ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 15, 2011

အနာဂတ်၏အိမ်မက်များ (သို့ )အိမ်မက်ထဲ က သတို့ သမီး

>
အိမ်မက်နဲ့ ပါတ်သတ်လို့ သိပÜံပညာအနေနဲ့ အိပ်မောကျနေသောအိမ်မက်များဟာ
အိပ်မပျော်ခင်အချိန် လူတယောက်ရဲ့ အသိစိတ်က အမှတ်မထင် မှတ်သားလိုက်မိတဲ့
ပတ်ဝန်းကျင်မှအရာတချို့ ၊ ကိုယ်ပိုင်ဖြစ်ပေါ်ခဲ့သော ခံစားချက်တချို့ ၊
အတွေးအခေါ်တချို့.. စတာတွေပေါ်မူတည်ပြီး မက်တတ်တယ်လို့ ဆိုပါတယ် ။
အနာဂတ်၏အိမ်မက်များကတော့ လူတိုင်းအသိဖြစ်သလို လူတွေရဲ့ ဘ၀မှာ
လိုချင်တဲ့တောင့်တမှုတွေနဲ့ ဖွဲ့ စည်းထားတယ်ဆိုတာ ဘယ်ပညာရှင်မှမပါဘဲ
ပြောနိုင်မှာပါ ။

မျက်ဝန်းနှစ်ဖက်ပိတ်ချိန် ကိုယ့်ရဲ့ မသိစိတ်က မက်လိုက်တဲ့
အိမ်မက်တွေကိုတော့ အိပ်မောကျနေသောအိမ်မက်များ ၊

မျက်ဝန်းများဖွင့်ထားပြီး ကိုယ့်ရဲ့ သိစိတ်နဲ့ မက်လိုက်တဲ့
အိမ်မက်တွေကိုတော့ အနာဂတ်၏အိမ်မက်များ သို့ အိမ်မက်ထဲ ကသတို့ သမီးလို့
ကျွန်မဘာသာ စိတ်ကူးယဉ်ခွဲခြားနာမည်ပေးမိပါတယ် ။

ကျွန်မရဲ့ကလေးဘ၀တုန်းက အိမ်မက်ကို သိပ်မမှတ်မိတော့ပါဘူး ။ ဒါပေမယ့်
ဖြူစင်နုနယ်တဲ့ကလေးဘ၀မှာ အိပ်မောကျနေသောအိပ်မက်များသာ မက်ခဲ့မယ်လို့
ကျွန်မအကြွင်းမဲ့ယုံကြည်တယ် ။ ထိုအချိန်က
ကျွန်မရဲ့အကြောက်ဆုံးအိမ်မက်ကိုတော့ ခုထိသတိရမိပါသေးတယ်.. အိပ်ယာထဲ
ရှူးရှူးပေါက်တဲ့ အဲလိုအိမ်မက်တွေ ၊ဒါပေမယ့်အဲ့ ဒိ့အိမ်မက်မျိုးက
ထိုကလေးဘ၀အရွယ်မှာပဲ ပြီးဆုံးခဲ့တယ် ။

သစ်ရွက်လေးလှုပ်တာတောင် ရီတတ်တယ်လို့ တင်စားပြောကြတဲ့
ဆယ်ကျော်သက်အရွယ်ကိုရောက်တော့ ၀တ္ထုတွေဖတ်ရင်း အိမ်မက်တော်တော်များများကို
မျက်ဝန်းများဖွင့်လို့ မက်ခဲ့ပါတယ် ။

ထို ဆယ်ကျော်သက်အရွယ်ကတော့ အနာဂတ်၏အိမ်မက်များထဲမှာ ထပ်ခါတလဲလဲ
မက်ခဲ့တာကတော့ အချစ်ဆိုသည်မှာဆိုတဲ့ အကြောင်းအရာပါပဲ ။

အဲဒီတုန်းက နှင်းဆီဖတ်လေးတွေ ခရေပွင့်တွေကို စာအုပ်ထဲအသာညှပ်လို့ ၊
အမြဲခိုးကြည့်မိခဲ့တဲ့ မျက်ခုံးထူထူ ပုဆိုးတိုတိုနဲ့ ကောင်လေးရဲ့
နာမည်ကို အလှဆုံးလက်ရေးဝိုင်းလေးတွေနဲ့ ဒိုင်ယာရီသေးသေးလေးထဲရေးရင်း
အိမ်မက်မက်ခဲ့တယ်...။

“ကိုကို...ဘာလို့ မုန်းတာလည်း” ဆိုတဲ့ မေဆွိသီချင်းကို
သုံးရာသီတိုင်းအခါခါရွတ်လို့ ၊ မတွေ့ ရှိသေးတဲ့ ကိုကို ဆိုသူတယောက်ကို
အိမ်မက်မက်ခဲ့တယ်.. ။ဝတ္ထုစာအုပ်တွေထဲ အချစ်အတွက် အသက်ပင်သေသေဆိုတဲ့
ကြွေနေတဲ့ကောင်လေးမျိုး တနေ့ရှိချင်လိုက်တာလို့
အိမ်မက်မက်ခဲ့တယ်..။ဂျာနယ်ကျော်မမလေးရဲ့ "သူမ"၀တ္ထု တွေ ဖတ်ပြီးလည်း
ဝတ္ထုထဲ ကဇာတ်လိုက်မိန်းခလေးလို မျိုး
တအိမ်လုံးအထပ်ထပ်အခါခါ...အိမ်မှုသိမ်းဆည်းမိန်းခလေးပီသတဲ့ သူ မ လို သတို
့သမီးမျိုးလည်းအခါခါမက်စိတ်ကူးယဉ်ဘူးခဲ့ ပါတယ်။

