**Public Health**
အချိုရည်များ (cordials) ကို ကျန်းမာရေး အတွက် သင့် တော်တဲ့ ဖျော်ရည် အဖြစ် ယူဆလေ့ မရှိပါဘူး။ အစားအစာ များလို့ မယူဆ ပါဘူး။ ဒါပေမယ့် ယင်းက အစာအိမ် ကျန်းမာရေး အတွက် အရေးပါ နိုင်ပြီး ဝမ်းဗိုက် ထဲရှိ ပိုးများ ကို သတ်ပစ် နိုင်ပါတယ်။ ချားလ်စ် စတတ် တက္ကသိုလ် အဏု ဇီဝ ပညာရှင် ဒေါက်တာ ဟိတာ ကာဗင်နာ ကရက်စ် ဘယ်ရီနှင့် စပျစ်နက် အခြောက် ဖျော်ရည် များက ဝမ်းဗိုက် ပြဿနာ များကို ဖြစ်စေတဲ့ ဗက်တီးရီးယား ပိုးဆိုး အနည်း ဆုံး ၁၂ မျိုး လောက်ကို သတ်ပစ် နိုင်စွမ်း ရှိပါတယ်လို့ ဆိုတယ်။ ယင်းပိုးတွေ ထဲမှာ E.coil နှင့် salmonella မျိုးစိတ် အတော် များများ ပါဝင်တယ်။ ယင်း အချိုရည် မှန်ကန်တဲ့ ပမာဏကို ရေထဲ ရောလိုက် ခြင်းဖြင့် ရေထဲရှိ ဗက်တီး ရီးယား အရေအတွက် ကို လျော့ချ နိုင်ကြောင်း ကျွန်ုပ်တို့ အသေအချာ သိပါတယ်လို့ ဒေါက်တာ ကာဗင် နာက ပြောပါတယ်။

အရေးကြီးတဲ့ မေးခွန်း ကတော့ ဖန်ပြွန် ထဲမှာ ရရှိတဲ့ ရလဒ်ကောင်း တွေက လူ့အူလမ်းကြောင်း အထိ သယ်ဆောင် သွားမလား ဆိုတာပဲ ဖြစ်တယ်။ ရက်စ် ဘယ်ရီ (rasberry) နှင့် စပျစ်သီး အမဲ အခြောက် ဖျော်ရည် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါဝင်တဲ့ အချိုရည်ကို အချိုရည် တစ်ဆ၊ ရေ ၁၀ ဆ ရောလိုက် တဲ့တိုင် ဗက်တီးရီးယား ပိုးများကို တိုက်ထုတ် နိုင်ပါ လိမ့်မယ်။
**Slip Knot**

No comments:
Post a Comment