၊ မောင်မောင်မြင့်ဆွေ

No comments:
Post a Comment