(15 bodies found in ship accident
By 3pm today, May 21, rescuers have recovered 15 bodies from the cruise ship that capsized last night on the Saigon River in the southern province of Binh Duong.)
**ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလိုက်ပါလာသော သင်္ဘောဗီယက်နမ်တောင်ပိုင်း၌ နစ်မြုပ်၊ ၁၅ ဦးသေဆုံး**
(ဟနွိုင်း၊ မေ ၂၁)
ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် မေ ၂၀ ရက်ညက ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသော အပျော်စီး နှစ်ထပ်သင်္ဘောတစ်စင်း နစ်မြုပ်ကြောင်း၊ ကလေး ငါးဦး၊ အမျိုးသမီးခြောက်ဦး၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် လေးဦးအပါဖော်ပြသညံသင်္ဘောပေါ်တွင် စုစုပေါင်းခရီးသည် ၂၆ ဦးလိုက်ပါလာကြောင်း၊ တရုတ်လူမျိုးလေးဦး ပျောက်ဆုံးလျက်ရှိသည်ဟုဆိုသည်။ အဆိုပါ နှစ်ထပ်သင်္ဘောနစ်မြုပ်မှုသည် ည ၇ နာရီခန့်တွင် ဖြစ်ပွားကြောင်း၊ ဗီယက်နမ်နိုင်ငံ ဘင်ဒွန်းပြည်နယ်ဆိုင်ဂုံမြစ်အတွင်း သင်္ဘောပေါ်၌ မွေးနေ့ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများပြုလုပ်နေစဉ် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ (အမ်အင်အေ၊ ဆင်ဟွာ)

(GSAT-8 launch: Manmohan congratulates space department )
**ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်မှု အိန္ဒိယ၀န်ကြီးချုပ်ဂုဏ်ပြု**
(နယူးဒေလီ၊ မေ ၂၁)
အိန္ဒိယအာကာသဌာနမှ ပြည်တွင်း၌ပင် အဆင့်မြင့်စွာတည်ဆောက်နိုင်ခဲ့သော ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ယနေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာ ယင်းအောင်မြင် မှုအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အိန္ဒိယ အာကာသရေးရာဌာနသို့ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခဲ့သည်။ အဆိုပါ ဂြိုဟ်တုမှာ GSTA – 8 ဟုအမည်ရှိသည်။ အိန္ဒိယ၀န်ကြီးချုပ်သည် ၄င်း၏ဂုဏ်ပြုသ၀ဏ်လွှာကို ဂြိုဟ်တုလွှတ်တင်းရေးစခန်းတွင် ရှိနေသော အာကာသရေးရာ ဌာန အကြီးအကဲ ကေရာဒက်ခ်ျခရစ်ရှနန်ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ GSTA-8 ဂြိုဟ်တုကို ပြင်သစ်ဂီဟာနာ ကိုရူးကျွန်းရှိ ဥရောပ အာကာသအေဂျင်စီ၏ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ယနေ့အောင်မြင်စွာလွှတ်တင်ခဲ့ခြင်းဖြစ်သည်။ (ပီတီအိုင်)
့
**စကြစဠာကြီးသည် မဟူရာစွမ်းအင်ခေါ် စွမ်းအင်တစ်မျိုးဖြင့် ပြည့်နေကြောင်း အတည်ပြုနိုင်ဖွယ်ရှိ**
(မဲလ်ဘုန်း၊ မေ ၂၁)
ခေတ်ရှေ့ပြေးနည်းပညာမားအသုံးပြု လုပ်ဆောင်ခဲ့သော နက္ခတ္တသပ္ပံဆိုင်ရာ လေ့လာမှုတစ်ခုမှ ထွက်ပေါ်လာသော အဖြေရလဒ်များအရ မဟူရာစွမ်းအင် (Dark Energy) ထူးဆန်းသော စွမ်းအင်တစ်မျိုး စကြ၀ဠာ အတွင်း၌ တည်ရှိနေမှုကို အတည်ပြု၍ ရနိုင်ဖွယ်ရှိကြောင်း မေ ၂၀ ရက် သတင်းများတွင် ဖော်ပြသည်။
