(Crocodile hunting is a great side adventure to add to your Plains Game Safari, or you can book a great hippo hunting, crocodile hunting combination.)
**မိုဇမ်ဘစ်နိုင်ငံ ဇမ်လီဇီမြစ်အတွင်း မိကျောင်းများသောင်းကျန်းနေ**
(မာပူတို၊ မေ ၁၈)
အာဖရိကတိုက်၏စတုတ္ထအရှည်ဆုံးမြစ်ဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ ဇမ်လီဇီမြစ်အတွင်း မိကျောင်းများသောင်းကျန်းနေ သဖြင့် ဖမ်းဆီးရေးအဖွဲ့တစ်ဖွဲ့က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက မေ ၁၇ ရက်တွင် ရေးသားဖော်ပြသည်။ မိုဇမ်ဘစ်နိုင်ငံ ဆိုဖလာပြည်နယ်အ လယ်ပိုင်းရှိအဆိုမြစ်ကြီးအတွင်း၌ ပေ ၂၀ ရှည်မီကျောင်းကြီးများသွားလာကျက်စားလျက်ရှိကြောင်း၊ နေ့စဉ်ခွေး၊ ဆိတ်၊ ကျွဲ၊ နွားနှင့် လူများကို လိုက်လံတိုက်ခိုက်နေကြောင်း မိုဇမ်ဘစ် စိုက်ပျိုးရေးနှင့် ခရီးသွားဝန်ကြီးဌာနမှ ပြောကြားသည်။ (အင်တာနက်)
(Seven dead in China mine accident: state media…,
Seven people have been killed in a gas accident in a coal mine in southwest China, state media said Wednesday — the latest fatal incident to strike the nation’s notoriously dangerous collieries.)
**တရုတ်၌ ကျောက်မီးသွေး မိုင်းတွင်းပေါက်ကွဲမှုဖြစ်၊ ခုနစ်ဦးသေဆုံး**
(ကူမင်း၊ မေ ၁၈)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အနောက်တောင်ပိုင်းရှိ ဝေစင်းခရိုင်တွင် မေ ၁၇ ရက် ညပိုင်းက ကျောက်မီးသွေးမိုင်းတွင်းပေါက်ကွဲမှုဖြစ်ရာ ခုနစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မေ ၁၈ ရက်တွင်ပြောကြားသည်။ ဝေစင်းခရိုင် လောဘုမြို့ရှိကျောက်မီးသွေးတွင်း၌ မိုင်းလုပ်သား ၂၀ အလုပ်လုပ်နေစဉ် ည ၈ နာရီခွဲ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။ မိုင်းလုပ်သား ၁၃ ဦး မှာလွတ်မြောက်ခဲ့ပြီး ခုနစ်ဦး သေဆုံးခဲ့သည်။ (အင်တာနက်)
**ဆိုမာလီနိုင်ငံ၌ မိုးခေါင်ရေရှားမှုဘေးဒဏ်ကြုံတွေ့**
(ဆိုမာလီ၊ မေ ၁၈)
ဆိုမာလီတစ်နိုင်ငံလုံး လူဦးရေ၏ သုံးပုံတစ်ပုံမှာ မိုးခေါင်မှုဘေးဒဏ်ကို ကြုံတွေ့ခံစားနေရသည်ဟု လူမှုကူညီရေးအဖွဲ့များက မေ ၁၆ ရက်တွင်ပြောကြားခဲ့သည်။ လူမှုကူညီရေးအဖွဲ့ပေါင်း ၃၂ ဖွဲ့က ဆိုမာလီနိုင်ငံသည် စံတင်လောက်အောင် ဆိုးရွားသည့် မိုးခေါင်မှုဒဏ်ကိုကြုံတွေ့ရင်ဆိုင်နေရကြောင်း ပြောကြားကြသည်။ မိုးဦးနောက်ကျခြင်းနှင့် မိုးရွာသွန်းမှု နည်းပါးခြင်းတို့ကြောင့် မွေးမြူရေးခြံများမှ တိရစ္ဆာန်များမှာ သေဆုံးလျက်ရှိပြီး ကောက်ပဲသီးနှံ ဈေးနှုန်းများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ စားရေးသောက်ရေးအကျပ်အတည်း ဘေးအန္တရာယ်ကို ဆိုမာလီ ပြည်သူ ၂ ဒသမ ၄ သန်းခန့် ခါးစည်းခံနေရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ဆိုမာလီကလေးငယ် ၂၄၁၀၀၀ သည်လည်း အာဟာရချို့တဲ့နေကြောင်းလူမှုကူညီရေးအဖွဲ့များက ပြောကြားသည်။ (အင်တာနက်)
