**ညီမလေးက...... အမြဲတမ်း....င့ါအလွမ်းမှာစိုက်ဝင်နေတဲ့ဓါး
အချစ်ဆိုတာ
အဓိပ်ပါယ်ရှိပေမယ့်
ဖွင့်ဆိုလို.မရတဲ့ အရာမျိုး ညီမလေးရ
ရနံ.ကိုရပေမယ့်
ဒြပ်ကိုဖမ်းဆုပ်မရတဲ့ပဉ္စလက်မျိုး
တစ်ခါတစ်ခါ
လေမှာပွင့်တဲ့ နှင်းဆီရဲ့အရောင်
တိမ်တွေထဲဖြတ်ပျံသွားတဲ့ ငှက်တစ်ကောင်ရဲ့တေး
စမ်းချောင်းလေးပေါ်မျောပါနေတဲ့ လရိပ်မျက်ရည်.............
ညှို့ကိုဆွဲပြီး
မပစ်လွတ်ခဲ့တဲ့ မြားတစ်စင်း
အခုထိ
လေးကိုင်းမှာ နစ်မွန်းဆွံ.အ
ဟောဒီလက်ဖ၀ါးမှာ ပန်းမပွင့်တဲ့ အရေးအကြောင်းဟာ
ဟောဒီရင်ဘတ်မှာသေရာပါမယ့် ခေါင်းလောင်းထိုးသံပဲ...............။
**ကောင်းကင်တော်က
မိုးစက်မိုးမှုန်လေးတွေ တဖွဲဖွဲ
သံယောဇဉ်သဲသဲမဲမဲ ရာသီ
စံပယ်တွေရယ်မောတတ်ခါစ
ညီမလေးရဲ့
သနပ်ခါးရနံ.နဲ. အတူမွေးပျံ.ဆွတ်ရီ
ဖြည်းဖြည်းချင်း
ဘုရားစေတီ လှေကားထစ်တွေအတိုင်း
နှလုံးသားထိဆင်းသက်လာတဲ့ခြေလှမ်း
ငါတစ်မြို.လုံး
စကားဝါပန်းတွေလွှမ်းပွင့်သီ.....

အလွတ်လပ်ဆုံး
တစ်ပွင့်တည်းသောအပြုံးနဲ့ ပစ်ခတ်လိုက်တဲ့ကျည်ဆံ
လေထဲက ငှက်ကလေးကိုထိမှန်သွား....
အညင်သာဆုံး
စကားတစ်လုံးထဲနဲ့ပြုစားလိုက်တဲ့ မှော်
ကမ္ဘာပေါ်ကကျောက်တုံးတွေအားလုံးအရည်ပျော်သွား
နေ.တွေညတွေဟာ
ညီမလေးပစ်ချခဲ့တဲ့အိပ်မက်တစ်သောင်းနဲ.
ကောင်းကင်ကြီးပြာသထက်ပြာခဲ့ပေါ့
ညီမလေးကမြစ်
ငါကကမ်းပါးသစ်ပင်က ကြွေကျတဲ့သစ်သီး
သံယောဇဉ်တွေလူမသိသူမသိမျောပါစီးဆင်းရဲ.
တစ်နေပြီးတစ်နေ.
ညီမလေးက အင်ပါရာတွေချဲ.ထွင်
တစ်ခုပြီးတစ်ခု
ငါ့မှာခံတပ်တွေဆုံးရှုံးခဲ့
ညီမလေးကကြယ်စင်တွေညွတ်ခနေတဲ့လမင်း
ငါက
ဒုက္ခတွေလှိုင်းထနေတဲ့ ပင်လယ်
အချစ်ကနေမြင့်လေ အရူးရင့်လေ
နှလုံးသားက
ဟန်ဆောင်ကောင်းတဲ့ တာရိုးလည်း
တနေ.တော.မိုးပြိုနိုင်တာပဲ....
**ညီမလေးတံခါးက
စေ့ရုံ လားသော့အထပ်ထပ်လား
ဘ၀တွေ ခြားနေတော့
တစ်မြို့ထဲဆိုလဲ
ကြယ်တွေလို ဝေးမြဲဝေးနေတာပဲလေ
ကမ္ဘာမြေပေါ်
ငါစောင့်စားနေတဲ့တစ်စုံတရာအလင်းဟာ
ညီမလေးအမည်နဲ့သီချင်းဖြစ်မယ်
နှလုံးသားပေါ်
တဖွဲဖွဲကျနေတဲ. ဆောင်းနှင်းဟာ
ညီမလေးအမည်နဲ့အနုပညာဖြစ်မယ်
စိတ်လွတ်လက်လွတ်
ညီမလေးမျက်ဝန်းမှာကဗျာတွေ တစ်ပွင့်ပြီးတစ်ပွင့်ဆွတ်ချင်ရဲ့
လရောင်ညွတ်ကွင်းထဲ
စိတ်ချလက်ချ
ညီမလေးမျက်လွှာအောက်မှာတစ်ဘ၀စာငြိမ်းချမ်းချင်ရဲ့
ကြယ်စင်စမ်းချောင်းထဲ
အဲဒီလို
ငါကိုယ်ငါအလကာင်္တွေနဲ့ပိတ်လှောင်ထားအခန်းမှာ
ဆွံဆွံအအငှက်ကလေးပဲပျံသန်းနေတော.တာပဲ
အဲဒီအရိပ်နဲ့
ငါဟာစိတ္တဇ မီးသီးလေးတစ်လုံးလားမထွန်းရပဲအကြိမ်ကြိမ် ကျွမ်းသွားခဲ့
အဲဒီမှောင်မှာ
ငါဟာလှောင်မြိုက်လွယ်စမ်းချောင်းလေးတစ်ခုလား
မစီးဆင်ရပဲအလိုလိုခမ်းခြောက်ခဲ့တာ
မဖြစ်ဘူး
သက်ပြင်းတွေအမိုးလုပ်ထားတဲ. အိမ်လေး
ရင်ခုန်သံတွေ စည်ရိုးခတ်ထားတဲ့ အိမ်လေး
အားငယ်စိတ်တွေနဲ့ မီးခိုးအူးနေတဲ့ အိမ်လေးနံရံမှာ
မေတ္တာတရားဖြစ်ဖြစ်
အနုပညာဖြစ်ဖြစ်
ချိတ်ဆွဲဖို့သုတ်လိမ်းဖို့လိုအပ်နေတဲ့အိမ်လေးပါ။
**အကြိမ်ကြိမ်
ငါဟာအိပ်မက်ကလေးကိုဖေါက်ဖတ်ပစ်ဖို့
အကြိမ်ကြိမ်
ပျိုးထားတဲ့ ရင်ရနံ့ရဲ့ကတံခါးကိုဆွဲဖွင့်လိုက်ဖို့
အကြိမ်ကြိမ်
သိမ်းထားတဲ့အိပ်ရေးပျက်ညတွေရဲ့ အထုပ်ဖြေလိုက်ဖို့
အကြိမ်ကြိမ်
ကိုယ်သောက်တဲ့ဝိုင်ခွက်မှာကိုယ်တိုင်
ချာချာလည်နေတဲ့လိပ်ပြာ
ကိုယ်တားထားတဲ့စည်းမှာကိုယ်တိုင်
မီးဝိုင်းခံရတဲ့ရေနည်းငါး
မပြောလိုက်ရဘူး
နတ်ဘုရားတစ်ပါးပါးကပေးမဲ့စိတ်ကူးထက်
ညီမလေး မျက်ဝန်းက
အကြည့်နက်နက်ကိုပဲတပ်မက်စိတ်စောခဲ့တဲ့ဆိုတာ
မပြောလိုက်ရဘူး
ဗေသိုဗင်ရဲ့ဆင်ဖိုနီအားလုံးထက်
ညီမလေးနုတ်ခမ်းကအမှတ်တမဲ့လွတ်ကျလာတဲ့ဂီတကိုပဲပိုပြီး
နှစ်သက်ခဲ့တယ်ဆိုတာ.......
မပြောလိုက်ရဘူး
အ၀ါေ၇ာင်ဟယ်လင်မင်းသမီးလးရဲ့မာယာထက်
ညီမလေးမျက်နှာပေါ်က
အရိုးအတိုင်းပွင့်ဖူးနေတဲ့နားလည်ခြင်းကိုပဲပိုပြီး
ယုံခဲ့တယ်ဆိုတာ…။
**ညီမလေးရေ
ညတယောသံတွေထဲမှာ
ခရမ်းပြာမြင်းစီးထွက်သွားတဲ့
ငါ့လမင်းကိုပြန်ရှာမရတော့
ရင်နဲ့အပြည့်
နေစေ့လစေ့ကြယ်တွေတဖြုတ်ဖြုတ်ြေ ကွတယ်
အဲ့ဒီလို
ခြေဦးတည့်ရာမျက်ရည်ဝေ့၀ဲ
ဆေးလိပ်ငွေ့တွေရဲ့ခံယူမှုမှာ
ငါ နဲ့ညီမလေးဝေးကွာ
အဲ့ဒီလို
စိတ်ကူးတည်ရာကြိုးလျှော့ကြေကွဲလေတံခွန်တစ်စင်းရဲ့ခံယူမှုမှာ
ငါနဲ့ညီမလေးဝေးကွာ..
နောင်တဆိုတာ
အာဒမ်စားလိုက်တဲ့ပန်းသီးတစ်ကိုက်ရဲ့ ဈာပန
အခမ်းအနား
မီးတောက်တွေနဲ့ဆင်ယင်ကျင်းပခဲ့
မီးတောက်တွေနဲ့.....ဆင်...ယင်...ကျင်း...ပ...ခဲ့...ရ.....မှာ....တဲ့...လား..။
(ကူးယူဖော်ပြခြင်းသာ)
**ကျော်ခိုင် ၀င်း**

No comments:
Post a Comment