(May 1, 2011 — Shanxi Province, China (Reuters) Forest Fire in China- Lightening sparks forest fires in north China.)**တရုတ်နိုင်ငံမြောက်ပိုင်း၌ တောမီးလောင်ကျွမ်း ၊မီးသတ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာ မီးငြှိမ်းသတ်ခဲ့ရ**
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ်တွင် တောမီးလောင်ကျွမ်းလျက်ရှိရာ မီးသတ်သမားရာပေါင်းများစွာမီးငြှိမ်းသတ်ခဲ့ကြရကြောင်း တရုတ်အရာရှိများက ရ မေ ၁ ရက်၌ ပြောကြားသည်။
ရှန်စီပြည်နယ်၌တောမီးလောင်ကျွမ်းမှုမှာ ဧပြီ ၃၀ရက် ဒေသစံတော်ချိန် ည ၉ နာရီခန့်က စတင်လောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မီးသတ်သမား ၂၆၀၀ကျော်တို့ မီးငြှိမ်းသတ်လျက်ရှိသည်။
တောမီးလောင်မှုများ တောင်ခြေဒေသများတွင်ဖြစ်ရာ အနီးဝန်းကျာင်ရှိ ကျေးရွာများနှင့် အလှမ်းဝေးသဖြင့် ဒေသခံများအား ရွှေ့ပြောင်းစရာမလိုကြောင်း သိရသည်။ လောလောဆယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးဒဏ်ရာရရှိသူမရှိကြောင်း လည်းကောင်းတို့က ပြောကြားသည်။ (အင်တာနက်)

(Plane careers off runway at Solwezi Airport)
**ဇမ်ဘီယာအနောက်ပိုင်း၌ လေယာဉ်ပျက်ကျ၊ လေးဦးသေဆုံး**
(လူဆာကာ၊ မေ ၁)
ဇမ်ဘီယာနိုင်ငံအနောက်မြောက်ပိုင်းရှိ လေဆိပ်တစ်ခု၌ ဧပြီ ၃၀ ရက်က လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ လေးဦးဖော်ပြသည်။
လည်းကောင်း လေယာဉ်သည်Solwezi လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားစဉ်လေယာဉ်ရှေ့ဘီးများချ၍ မရသဖြင့် လေယာဉ်ဝမ်းဗိုက်နှင့် ဆင်းသက်ရာမှ ယခုကဲ့သို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
လေယာဉ်ပျက်ကျရာသို့ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ထားကြောင်း၊ လေယာဉ်ရှေ့ဘီးများ ထိန်းချုပ်မှုစနစ်ချွတ်ယွင်းနေမှုကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ယင်းသတင်းစာ၌ ဖော်ပြထားသည်။ (အင်တာနက်)

(Locals walk past a hotel after a fire in Tonghua, northeast China's Jilin Province, May 1, 2011, in this photo distributed by China's official Xinhua News Agency. REUTERS/Xinhua)
**တရုတ်၌ ဟိုတယ်မီးလောင်၊ ၁၀ ဦးသေဆုံး**
(ကျိလင်း၊ မေ ၁ )
တရုတ်နိုင်ငံ ကျိလင်းပြည်နယ် တောင်ဟွာမြို့၌ မေ ၁ ရက်က ဟိုတယ်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါမီးလောင်မှုမှာ ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးစုံစမ်းမှုအရ ဟိုတယ်၏ မြေညီထပ်အရောင်းခန်းမမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ အခန်းအတွင်းမီးခိုးများနှင့်ပိတ်မိပြီး သေဆုံးသွားခဲ့ဖြစ်ကြောင်းမီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဆီးနှင်းခဲများ ပြိုကျမှုကြောင့် ဂျပန်တောင်တက်သမားနှစ်ဦးသေဆုံး**
(တိုကျို ၊ မေ ၁ )
ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုတွင်ရှိသော ရှီရိုမာတောင်ပေါ်တွင် ဆီးနှင်းခဲများ ရုတ်တရက်ပြိုကျမှုကြောင့် ဂျပန်တောင်တက်သမားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ကျိုဒိုသတင်းဌာနက မေ ၁ ရက်၌ သတင်းထုတ်ပြန်သည်။
တောင်တက်သမားနှစ်ဦးအနက် တစ်ဦးမျာ တောင်ပေါ်မှဆီးနှင်းခဲ့များပြိုကျမှုအနီး၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး တစ်ဦးမှာဆေးရုံသို့တင်ပို့စဉ် သေဆုံးခဲ့ဖြစ်သည်။(အင်တာနက်)
**အင်ဒိုနီးရှားသင်္ဘောနှင့် သင်္ဘောသားများအားဆိုမာလီဓားပြများပြန်လွှတ်ပေး**
(ဂျကာတာ ၊ မေ ၁ )
အင်ဒိုနီးရှားသင်္ဘောသားများအား ဆိုမာလီပင်လယ်ဓားပြများကပြန်ပေးဆွဲထားရာမှ ဘေးအသိရန်အခဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း အင်ဒိုနီးရှားသင်္ဘောပိုင်ရှင်က မေ ၁ ရက်တွင်ပြောကြားသည်။
ဆီနာကူဒပ်အမည်ရှိ သင်္ဘောနှင့် လည်းကောင်းသင်္ဘောပေါ်တွင် လိုက်ပါသွားသည့် သင်္ဘောသား ၂၀ အား ပြန်ပေးငွေပေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ဒုတိယသမ္မတ ဒေးဗစ်ဘာတူဘာရာရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသည်။(အင်တာနက်)
**အီရတ်မြောက်ပိုင်း၌ အသေခံဗုံးခွဲ၊ ရှစ်ဦးသေဆုံး**
(မိုဆူးလ် မေ ၁)
အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်တစ်ခုကို ဧပြီ ၃၀ ရက်က အကြမ်းဖက်သမားတစ်ဦးက အသေးခံဗုံးခွဲတိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။ ယင်းအသေခံဗုံးခွဲမှုကြောင့်သေဆုံးသူရှစ်ဦးရှိပြီး ဒဏ်ရာရသူ ၂၀ ခန့်ရှိကြောင်း နယ်မြေရဲဝန်ထမ်းများက ဆင်ဟွာသို့ ပြောကြားသည်။
အသေခံတိုက်ခိုက်မှုသည် မိုဆူးလ်မြိုလယ်ရှိ လူစည်ကားရာဈေးအနီး စစ်ဆေးရေးဂိတ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများတွင်စစ်သားသုံးဦးပါဝင်ကြောင်း တာဝန်ရှိသူတစ်ဥိးက ပြောကြားသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)
**ကင်ညာကမ်းလွန်၌ စားအုန်းဆီတင်သင်္ဘော အပိုင်စီးခံရ**
(စင်ကာပူ မေ ၁)
ကင်ညာနိုင်ငံ ကမ်းလွန်တွင် စင်ကာပူမှတ်ပုံတင်ထားသော စားအုန်းဆီတွင် သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများက မေ ၁ ရက် ၌အပိုင်စီးသွားခဲ့ကြောငး စင်ကာပူအရာရှိများက အတည်ပြုပြောကြားသည်။
သင်္ဘောသား ၂၅ ဦး ပါရှိသော လည်းကောင်းသင်္ဘောမှာ အမ်တီဂီမီနီအမည်ရှိသင်္ဘောဖြစ်ပြီ ပင်လယ်ဓားပြများက ဆိုမာလီနိုင်ငံသို့ ဦးတည် မောင်းနှင်သွားကြောင်း လည်းကောင်း တို့ကဆက်လက်ပြောကြားသည်။ (အင်တာနက်)
**စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ၊ ဇော်ဦးခိုင်**
(May 1, 2011 — Shanxi Province, China (Reuters) Forest Fire in China- Lightening sparks forest fires in north China.)
**တရုတ်နိုင်ငံမြောက်ပိုင်း၌ တောမီးလောင်ကျွမ်း ၊မီးသတ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာ မီးငြှိမ်းသတ်ခဲ့ရ**

No comments:
Post a Comment