**ဘရာဇီးတွင် လေယာဉ်ပျက်ကျ၊ လေးဦးသေဆုံး**
(ရီယိုဒီဂျနေးရိုး၊ မေ၊ ၁၈)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မေ ၁၇ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါသူလေးဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက မေ ၁၈ ရက်တွင် အတည်ပြုပြောကြားသည်။ ယင်းလေယာဉ်မှာ ဆော်ပေါလိုမြို့မှ ကီလိုမီတာ ၁၉၂ အကွာရှိဆော်ပီဒရိုအနီး တောထူထပ်ရာ နယ်ပြေအတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကို ဘရာဇီးစစ်တပ်မှ လေယာဉ်နှစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်း၏ အကူအညီဖြင့် ဒေသခံရဲဝန်ထမ်းများနှင့် မီးသတ်ဌာနက ကယ်ဆယ်ရေး ပြုလုပ်ခဲ့ကြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**အာကာသသွားမည့် ခရီးသည်များ ပျံသန်းရေး ကြိုတင်စမ်းသပ်မှုပြုလုပ်**
(မော်စကို၊ မေ ၁၈)
လာမည့် ဇွန်လတွင် နိုင်င့တကာအာကာသစခန်းသို့ သွားရောက်မည့် အာကာသယာဉ်မှူးများနှင့် အာကာသခရီးသွားများသည် ရုရှားအာကာသလေ့ကျင့်သင်ကြားရေးစခန်း၌ ပျံသန်းရေးအစီအစဉ်များ ကြိုတင်စမ်းသပ်မှုပြုလုပ်နေကြပြီးဖြစ်ကြောင်း မေ ၁၇ ရက်တွင် ရုရှားအာကာသအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါအာကာသယာဉ်မှူးများတွင် ရုရှားအာကာသယာဉ်မှူး ဆာဂျီဗော့ကော့ဗ်၊ ဂျပန်အာကာသယာဉ်မှူး ဆာတိုချီဖူကူဝါနှင့် အမေရိကန်အာကာသယာဉ်မှူး မိုက်ကယ်ဖော့ဆူနာတို့ပါဝင်ကြသည်။ ၄င်းတို့နှင့်အတူ ရုရှား၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံတို့မှ အာကာသခရီးသွား သုံးဦးလည်း လိုက်ပါကြမည်ဟု ဆိုသည်။ (အင်တာနက်)
**စက်ရုပ်သင်္ဘောဖြင့် တိုက်တန်လပေါ်ရှိ မြစ်ကို စူးစမ်းလေ့လာမည်**
(နာဆာ၊ မေ ၁၈)
စေတန်ဂြိုဟ်၏ အရံလတစ်စင်းဖြစ်သည့် တိုက်တန်းလပေါ်တွင် မြစ်တစ်စင်းရှိရာ ၄င်းမြစ်တွင် စူစမ်းသွားလာမည့် စက်ရုပ်သင်္ဘောတစ်စင်းကို နာဆာအင်ဂျင်နီယာများက တည်ဆောက်နေပြီဖြစ်ကြောင်း မေ ၁၇ရက်တွင် သတင်းဖော်ပြထားသည်။ စေတန်ဂြိုဟ်၏ အရံလမျက်နှာပြင်တွင် အီသိန်းနှင့်မီသိန်းဓာတ်ငွေ့များပါဝင်သည့် မြစ်တစ်စင်းရှိကြောင်း၊ ၄င်းမြစ်သို့ စက်ရုပ်သင်္ဘောစေလွှတ်ပြီးလအတန်ကြာသတင်း အချက်အလက်များ စုဆောင်းမည်ဖြစ်ကြောင်း၊ လေနှင့်လှိုင်းမျာဖြစ်ပေါ်နေမှုကိုလည်း လက်တွေ့စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နာဆာကပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မြင့်မောင်စိုး၊ မိုးမြင့်လင်းလက်၊ ဇော်ဦးခိုင်

No comments:
Post a Comment