
(ISRO builds India’s fastest supercomputer )
**အိန္ဒိယတွင် မြန်နှုန်းမြင့်စူပါကွန်ပျူတာတည်ဆောက်ပြီးစီး**
(နယူးဒေလီ ၊ မေ ၃)
အိန္ဒိယတွင် မြန်နှုန်းမြင့်စွာလည်ပတ်ပြီး စွမ်းဆောင်ရည် တစ်စက္ကန့်လျှင် သတင်းအချက်အလက်ပေါင်း ထရီလီယံ ၂၂၀ ခန့် ထုတ်ဖော်ပေးနိုင်သော ဆာဂါ-၂၂၀ အမည်ရှိ စူပါကွန်ပျူတာ တည်ဆောက်ပြီးဖြစ်ကြောင်း အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ၏ ကြေညာချက်ကို ဒေသတွင်းသတင်းဌာနက မေ ၃ ရက်၌ သတင်းဖော်ပြသည်။
အာကာသယာဉ်၊ ဒုံးပျံစသည့် ယာဉ်များတည်ဆောက်ရာတွင် ကြုံတွေ့မည့် ပြဿနာများကို ယခုစူပါကွန်ပျူတာသုံးပြီး အာကာသသိပံပညာရှင်များ ဖြေရှင်းနိုင်ရန်အတွက်ဖြစ်ကြေင်း ISRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (အင်တာနက်)

**ဂျပန်နိုင်ငံ၌ သဘာဝဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ပါလီမန်အတည်ပြု**
(တိုကျို၊ မေ ၂ )
ဂျပန်နိုင်ငံ၌ မတ် ၁၁ ရက်က မြေငလျင်လှုပ်မှုနှင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှုဒဏ်တို့ကိုတွေ့ကြုံခံစားခဲ့ရသောဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ယန်း ၄ ထရီလီယံ (အမေရီကန်ဒေါ်လာ ၄၈ ဘီလီယံ) အရေးပေါ်ဘတ်ဂျက်ကို မေ ၂ ရက်တွင် ပါလီမန်က အတည်ပြုပေးလိုက်သည်။
သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ရန် အရေးပေါ်ဘတ်ဂျက်ကို အောက်လွှတ်တော်က ဧပြီ ၃၀ ရက်တွင် အတည်ပြုပေးခဲ့ပြီးအထက်လွှတ်တော်ရှိ ဘတ်ဂျက်ကော်မတီက မေ ၂ ရက်တွင် တစ်ခဲနက်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ဆူဒန်တွင် မျိုးနွယ်စုအတွင်း မြေပိုင်ဆိုင်မှုအငြင်းပွား၍ ၁၅ ဦးသေဆုံး**
(ကာဒတ်လီ -ဆူဒန်- မေ ၂ )
ဆူဒန်နိုင်ငံ၏ ရေနံထွက်ရှိရာ တောင်ကော်ဒိုဖန်ပြည်နယ်တွင် မျိုးနွယ်စုအတွင်းမြေပိုင်ဆိုင်မှုအငြင်းပွားရာ ၁၅ ဦးသေဆုံးကြောင်း ဒေသတွင်အကြီးအကဲနှင့် စစ်ဘက်သတင်းရပ်ကွက်က မေ ၂ရက် တွင် ပြောကြားသည်။
မစ်ဆီရီယာမျိုးနွယ်စု၏ အုပ်စုများအကြား မြေကွက်ပေါ် ပိုင်ဆိုင်မှုအကြောင်းပြု၍ ခိုက်ရန်ပွားကြရာ ၁၅ ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိကြောင်း၊ အခင်းဖြစ်ပွားရာသို့ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် မျိုးနွယ်စုအကြီးအကဲလိုက်ပါ လျက်သွားရောက်ဖျန်ဖြေသဖြင့် အခြေအနေငြိမ်သက်သွားပြီးဖြစ်ကြောင်း မစ်ဆီရီယာမျိုးနွယ်စုအကြီးအကဲတစ်ဦးဖြစ်သူ အိုမာအယ်လ်အန်ဆာရီက အေအက်ဖ်ပီသို့ပြောကြားသည်။ (အေအက်ဖ်ပီ)
**သီရိလင်္ကာတောင်ပိုင်းတွင် ရေကြီး၊ မြေပြို၍ ခုနစ်ဦး သေဆုံး**
(ကိုလံဘို ၊မေ ၂)
သီရိလင်္ကာနိုင်ငံတောင်ပိုင်းတွင် ရေလွှမ်းခြင်း၊ မြေပြိုခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် ခုနစ်ဦးသေဆုံးကြောင်း အစိုးရကမေ ၂ ရက်တွင်ပြောကြားသည်။
ရတနာပူခရိုင် အနိမ့်ပိုင်းဒေသတွင် မေ ၂ရက် က မိုးသည်းထန်စွာရွာသဖြင့်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်လာခဲ့ရာငါးဦးသေဆုံးကြောင်းး၊နောက်နှစ်ဦးမှာ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း အစိုးရ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနကပြောသည်။ (အေပီ)
**စုစည်းဘာသာပြန်-မြင့်မောင်စိုး၊ ဇော်ဦးခိုင်**
(ISRO builds India’s fastest supercomputer )
