(မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း -ဓာတ်ပုံ - ဧရာဝတီ)
(မေလ ၂၃ ရက်၊ ၂၀၁၁)
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခု၌ ယနေ့ နံနက်မှစတင်၍ ထိုင်းအာဏာပိုင်များက လူဦးရေစာရင်း စစ်ဆေးမှုပြုလုပ်ရာ ဒုက္ခသည် မိသားစု မှတ်တမ်းဓာတ်ပုံ ရိုက်ကူးချိန်တွင် မရှိသည့် လူစာရင်းကို ပယ်ဖျက်ကြောင်း သိရသည်။ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရ မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းနှင့် ထာ့ဆောင်ရမ်း မြို့နယ်ရှိ မယ်လ ဒုက္ခသည် စခန်းများအတွင်း အမှန်တကယ် နေထိုင်သည့် ဒုက္ခသည် ဦးရေစာရင်း အတိအကျကို သိရှိနိုင်ရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက စစ်ဆေးမှုပြုလုပ်ခြင်း ဖြစ်သည်။ (ဧရာဝတီ)
(မေလ ၂၂ ရက်၊ ၂၀၁၁)

ဖြစ်ရပ် ၁။ ။ယမန်နေ့ ညနေပိုင်းက ဘန်ကောက်မြို့သို့ တရားမ၀င် မြန်မာအလုပ်သမား (၁၀) ဦး တင်ဆောင်လာသည့် အချုပ်ကား အမှတ် (၄၇၄)၊ ကားနံပါတ် (၃၁-၈၇၅၆) ကို တာ့ခ်ခရိုင် နယ်ခြားစောင့် စစ်ဆေးရေးဂိတ် (Ban Huai Hin Fon) တွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်သည်။ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာအလုပ်သမား အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၆) ဦးတို့ မှာ အသက် (၁၇) နှင့် (၂၀) နှစ် အတွင်း ရှိကြသူများ ဖြစ်သည်။ ကားခေါင်းခန်းအား ဆက်လက် ရှာဖွေရာ ဘတ်ငွေ (၃၄၂၀၀) ကိုလည်း တွေ့ရှိ သိမ်းဆည်း လိုက်ကြသည်။(ထိုင်းဘာသာပြန် -ကိုတီး -ရခိုင့်တံခွန်ဂျာနယ်)
ဖြစ်ရပ် ၂။ ။မလေးရှားနိုင်ငံတွင် နှစ်ကြိမ်တိုင်တိုင် မြေပြိုကျမှုများဖြစ်ခဲ့ခြင်းကြောင် ကွာလာလမ်ပူမြို့တော် အနီးမှ မိဘမဲ့ကလေးများ၏ အစိတ်အပိုင်းအချို့ည် မြေကြီးအောက်ရောက်သွားခဲ့ရကြောင်း ဤမြေပြိုမှုကြောင့်လူ (၁၂) ဦးသေဆုံးခဲ့ရပြီး ဤအထဲတွင် ကလေးသူငယ်များက အများစုဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုသည်။ (BBC)
(မေလ ၂၁ ရက်၊ ၂၀၁၁)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၏ တောင်ဘက်မြို့တစ်မြို့တွင် ရေကြီးပြီး မြေပြိုမှုကြောင့် ကလေးငယ် (၂၀)ဦး ပိတ်မိနေကြောင်း၊ အမြန်ဆုံးကယ်ဆယ်ရန် ဆောင်ရွက်နေဆဲဖြစ်ကြော်း သိရသည်။ (VOA)
(မေလ ၂၀ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံနဲ့ ပြည်နယ်စပ် မဲဆောက်မြို့ အခြေစိုက်အမှတ် (၄) သေကွပ်ကဲရေးတပ်မှာ “ပထမအကြိမ်မြန်မာစာသင်တန်း” ကို ယနေ့မှာ နယ်စပ်မှာ တာဝန်ကျတဲ့ စစ်သားတွေကို စတင်ပို့ချခဲ့ကြောင်း သိရပါတယ်။ နယ်စပ်တလျှောက်မှာ လုံခြုံရေး တာဝန်ယူနေရတဲ့ စစ်သားတွေထဲက ပထမအသုတ်အဖြစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား ၂၀ ဦးတက်ရောက်ခဲ့ပါတယ်။ (BBC)
(မေလ၊ ၁၈ ရက် ၂၀၁၁)
ထိုင်းနိုင်ငံကူးစက်ရောဂါ ကာကွယ်ရေးဗျူရိုက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာပြည်သား (၂၆၀၀၀) ခန့် မှာကူးစက်ရောဂါတွေ ဖြစ်ပွားနေကြောင်း မနေ့က ထုတ်ပြန်ခဲ့သည်။ (DVB)
(မေလ ၁၇ရက်၊ ၂၀၁၁)
ဖြစ်ရပ် ၁။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကေအဲန်ယူဘက်မှ သစ်တောပိတ်ပင်မှုကြောင့် ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူဒေသတွင် ပရိဘောဂ အလုပ်ရုံပေါင်း (၁၀၀) ခန့်ရှိသည့် အနက် အနည်းငယ်မျှသာ အလုပ်လည်ပတ်နိုင်ပြီး ပရီဘောဂအလုပ်သမားပေါင်း (၁၀၀၀) ကျော် အလုပ်လုပ်မဲ့ဖြစ်နေကြောင်း ယခုအခါ ယင်းတို့သည့် ကျပန်းအလုပ်များ လုပ်နေရကြောင်းသိရသည်။ (ကောင်ဝါသတင်း)
