(မေလ ၂၊၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်း ဖက်ချပွန်ခရိုင်ဘွန်းစံဖန်းမြို့နယ်ကန်းကျူ့ကျေးရွာအုပ်စု အိမ်အမှတ်၉၉ ကြက်သား စက်ရုံCompany GoldenLine BusinessCo.,Ltd အဓိကရုဏ်း ကို ဓါတ်ပုံဝင်ရိုက်ခဲ့သည့်ထိုင်းရဲထံမှမြန်မာအလုပ်သမားများလုယက်ယူငင်ခဲ့သည့်ပစ္စတိုသေနတ်ကိုယမန့်နေ့ည
နေပိုင်းက အလုပ်သမားများဝိုင်းဝန်း ရှာဖွေ့ကြသဖြင့်တွေ့ရှိခဲ့ပြီးအလုပ်ရုံတာဝန်ရှိသူထံ သို့ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
ပြီးခဲ့သည့်ဧပြီလ ၂၇ နေ့က အဆိုပါအလုပ်ရုံအစောင့်(ယမ်း)နှင့်ထောင်ချီရှိသည့်မြန်မာအလုပ်သမားများအဓိ
ကရုဏ်းဖြစ်နေစဉ် ဓါတ်ပုံဝ င် ရိုက်သည့်အသက်၄၀ကျော်အရွယ်ထိုင်းရဲတစ်ဦးအား မြန်မာအလုပ်သမားများ
က၀ိုင်းဝန်းရိုက်သတ်ကြသည်။ကင်မရာကိုရိုက်ခွဲပြီး ပစ္စတိုတစ်လက်ကိုဖျောက်ဖျက်ပစ်ခဲ့ကြသည်။ရုံးခန်းတစ်
ခန်း ဟိုင်းလတ်နှင့်ဖိုးဝီးကား၎စီးတို့ အားရိုက်ခွဲခဲ့ကြသည်။
ပျောက်ဆုံးနေသည့် ထိုင်းရဲသေနတ်အား မတွေ့ ရှိပါက လာမည့်မေလ၃ရက်နှင့်၎ရက်နေ့ တွင် ထိုင်းရဲတပ်ဖွဲ့ ၀င်ရောက်မွှေနှောက်ရှာဖွေမည်ဖြစ်ကြောင်း မသင်္ခါသူများအားဖမ်းဆီးအရေးယူမှုများရှိပါက စက်ရုံမှတာဝန်
မယူနိုင် ကြောင်း အလုပ်သမားများအား အလုပ်ရုံမှပြောဆိုထားသည်။
ယမန့် နေ့ညနေ၅နာရီကျော်ခန့် ကမြန်မာအလုပ်သမားများအားစည်းဝေးတိုင်ပင်ပြီး အလုပ်သမား၄၀၀ ခန့်
ဝိုင်းဝန်းရှာဖွေခဲ့ကြသည်။
အလုပ်သမားကိုရဲက“ ကျနော်တို့ ကြိုးစားပြီးရှာကြတယ် ကိုဖြိုးဆိုတဲ့အလုပ်သမားတစ်ယောက်က အမျိုးသမီးအိမ်သာရှေ့ ကမြက်တောထဲက ရတယ်။မန်နေဂျာက သူကို ရုံးခန်း ကိုခေါ်သွားပြီးတော့ ဆုငွေအဖြစ် ဘတ်ငွေ၂၀၀၀ ပေးတယ်၊ပြီးတော့ အဲဒီပြဿနာတက်တဲ့ နေ့က ကျနော့်အမျိုးသမီးနွယ်ဦးနဲ့ ကျနော့်ညီမလေးပန်းအိတို့ က မန်နေဂျာရဲ့ကားကို အလုပ်သမားတွေဝိုင်းဖျက်ဆီးဖို့ လုပ်တာကို တားမြစ်ခဲ့တဲ့အတွက်ဆိုပြီး တစ်ယောက်ကိုဘတ်တစ်ထောင်စီပေးပါတယ်” ဟုပြောသည်။
အလုပ်သမားများဝိုင်းရိုက်ခံခဲ့ရသည့်ထိုင်းရဲမှာဆေးရုံတင်ခဲ့ရသည်။ဧပြီ၃၀ရက်နေ့တွင်မြန်မာသံရုံးမှတာဝန်ရှိ