**အိန္ဒိယတွင် မြန်နှုန်းမြင့်စူပါကွန်ပျူတာတည်ဆောက်ပြီးစီး**
(နယူးဒေလီ ၊ မေ ၃)
အိန္ဒိယတွင် မြန်နှုန်းမြင့်စွာလည်ပတ်ပြီး စွမ်းဆောင်ရည် တစ်စက္ကန့်လျှင် သတင်းအချက်အလက်ပေါင်း ထရီလီယံ ၂၂၀ ခန့် ထုတ်ဖော်ပေးနိုင်သော ဆာဂါ-၂၂၀ အမည်ရှိ စူပါကွန်ပျူတာ တည်ဆောက်ပြီးဖြစ်ကြောင်း အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) ၏ ကြေညာချက်ကို ဒေသတွင်းသတင်းဌာနက မေ ၃ ရက်၌ သတင်းဖော်ပြသည်။
အာကာသယာဉ်၊ ဒုံးပျံစသည့် ယာဉ်များတည်ဆောက်ရာတွင် ကြုံတွေ့မည့် ပြဿနာများကို ယခုစူပါကွန်ပျူတာသုံးပြီး အာကာသသိပံပညာရှင်များ ဖြေရှင်းနိုင်ရန်အတွက်ဖြစ်ကြေင်း ISRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (အင်တာနက်)
**ဂျပန်နိုင်ငံ၌ သဘာဝဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ပါလီမန်အတည်ပြု**
(တိုကျို၊ မေ ၂ )
ဂျပန်နိုင်ငံ၌ မတ် ၁၁ ရက်က မြေငလျင်လှုပ်မှုနှင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှုဒဏ်တို့ကိုတွေ့ကြုံခံစားခဲ့ရသောဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ယန်း ၄ ထရီလီယံ (အမေရီကန်ဒေါ်လာ ၄၈ ဘီလီယံ) အရေးပေါ်ဘတ်ဂျက်ကို မေ ၂ ရက်တွင် ပါလီမန်က အတည်ပြုပေးလိုက်သည်။
သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ရန် အရေးပေါ်ဘတ်ဂျက်ကို အောက်လွှတ်တော်က ဧပြီ ၃၀ ရက်တွင် အတည်ပြုပေးခဲ့ပြီးအထက်လွှတ်တော်ရှိ ဘတ်ဂျက်ကော်မတီက မေ ၂ ရက်တွင် တစ်ခဲနက်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)(People walk through the restive region close to Sudan's north-south border. Tribal )
**ဆူဒန်တွင် မျိုးနွယ်စုအတွင်း မြေပိုင်ဆိုင်မှုအငြင်းပွား၍ ၁၅ ဦးသေဆုံး**
(ကာဒတ်လီ -ဆူဒန်- မေ ၂ )
ဆူဒန်နိုင်ငံ၏ ရေနံထွက်ရှိရာ တောင်ကော်ဒိုဖန်ပြည်နယ်တွင် မျိုးနွယ်စုအတွင်းမြေပိုင်ဆိုင်မှုအငြင်းပွားရာ ၁၅ ဦးသေဆုံးကြောင်း ဒေသတွင်အကြီးအကဲနှင့် စစ်ဘက်သတင်းရပ်ကွက်က မေ ၂ရက် တွင် ပြောကြားသည်။
မစ်ဆီရီယာမျိုးနွယ်စု၏ အုပ်စုများအကြား မြေကွက်ပေါ် ပိုင်ဆိုင်မှုအကြောင်းပြု၍ ခိုက်ရန်ပွားကြရာ ၁၅ ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိကြောင်း၊ အခင်းဖြစ်ပွားရာသို့ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် မျိုးနွယ်စုအကြီးအကဲလိုက်ပါ လျက်သွားရောက်ဖျန်ဖြေသဖြင့် အခြေအနေငြိမ်သက်သွားပြီးဖြစ်ကြောင်း မစ်ဆီရီယာမျိုးနွယ်စုအကြီးအကဲတစ်ဦးဖြစ်သူ အိုမာအယ်လ်အန်ဆာရီက အေအက်ဖ်ပီသို့ပြောကြားသည်။ (အေအက်ဖ်ပီ)
**သီရိလင်္ကာတောင်ပိုင်းတွင် ရေကြီး၊ မြေပြို၍ ခုနစ်ဦး သေဆုံး**
(ကိုလံဘို ၊မေ ၂)
သီရိလင်္ကာနိုင်ငံတောင်ပိုင်းတွင် ရေလွှမ်းခြင်း၊ မြေပြိုခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် ခုနစ်ဦးသေဆုံးကြောင်း အစိုးရကမေ ၂ ရက်တွင်ပြောကြားသည်။
ရတနာပူခရိုင် အနိမ့်ပိုင်းဒေသတွင် မေ ၂ရက် က မိုးသည်းထန်စွာရွာသဖြင့်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်လာခဲ့ရာငါးဦးသေဆုံးကြောင်းး၊နောက်နှစ်ဦးမှာ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း အစိုးရ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနကပြောသည်။ (အေပီ)
**စုစည်းဘာသာပြန်-မြင့်မောင်စိုး၊ ဇော်ဦးခိုင်**
No comments:
Post a Comment