ဖြစ်ရပ် ၂။ မကြာမီကကွယ်လွန်သွားသော မြန်မာ စာရေးဆရားကြီး “နတ်နွယ်” အမှတ်တရ ရက်လည်ဆွမ်းကျွေးတရားနာနှင့် အမှတ်အတရ စကားဝိုင်းတစ်ခုကို ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တနေရာ၌ ယနေ့ ကျင်းပကြသည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေ ၁၅ ရက်၊ ၂၀၁၁)
အမေရီကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းတန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် အတူ အီရန်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးမိရာ မလေးရှားနိုင်ငံ၌ ယခုနှစ်အတွင်း ပမာဏအများဆုံး မူးယစ်ဆေးသိမ်းဆည်းရရှိမှုပင်ဖြစ်ကြောင်း မလေးရှားအကောက်ခွန်အရာရှိများက မေ ၁၅ ရက်၌ ပြောကြားသည်။ မလေးရှားနိုင်ငံ ပို့ကလန်မြို့ဆိပ်ကမ်း၌ကွန်တိန်နာ ငါးလုံးအတွင်းဘိလပ်မြေအိတ်များနှင့် ရောပြွမ်းသယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၇၈ အိတ်ကို အကောက်ခွန်အရာရှိများက ရှာဖွေသိမ်းဆည်းရမိခဲ့ပြီးနောက် ၄င်းအီရန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။(အင်တာနက်)
(မေလ ၁၀ရက်၊ ၂၀၁၁)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်တွင် မေ ၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၉ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ လူတစ်ဦးပြင်းထန်စွာ ဒဏ်ရာရပြီး ဆေးရုံတင်ပို့လိုက်ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖြစ်ပွားမှုမှာ ကွာလာလမ်ပူမြို့ရှိ အမြွာမိုးပျံတာဝါ၏ အနောက်မြောက်ဘက် ကီလိုမီတာဝက်ခန့်အကွာ၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
(မေလ ၉ ရက်၊ ၂၀၁၁)
မြန်မာ ဒုက္ခသည်တစ်ဦးဟာ ယာဉ်မတော်တဆ တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ သူ့ရဲ့ လွတ် မြောက်မှုအတွက် မြေပြင်ပေါ်မှာ ငါးကီလိုမီတာခန့် ထွက်ပြေးခဲ့ပြီး ရေထဲမှာ မိုင်တော်တော် များများ သက်စွန့်ဆံဖျား ကူးခတ် ထွက်ပြေးသွားတဲ့ အမှုတစ်ခု မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ဒါပေမယ့်လည်း အခင်းဖြစ်ပွားပြီး နောက်ထပ် နှစ်နှစ်ရီအကြာမှာပဲ ပင်လယ်ထဲမှာ ရောက်ရှိနေကြတဲ့ ဒေသခံ မလေးရှား တံငါသည်တွေရဲ့ အကူညီကြောင့် သူ့ရဲ့ သက်စွန့်ဆံဖျား ကြိုးပမ်းမှုဟာ အချည်းနှီး ဖြစ်ခဲ့ရပြီး ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ဒီလို ထွက်ပြေးရခြင်းဟာ သူ့ဆီမှာ မော်တော်ဆိုင်ကယ် လိုင်စင် မရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။Alam ဆီကို ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းဖို့ ချဉ်းကပ်ခဲ့ပေမယ့် သူဟာ ရုတ်တရက် ပေါ်လာတဲ့ လူအုပ်ကြီးကို မြင်တဲ့အတွက်ကြောင့် တဟုန်ထိုး ဒုန်းစိုင်း ထွက်ပြေးခဲ့တာပါလို့ အသက် ၃၁ နှစ် အရွယ်ရှိတဲ့ Pak Elong ကျေးရွာမှာ နေထိုင်သူ Mohd Sukri Baharum က ပြောပါတယ်။သူ့ကို ရဲလက်ထဲကို လွှဲမအပ်မီ မနက် ၁၁ နာရီမှာ ဒေသခံ တငါသည်တွေရဲ့ အကူညီတွေနဲ့ အတူ ပြည်သူ့ စစ်ကယ်ဆယ်ရေးအဖွဲ့က စေတနာ့ ဝန်ထမ်းတွေဟာ ကမ်းရှိရာကို Alam ကို ခေါ်ဆောင် နိုင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
(ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့)
