(Football News: Mourinho wants Chelsea star Drogba for Real Madrid · May 9 12:19 AM)** မော်ရင်ဟို ကဒရော့ဘာကို ခေါ်ယူရန် ပြင်ဆင်လာ**
(မက်ဒရစ်၊ မေ ၉)
မော်ရင်ဟိုကိုင်တွယ်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီး တိုက်စစ်မှူးဒရော့ဘာကို ခေါ်ယူရေးအတွက် ပေါင် ၁၀ သန်း အသုံးပြုသွားမည်ဟု ဆိုသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဖလားနှင့် စပိန်လာလီဂါဖလားတို့ကိုလက်လွှတ်လိုက်ရပြီဖြစ်ပြီး တစ်ရာသီစာအတွက် စပိန်ဘုရင့်ဖလား တစ်လုံးတည်းဖြင့်သာ ကျေနပ်လိုက်ရသည်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်တွင် ဘန်ဇီမာ နှင့် အဒီဘာယောတို့ ရှိနေသော်လည်း မော်ရင်ဟိုစိတ်ကြိုက်ဖြစ်မလာခဲ့၍ တပည့်ဟောင်းဒရော့ဘာကို ခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ချန်ပီယံဆုအတွက်ငွေကြေးသုံးစွဲရန်လိုအပ်ကြောင်း အာစင်ဝင်းဂါး ၀န်ခံ**
(လန်ဒန်၊ မေ ၉)
အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးက ချန်ပီယံဆုဖလားများရယူနိုင်ရန်အတွက် လုံလောက်သည့် ငွေကြေးသုံးစွဲမှုပြုလုပ်ရန်လိုအပ်ကြောင်း ပရီမီယာလိဂ်ပွဲစဉ် (၃၆) တွင် စတုတ်စီးတီးအသင်းကို ရှုံးပြီးနောက် ၀န်ခံ
ပြောကြားလိုက်သည်။
အာဆင်နယ်အသင်းသည် ယခုနှစ်ဘောလုံးရာသီနှင့်ပါဆိုလျှင် ဆုဖလားမရရှိသည်မှာ ခြောက်ရာသီတိတိ
ရှိခဲ့ပြီးဖြစ်သည်။ ယခုနှစ်တွင် အာစင်ဝင်းဂါးအနေဖြင့် ကားလင်းဖလားရရန် အခွင့်အရေးရရှိခဲ့သော်လည်း ပြိုင်ဘက်ဘာမင်ဂမ်အသင်းကို လျှော့တွက်ခဲ့၍ နောင်တကြီးစွာရခဲ့ရသည်။ အာစင်ဝင်းဂါးက မိမိအသင်းကို ယခုထက်ပိုမိုတောင့်တင်းသည့် အသင်းဖြစ်ကြောင်း၊ လာမည့်နွေရာသီဈေးကွက်ဖွင့်ချိန်တွင် ထုတ်ရောင်းသင့်သည့် ကစားသမားများကို ထုတ်ရောင်းပြီး လိုအပ်သည့် ဖြည့်ဆည်းမှုများကိုလည်းပြန်လည်ပြုလုပ်သွားရန် အဆင်သင့်
ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)
**အူဒီးနိစ်ကစားသမားဆန်ချက်ဇ်ကို မန်စီးတီးခေါ်ယူလို**
(မန်ချက်စတာ၊ မေ ၉)
မန်စီးတီးအသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင်ကစားသမားတစ်များ ၀ယ်ယူရန်ရှိနေရာ အူးဒီးနိစ်ကစားသမား ဆန်ချက်ဇ် မှာလည်းမန်စီးတီးအသင်းက ခေါ်ယူလိုနေသည့် အဓိကမစ်မှတ်ဖြစ်လာခဲ့ကြောင်းသိရသည်။
မန်စီးတီးအသင်းတွင် အဆင့်အတန်းမီကစားသမား အမြောက်အမြားရှိနေသော်လည်း နည်းပြမန်စီနီက ချန်ပီယံဆုအတွက် လုံလောက်သည့် နေအထားမဟုတ်သေးဟု ဆိုလာသည်။ ထို့ကြောင်မန်စီနီ အနေဖြင့် အသင်းပိုင်ရှင်ရှိတ်ခ်မန်ဆာကို အပူကပ်လျက် ၄င်းစိတ်ကြိုတ် ကစားသမားများကို ထပ်မံဝယ်ယူဖွယ်ူရှိနေသည်။ (အင်တာနက်)
**နာပိုလီနည်းပြ မက်ဇာရီအသင်း၌ ဆက်ရှိရန်မသေချာ**
(ရောမ၊ မေ ၉)
အီတလီစီးရီးအေကလပ် နာပိုလီအသင်း၏ နည်းပြမက်ဇာရီသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သိရသည်။
မက်ဇာရီသည် နာပိုလီအသင်းနှင့် ၂၀၁၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသည်။ ၄င်းက ယခုနှစ်ရာသီအကုန်တွင် မိမိ၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတစ်ဦးတည်း၏ တစ်ဖက်သက်ဆုံးဖြတ်မှုမျိုးကို ပြုလုပ်သွားမည်မဟုတ်ကြောင်း ပြောကြားသည်။ အသက် (၄၉) နှစ်ရှိ မက်ဇာရီသည် နာပိုလီအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ကိုင်တွယ်ခဲ့ပြီး ၄င်းစတင်ကိုင်တွယ်သည့်နှစ်မှာပင် အသင်းကို အဆင့် (၆) နေရာရအောင် ပို့ဆောင်ပေးခဲ့သည်။ (အင်တာနက်)
**စုစည်းဘာသာပြန်- ဟန်သစ်
(Football News: Mourinho wants Chelsea star Drogba for Real Madrid · May 9 12:19 AM)
** မော်ရင်ဟို ကဒရော့ဘာကို ခေါ်ယူရန် ပြင်ဆင်လာ**

No comments:
Post a Comment