သူများသွားရောက်တွေ့ဆုံခဲ့ကြောင်းအလုပ်သမားများပြောပြချက်အရသိရှိရသည်။မြန်မာအလုပ်သမားများနှင့်
အခင်းဖြစ်ပွားခဲ့သည့် အစောင့်(ယမ်း)များကိုလည်းအလုပ်ရုံမှထုတ်ပယ်လိုက်ပြီးဖြစ်သည်။
အလုပ်သမားကိုကျော်ကျော်က“ မြန်မာသံရုံက ဧပြီလ ၃၀ ရက်နေ့ ကကျနော်တို့ အလုပ်ရုံဂိတ်ပေါက်ကို
ရောက်နေပြီဆိုပြီး ကျနော့်ကိုဖုန်ုး ဆက်ခဲ့တယ်၊လူချင်းတော့တွေ့ ခွင့်မရလိုက်ဘူး။ဘာမှမစိုးရိမ်ကြဖို့ ပြော
ခဲ့တယ်၊ဘာလုပ်ပေးမယ်ဆိုပြီး တော့ မပြောခဲ့ပါဘူး။ခုအလုပ်ရုံ၎ရက်နေ့ အထိပိတ်ထားတယ်။ဒီနေ့ စက်ရုံ ပိုင်ရှင်သူဌေးတွေကြက်ရုပ်ကိုပူဇေါ်ကန်တော့ပွဲလုပ်ကြတယ်၊အခြားပြဿနာတော့ဘာမှမရှိပါဘူး”ဟုပြောဆို
သွားသည်။
အဆိုပါအလုပ်ရုံတွင် မြန်မာအလုပ်သမားငါးထောင်ကျော်ခန့် ရှိပြီး အစောင့်(ယမ်း)များက မြန်မာအလုပ်သမ
ငယ်များအားမဖွယ်မရာကိုင်တွယ်ခြင်း၊နောက်ပြောင်းခြင်းများရှိခဲ့ကြသည်။ထို့ အပြင် နောက်ထပ်အလုပ်သမား များမကျေနပ်ကြသည့်အကြောင်းတစ်ချက်မှာ ပြီးခဲ့သည့်ဧပြီလ ၉ရက်နေ့ ကစက်ရုံဝင်းအတွင်းစက်ဘီး စီးပြီးသွားနေသည့်ပဲခူးတိုင်းဝေါမြို့နယ်မြစ်ကျွန်းမှ အသက်၃၀ကျော်အရွယ်၊ ကိုဝင်းအောင်ဆိုသူအား ထိုင်းအလုပ်သမားတစ်ဦးကမော်တော်ဆိုင်ကယ်ဖြင့်တိုက်မိခဲ့သဖြင့် ဦးခေါင်းကိုပြင်း ထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
လူနာမှာ ယခုအထိဆေးရုံပေါ်တွင်ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကိုမှ မမှတ်မိတော့ပေ။ ဥဏှောက်မှတ်ဉာဏ် လုံးဝပျက်စီးသွားခဲ့ပြီးဖြစ်ကြောင်းအလုပ်သမား ကိုရဲကပြောသည်။ ထိုအလုပ်သမားအတွက်မြန်မာအလုပ်သမားများကစုပေါင်းကောက်ခံပြီးဆေးဝါးကုသပေးနေကြသော်လည်း
အလုပ်ရုံမှ မည်သို့ မှဖေါ်ထုတ်အရေးယူ ကူညီခြင်းမရှိသည်ကို မကျေနပ်ကြကြောင်းသိရသည်။ယခုနောက်ဆုံး
အခြေအနေအရ ယနေ့ အဆိုပါ ကုမ္ပဏီတွင်ကြက်ကန်တော့ပွဲကျုင်းပသဖြင့်အလုပ်သမားများအားလုံးတို့ အားနံနက်စာထမင်းကျွေးကြောင်းသိရှိရသည်။ပျောက်ဆုံးနေသည့်ထိုင်းရဲ၏သေနတ်ကိုပြန်လည်ရရှိသဖြင့် အလုပ်ရုံလူကြီးများကအထူးဝမ်းမြောက်ကြကြောင်းသတင်းရရှိသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment