**ဒိုလေးဟက်ထရစ်သွင်းပြီး ရီးရဲတို့ နိုင်ပွဲရ**
(မက်ဒရစ်၊ မေ ၁၁)
စပိန်လာလီဂါပွဲစဉ်များကို မေ ၁၁ ရက် နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဒီပို့တီဗိုနှင့် ဘီလ်ဘာအိုတို့ပွဲတွင် ဒီပို့တီဗိုက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရပြီး ဂီတာဖေးလ်တို့ပွဲတွင် ရီးရဲမက်ဒရစ်က လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ရီးရဲမက်ဒရစ်နှင့် ဂီတာဖေးလ်တို့ပွဲတွင် ရီးရဲမက်ဒရစ်တို့က အိမ်ကွင်း၌ ကစားကွက်အသာဖြင့် အပေါ်စီးမှ ကစားနိုင်ခဲ့သည်။ ရီးရဲမက်ဒရစ်အတွက်ဂိုးများကို စီရိုနယ်ဒိုက ၂၄ မိနစ်၊ ၅၈ မိနစ်တို့၌ နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့သည်။ ပွဲချိန် ၇၇ မိနစ်၌ မိနစ် ၌ ဘင်ဇီမာက တစ်ဂိုးသွင်းယူပေးခဲ့ပြီး ရီးရဲမက်ဒရစ်အတွက် စတုတ္တဂိုးကို ၉၄ မိနစ်၌ ပယ်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် စီရိုနယ်ဒိုက သွင်းယူကာ ဟက်ထရစ်ရယူခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**မန်စီးတီးတို့ စပါးကိုနိုင်၊ ချန်ပီယံလိဂ် ပထမဆုံးဝင်ခွင့်ရ**
(လန်ဒန်၊ မေ ၁၁)
ပရီးမီးယာလိဂ် ပွဲကျန်တစ်ပွဲဖြစ်သည့် မန်စီးတီးနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မန်စီးတီးက တစ်ဂိုး- ဂိုးမရှိဖြင့် နိုင်ပြီး ပထမ ဆုံး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည့် အမှတ်ပေးဇယားနံပါတ် (၄) နေရာအတွက် သေချာ သွားပြီဖြစ်သည်။
မန်စီးတီးအတွက် အနိုင်ဂိုးကို စပါးတိုက်စစ်မှူး ပီတာခရော့ခ်ျက ပွဲချိန်မိနစ် ၃၀ တွင် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းစပါးတို့ ပထမပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။ (အင်တာနက်)
**ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲ၌ တရုတ်အမျိုးသမီးအသင်း ဗိုလ်စွဲနိုင်**
(ရော့တာဒမ်၊ မေ ၁၁)
တရုတ်စားပွဲတင် တင်းနစ်ကစားသမားများသည် ကမ္ဘာ့စားပွဲတင် တင်းနစ်ချိန်ပီယံပြိုင်ပွဲ၌ ဗိုလ်စွဲနိုင်ကြောင်း စင်ကာကူအမျိုးသမီးစားပွဲတင် တင်းနစ်အသင်းနည်းပြချုပ် ကျူစုဆင်က မေ ၁၀ ရက်၌ ထုတ်ဖော်ပြောကြားသည်။
နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့၌ ကျင်းကမည့် ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲ၌ တရုတ်အမျိုးသမီး ကစားသမားများသည် လက်စွမ်းထက်မြက်ကြသူများဖြစ်ပြီး ပြိုင်ဘက်များကိုအနိုင်ယူကာ ဗိုလ်စွဲနိုင်မည်ဟု ၄င်းက ပြေကြားသည်။ (အင်တာနက်)
**နူရီဆာဟင်ကို ယူရို ၁၀ သန်းဖြင့် ခေါ်ယူရန် ရီးယဲလ် သဘောတူညီမှုရရှိ**
(မက်ဒရစ်၊ မေ ၁၀)
ရီးယဲလ်မက်ဒရစ်အသင်းသည် ဒေါ့မွန်ကွင်းလယ်ကစားသမား နူရီဆာဟင်ကို ယူရို ၁၀ သန်းဖြင့် ခေါ်ယူရန သဘောတူညီမှုရရှိခဲ့ပြီးဟု ဆိုသည်။
အသက် (၂၂) နှစ်ရှိ အဆိုပါ တူရကီ ကွင်းလယ်ကစားသမားကို ရီးယဲလ်မက်ဒရစ်အနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်သည်နှင့် စာချုပ်သွားမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် နူရီဆာဟင်သည် ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ရီးယဲလ် မက်ဒရစ်အသင်းသည် ၄င်းကို ငါးနှစ်စာချုပ် ချုပ်ဆိုသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ နူရီဆာဟင်သည် လာမည့်နှစ် ဘောလုံးရာသီအတွက် မော်ရင်ဟို ပထမဦးဆုံးခေါ်ယူမည့် ကစားသမားဖြစ်လာမည်ဟု သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်၊ ဟန်သစ်

No comments:
Post a Comment