ကဗျာမမည် ၀တ္ထုလို့လည်းမခေါ်နိုင်တဲ့ စာတိုပေစလေးတွေကို ဟိုတကြောင်း
ဒီတကြောင်း ချရေးရင်း အိမ်မက်မက်ခဲ့တယ် ။ တကယ်တော့ ရင်ခုန်သံကို
ဘာမှန်းမသိသေးပဲနဲ့ သတို့ သမီးရင်ခုန်သံတွေဗလဗွနဲ့ အိမ်မက်မက်ခဲ့တယ်
။အခုထိလည်းဘာမှမဟုတ်တဲ့ စာတိုပေစတွေ နဲ့ ကျမအိမ်မက်တွေ မက်နေဆဲ ပါ။

ဘ၀မှာ လူကြီးဖြစ်လို့ အလုပ်ခွင်ကိုဝင်ရောက်တဲ့အခါမှာလည်း
ကျွန်မမျက်ဝန်းများကိုဖွင့်ပြီး အိမ်မက်များမက်ခဲ့တယ် ။ ဒါပေမယ့် ဒီတခါ
အနာဂတ်၏အိမ်မက်များဟာ အကြောင်းအရာကွဲပြားသွားတယ် ။ ဘယ်အရွယ်မှာ
ဘယ်လိုရာထူးမျိုး ၊ ဘယ်လိုငွေကြေးပိုင်ဆိုင်မှုမျိုး ၊
ဘယ်လိုအောင်မြင်မှုမျိုး.. စတာတွေကို အိမ်မက်မက်ရင်းပဲ အိမ်မက်အဖြစ်မှ
အကောင်အထည်ဖော်ဖို့ သူတို့နောက် အပြေးလိုက်ခဲ့တယ် ။ ဘယ်လောက်လိုက်လိုက်
သူတို့ကို မမှီနိုင်ခဲ့ပါဘူး ။
အိမ်မက်ဆိုးတွေရဲ့ ၀ဲဂရက်ကရုန်းထွက်ဖို့ အချိန်အတော်များများကို ပေးဆပ်ခဲ့ရတယ် ။

ရုန်းထွက်နိုင်စအချိန်.. အချစ်ကိုမခံစားချင်တော့
နားမလည်နိုင်တော့ပါဘူးဆိုတဲ့ ကျွန်မရဲ့ အမိုက်မဲနှလုံးသားက တစုံတယောက်ကို
စွဲလန်းတတ်ခဲ့တယ် ။ စွဲလန်းခြင်းနောက်မှာ မထင်မှတ်တဲ့ အိမ်မက်တွေကို
မက်တတ်ခဲ့ပြန်တယ် ။ ကျွန်မကတော့ ထိုစွဲလန်းမှုအပြင်းစားနဲ့
ပူလောင်တဲ့ထိုအိမ်မက်ဆိုးတွေ ခွာချဖို့ အချိန်တွေ ထပ်ပေးဆပ်ခဲ့ရတယ် ။

ခုတလော အိပ်မောကျတဲ့အိမ်မက်တွေ မက်လေ့ရှိတယ်... အိမ်မက်ထဲမှာ
ဟိုးအမြင့်ဆုံးတိုက်ပေါ်က ပြုတ်ကျတာလဲ မက်တတ်တယ်... free fall မှာ kinetic
energy တွေပါတယ်လို့ သင်ခဲ့ရတယ်.. ကျွန်မအိမ်မက်ထဲက free fall ကတော့
kinetic energy ဘယ်လောက်ပါတယ်မသိ.. ရင်ထဲမှာ ဟာတာတာနဲ့ အောက်ဆုံးကို
ပြုတ်ကျခါနီး လန့်နိုးတော့ ဇောချွေးတွေပြန်လို့ ၊ အသက်ရှင်နေသေးတာကို
ကျေးဇူးတင်မိတဲ့အထိပဲ ။ မြွေကိုမြင်ရင် လာဘ်ကောင်းတယ်လို့ ပြောကြတယ်...
မက်လိုက်တဲ့မြွေတွေ.. စပါးကြီးမြွေရစ်ပတ်တာလဲ ခံရဘူးတယ်..
မြွေတွေတခန်းလုံးပြည့်နေလို့ ခြေချစရာမရှိတာမျိုးလည်း ပါသေးတယ်..
အသဲတွေအေးစက်လို့ သိပ်ကြောက်စရာ မြွေအိမ်မက်တွေမှ နိုးထပြီးတိုင်း ၊
ထီထိုးပါတယ်.. တခါမှမပေါက်ပါ ။

ခုတော့ မျက်ဝန်းများဖွင့်လို အနာဂတ်၏အိမ်မက်တွေ ကျွန်မမက်ဖို့
ကျမကြောက်ရွံ့ လာပြီ ။ လူဘ၀မှာကျမမနက်ဖြန်ဆိုတဲ့ မနက်ဖြန်ပေါင်းများစွာ
ဘယ်လောက်ထိ နေရဦးမလဲ မသေချာဘူးလေ ။

ဒီတော့ ဒီညတွက်လည်း ဘယ်လိုအိပ်မက်မျိုးမက်ဦးမလဲလို့
စဉ်းစားရင်းနဲ့ပဲ.... မေးစက်အိပ်ခွင့်ပြုပါရှင်....

ချစ်ခင်လေးစားသော

**ရွှေအိမ်စည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)