(မေလ ၀၆ ရက် ၂၀၁၁ )
ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပနိုင်ဖို့ လွှတ်တော်ကို ဖျက်သိမ်းဖို့အတွက် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် (Bhumibol Adulyadej) ထံ ခွင့်ပြုမိန့် တောင်းခံမယ်လို့ ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောဆိုလိုက်ပါတယ်။ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံက မထွက်ခွာခင် သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဆက်ပြီး တနင်္လာနေ့ အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ထိုင်းဘုရင်က လွှတ်တော်ကို ဖျက်သိမ်းခွင့်ကို လက်မှတ်ရေးထိုးအပြီး ၄၅ ရက်နဲ့ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။(VOA)
ဖြစ်ရပ်-၂။ ။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ပိုင်ခလန်ရွာတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၁၀၀၀ ကျော်ကို တိုက်ပွဲများ မရှိတော့ဟုဆိုကာ မြန်မာဘက်သို့ ပြန်ပို့နေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။ထိုင်းဘက် ထွက်ပြေးလာ သူများသည် ယခုလဆန်းက စတင်၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များ ဖြစ်ပွားသည့် ရက်သတ္တတပတ်ကြာ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် အတွင်းသို့ ရောက်ရှိလာသူများဖြစ်သည်။ (ဧရာဝတီ)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တလကျော် ကာလအတွင်း အခိုးခံရပြီး မြန်မာနိုင်ငံ မြ၀တီမြို့သို့ ရောက်ရှိသွားသည့် ထိုင်းကား ၁၅ စီးကို မြန်မာဘက်မှ ထိုင်းအာဏာပိုင် များထံသို့ ပြန်လည် ပေးပို့ခဲ့သည်ဟု ထိုင်းတပ်မှူး တဦးကပြောသည်။မြ၀တီတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်ထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)အဖွဲ့က ကား အရောင်း အ၀ ယ် လုပ်သူများ မြ၀တီသို့ တင်သွင်းလာသည့် ထိုင်း ခိုးကားတစီးကို ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ထိုင်းအာဏာပိုင်များထံ သို့ပြန်လည် လွှဲပြောင်းပေးအပ်သည့်ပွဲတွင် အမှတ် ၃၅ ထိုင်း နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး နို့ဖဒွန်းဝပ်ချလကျစ် ဘော် ၀မ် က ပြောကြားခြင်းဖြစ်သည်။(ဧရာဝတီ)
(မေလ ၀၆ ရက် ၂၀၁၁ )
ဘန်ကောက် ။ ။ အိမ်ခန်းသစ် ငှားမပေးပါက မြန်မာပြည်ပြန်မည်ဟုဆိုသော မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် Senai Jaya ရှိ Robeh လျှပ်စစ်ပစ္စည်း စက်ရုံမှ မြန်မာလုပ်သား နှစ်ဦးကို ရဲက ကြာသပတေးနေ့ ညနေတွင် ဖမ်းဆီးသွားသည်။
အလျား ပေ ၅ဝ၊ အနံ ပေ ၃ဝ ခန့်ရှိ ဟောခန်း၌ မြန်မာ ၂၄ ဦး နေခိုင်းကာ မီးဖိုချောင်ပါ သီးသန့်မရှိသဖြင့် အခန်းသစ် ငှားမပေးလျှင် မြန်မာပြည်ပြန်မည့်အကြောင်း အလုပ်သမားများက စက်ရုံမန်နေဂျာထံ မနက်ပိုင်းတွင် တောင်းဆိုပြီးနောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
(မဇ္ဈိမ)
(မေလ၄ရက်၊ ၂၀၁၁)
