အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?
အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...
အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ “အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်” လို့ ပြန်ဖြေခဲ့တယ်။
လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ “ အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။
ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။
အဘိုးအိုက..
“ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့၊
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ” လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။
**နိုင်းနိုင်းစနေ**
htpp://www.youthwant.com.tw

No comments:
Post a Comment