စကြ၀ဠာ၏ ၇၄ ရာခိုင်နှုန်းကို မဟူရာစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည်။ ယင်းမဟူရာစွမ်းအင်တည်ရှိမှုကို အတည်ပြုနိုင်ပါက စကြ၀ဠာကြီး အဘယ်ကြောင့်အရှိန်ဖြင့် ပြန့်ကားလျက်ရှိသည်ကို ရှင်းလင်းနိုင်မည်ဖြစ်သည်။ ယခင်ထုတ်ဖော်တင်ပြပြီးဖြစ်သော မဟူရာစွမ်းအင်ဆိုင်ရာ လေ့လာမှုရလဒ်များကို စစ်ဆေးကြည့်နိုင်ရန် နိုင်ငံတကာ သိပ္ပံအညာရှင် အဖွဲ့သည် သီးခြားစူးစမ်းလေ့လာမှုနှစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ သိပ္ပံပညာရှင်များ၏ မဟူရာစွမ်းအင်ဆိုင်ရာ လေ့လာတွေ့ရှိချက်များသည် နဂါးငွေ့တန်း ကြယ်စု ၂၀၀၀၀၀ ကျော်ကိုလေ့လာမှုများ၌ အခြေပြုထားသည်။ စကြ၀ဠာအတွင်းရှိ ကြယ်ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော အလင်းရောင်များကို စူးစမ်းလေ့လာခြင်းဖြင့် ၁၉၉၀ ခုနှစ်နှောင်းပိုင်း၌ မဟူရာစွမ်းအင်အယူအဆ စတင်ပေါ်ထွက်ရသည်။ (အင်တာနက်)
**မလေးရှားနိုင်ငံ မိဘမဲ့ဂေဟာတစ်ခုအပေါ်မြေပြိုကျ၍ ကလေးငါးဦးသေဆုံး**
(ကွာလာလမ်ပူ၊ မေ ၂၁)
မလေးရှားနိုင်ငံအလယ်ပိုင်း ဆီလန်ဂါပြည်နယ် ဟူလူလန်ဂတ်ခရိုင်ရှိ မိဘမဲ့ကလေးများဂေဟာတစ်ခု တည်ရှိနေရာ၌ စနေနေ့က မြေပြိုမှု ဖြစ်ပွာခဲ့ရာ ကလေး ၂၀ နှင့် လူကြီးလေးဦးတို့သည် ပြိုကျခဲ့သော ရွှံ့နွံများအောက်သို့ ရောက်ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြေပြိုမှုကြောင့် သေဆုံးခဲ့ရသော အသက်ရှစ်နှစ်မှ ၁၇ နှစ်အကြာား ယောက်ျားလေး ငါးဦးတို့၏ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည့် အသက် (၃၀) အရွယ် မိဘမဲ့ဂေဟာကြီးကြပ်သူတစ်ဦးနှင့် ယောက်ျားလေး ခြောက်ဦးတို့ကို ရွှေံ့မြေများအောက်မှ ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရသည်။ (အေအက်ပီ)
**အပြည်ပြည်ဆိုင်ရာဗုဒ္ဓပြတိုက် သီရီလကာင်္နိုင်ငံ၌ ဖွင့်လှစ်**
(ကိုလံကဘို၊ မေ ၂၁)
ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူသည့် နှစ်ပေါင်း ၂၆၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့လယ်ရှိ အပြည်ပြည်ဆိုင်ဂာဗုဒ္ဓပြတိုက် ဖွင့်ပွဲကို မေ ၂၁ ရက် ကျင်းပခဲ့ရာအဆိုပါအခမ်းအနားကို သီရိလင်္ကာနိုင်ငံသမ္မတမဟင်ဒရာရာဂျာပတ်စာ တက်ရောက်ပြီး ပြတိုက်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ ပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာရေးရာ ညွှန်ကြားရေးမှူး ဂါမဏီဘန္ဒရာက ပြောကြားရာတွင် ဗုဒ္ဓပြတိုက်တည်ဆောက်ရာ၌ အမေရိကန်ဒေါ်လာ အ ဒသမ ၈၂ သန်းကုန်ကျပြီး တရုတ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားတို့အပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံတို့မှလည်း ထည့်ဝင်လှူဒါန်ခဲ့ကြသည်ဟု ဆိုသည်။ (အမ်အင်အေ၊ဆင်ဟွာ)
စုစည်းဘာသာပြန်- ဟန်သစ်

No comments:
Post a Comment