မလေးရှားနိုင်ငံရှိ တက္ကသိုလ်များထဲမှ ကျောင်း ၅၉ ကျောင်းကို သတ်မှတ် အရည်အသွေး မပြည့်စုံသဖြင့် မလေးရှားနိုင်ငံရှိ Malaysian Qualification Agencyနှင့် Ministry Of Educationတို့က စိစစ် ရွေးချယ်၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။မလေးရှားနိုင်ငံတွင်ရှိသော ပုဂ္ဂလိက တက္ကသိုလ်များထဲမှ နိုင်ငံတကာ ကျောင်းသားများရရှိမည့် အခွင့်အရေးနဲ့ ၀န်ဆောင်မှုများကို အပြည့်အ၀ ခံစားခွင့်မပေး၍ နိုင်ငံတကာ ကောလိပ်နှင့် တက္ကသိုလ် စံချိန်၊စံညွှန်း အရည်အသွေးများ ကျဆင်းခဲ့ခြင်း၊ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ လုံ လောက်မှု မရှိဘဲ စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်မှုပိုင်းများ အားနည်းသောကြောင့် ဖျက်သိမ်း ခံရခြင်း ဖြစ်သည်။ (မောက္ခနိုင်ငံတကာ သတင်း)
င်ဒိုနီးရှားအကဲခတ်တွေ ဖြန့်ခွဲမချထားမီမှာ အငြင်းပွားနေတဲ့ နယ်စပ်ဒေသ ၄.၆ စတုရန်းကီလိုမီတာ နေရာကနေ သူ့ စစ်သားတွေအကုန်လုံး ကမ္ဗောဒီးယားက ဆုတ်ပေးဖို့ ဆိုတဲ့ တပ်မတော်နဲ့အစိုးရက စီစဉ်ထားတဲ့ ကြိုတင်သတ် မှတ်ချက်တွေကို ထိုင်း ကြည်းတပ်စစ်ဦးစီးချုပ် ဖရာယုသ်က တနေ့က ထပ်ခါတလဲလဲ ပြောပါတယ်။ “ သူတို့ (ကမ္ဗောဒီး ယား) သဘောမတူဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်မှာပါ။ ကျနော်တို့ တယောက်နဲ့တယောက် ဆက်တိုက်ရနိုင်တယ်။ ဒါမှမဟုတ် ဆွေးနွေးပွဲတိုက်ပွဲကို အဆုံးသတ်ပစ်နိုင်တယ်” လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ် ကျန်းအိုချား က ပြောပါတယ်။နိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွမ်ဟာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ၊ လောလောဆယ်ဆယ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သူ၊ မာတီနာတာလေဂါဝါ နဲ့ အစောပိုင်းက တွေ့ဆုံပြီး ဖရားဝိဟာ ဘုရားကျောင်းနားက ထိုင်း-ကမ္ဗောဒီးယား နယ် စပ်တလျှောက်မှာ အင်ဒိုနီးရှားအကဲခတ် ၃၀ ဖြန့်ထားဖို့ သတ်မှတ်တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို ဆွေးနွေးခဲ့ကြပါ တယ်။ ကက်ဘိနက်ကို ဒီသတ်မှတာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို နိုင်ငံခြားရေးဝန်ကြီးက အဆိုတင်သွင်းပါတယ်။ ဒါကို ဂရုစိုက် စဉ်းစားသင့်တယ်။ လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ “အကဲခတ်တွေ ဖြန့်ထားမယ်ဆိုရင် ဖရားဝိဟာ တောင်ပေါ်မှာ စစ်သားတွေ မရှိရဘူး၊ ဘယ်သူဝင်လာလဲဆိုတာက ကိစ္စမရှိဘူး၊ သူတို့ရှိနေတာကို အစိုးရက အတည် ပြုပေးရမယ်။ ဒါပေမဲ့ သူတို့လာချင်ရင်တော့ သူတို့ရှိနေတာကို ထိန်းချုပ်တဲ့ သတ်မှတ်တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ ရှိရမှာ ဖြစ်တယ်” လို့ ထိုင်း ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ (နေ့သစ်.)
(မေလ၁ ရက်၊ ၂၀၁၁)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးဌာန တို့မှ ကြီးမှူြး့ပီး တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း၊ ထိုင်းနိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့၊ မြန်မာအလုပ်သမား အကျိုးဆောင် အဖွဲ့အစည်းအချို့က ပူးပေါင်းပါဝင်လျက် မြန်မာအလုပ်သမား ၇၀၀ ခန့် တက်ရောက်သော “၁၂၁ ကြိမ်မြောက် မေဒေးနေ့” အခမ်းအနားကို ယနေ့ ကျင်းပကြသည်။ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနိုင်းဆာမတ် လွိုင်ဖား ကိုယ်တိုင် ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက်တွင် ထိုင်းအစိုးရထံ ရွှေ့ပြောင်းအလုပ်သမားများကိုယ်စား တောင်းဆိုချက် ၆ ချက်ပါဝင်သော ပေးစာကို အဆိုပါ အုပ်ချုပ်ရေးမှူးထံသို့ တပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ (မြန်မာပြည်သား သတင်းစဉ်)

No comments:
Post a Comment