ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 16, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**ဂန္ထ၀င်တိုက်စစ်မှူး ရော်နယ်ဒို ဘောလုံးပြန်ကစားမည်**
(ဘရာဆီးလီးယား၊ မေ ၁၄ )
ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ရော်နယ်ဒိုသည် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းတွင် ပြန်ကစားလိမ့်မည်ဖြစ်ကြောင်း ၄င်းအသင်းဥက္ကဌ အန်ဒရက်ဆန်ချက်က မေ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တိုက်စစ်မှူး ရော်နယ်ဒိုသည် ဘရာဇီးအသင်းနှင့်အတူ ၁၉၉၄ နှင့် ၂၀၀၂ ခုနှစ်တို့တွင်ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။ ၄င်းသည် မကြာသေးမီက ဘောလုံးကစားခြင်းမှ အနားယူခဲ့သည်။ သို့သော် ကိုရင်သီယန်အသင်းတာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်အရ ရော်နယ်ဒိုသည် ဘောလုံးကစားခြင်းဖြင့် သူ့ဘ၀တစ်ကို ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိသည်။ ကိုရင်သီယန် အသင်းက ၄င်းအား ၂၀၁၂ ခုနှစ် နှစ်လယ်အထိ စာချုပ်ချုပ်ဖွယ်ရှိသည်။ (အင်တာနက်)

**ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး အောတင်တော့ပ် အား ရီးရဲမက်ဒရစ်ခေါ်ယူရန် စိတ်ဝင်စားနေ**
(မက်ဒရစ်၊ မေ ၁၄ )
ဘိုင်ယန်မြူးနစ် ကစားသမားအောတင်တော့ပ်အား ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဌ ကားလ်ဟိန့်ဇ်က အတည်ပြုပြောကြားသည်။
အောတင်တော့ပ်သည် ယခုနှစ်ရာသီကုန်လျှင် ဘိုင်ယန်မြူးနစ်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကုန်ဆုံးမည်ဖြစ်သည်။ ယင်းအတွက် ရီးရဲမက်ဒရစ် နည်းပြ မော်ရင်ဟိုက အရခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။
တိုက်စစ်မှူး အောတင်တော့ပ်သည် ယခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် အစပွဲ သုံးပွဲသာပါဝင်ကစားခဲ့ရသည်။ ယင်းအတွက် ဘိုင်ယန်မြူးနစ်တွင် ဆက်လက်စာချုပ်ရန် အောတင်တော့ပ်က ငြင်းဆိုခဲ့သည်။ (အင်တာနက်)

**တောင်ကိုရီးယားရုပ်ရှင်မင်းသမီးအီဂျီအက်နှင့် အဆိုတော်ဆိုတေဂျီတို့ကွာရှင်းပြီ**
(ဆိုးလ်၊ မေ ၁၄)
တောင်ကိုရီးယားမှ နာမည်ကြီးအဆိုတော် ဆိုတေဂျီနှင့် တောင်ကိုရီးယားရုပ်ရှင်မင်းသမီး အီဂျီအက်တို့သည် မေ ရက်၌ တရားဝင် ကွာရှင်းလိုက်ကြပြီဖြစ်သည်။
အဆိုတော်တေဂျီအက်တို့သည် ၁၉၉၇ ခုနှစ် အောက်တိုဘာလ နှစ်ဦးတဘောတူ တရားရုံး၌ လက်မှတ်ရေးထိုးကာ လက်ထပ်ခဲ့ကြသူများဖြစ်ကြပြီး ၂၀၀၀ ပြည့်နှစ် ဇွန်လမှစတင်ကာ သီးခြားစီ နေထိုင်ခဲ့ကြသူများဖြစ်သည်။
မိမိတို့နှစ်ဦးသည် ကိုယ်ရေးကိုယ်တာကိစ္စများနှင့် အနာဂတ်အစီအစဉ်များအပေါ် သဘောထားကွဲခဲ့ကြပြီး ညှိနှိုင်း၍မရသည့်အတွက် တရားဝင်ကွာရှင်းလိုက်ကြခြင်းဖြစ်ကြောင်း အဆိုတော်ဆိုတေဂျီက ပြောကြားသည်။ ရုပ်ရှင်မင်းသမီး အီဂျီအက်ကလည်း မိမိတို့တရားဝင်ကွာရှင်းပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြခဲ့သည်။ (အင်တာနက်)

**တောင်ကိုရီးယားမင်းသားဘေယောင်ဂျွန်၊ငလျင်ဘေးသင့်သူများအတွက် ငွေလှူဒါန်း**
(ဆိုးလ်၊ မေ ၁၄)
တောင်ကိုရီးယား ရုပ်ရှင်မင်းသား ဘေယောင်ဂျွန်သည် ဂျပန်နိုင်ငံရှိ ငလျင်နှင့် ဆူနာမီဘေးဒဏ်ကြုံတွေ့ခဲ့ရသူ ပြည်သူများအတွက် ၀မ်တစ်ဘီလီယံလှူဒါန်းလိုက်ကြောင်း တေယောင်ဂျွန်က မေ ၉ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုတစ်ရပ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း ဘေယောင်ဂျွန်က ပြောကြားသည်။ တောင်ကိုရီးယား ရုပ်ရှင်မင်းသား ဘေယောင်ဂျွန်သည် အသက် ၃၉ နှစ်အရွယ်ရှိပြီး ဂျပန်ပရီသတ်များအကြား Winter So- nata ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲ့သူဖြစ်သည်။
ထို့အတူ တောင်ကိုရီးယား သရုပ်ဆောင် ရူစီဝမ် ၃၉ နှစ်ကလည်း ဂျပန်နိုင်ငံ ငလျင်နှင့်ဆူနာမီ ဘေးဒုက္ခကြုံတွေ့ရသူများအား ၀မ်သန်း ၂၀၀ လှူဒါန်းခဲ့ပြီး သူကိုယ်တိုင်လည်း ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။ (အင်တာနက်)

စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ၊ ကောင်းမြတ်သူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)