ကောင်မလေးတစ်ယောက်က အသက် (၂၁)နှစ်အရွယ်မှာ ပထမဆုံး ဒီလိုရေးခဲ့တယ်။
ရုပ်ချော၊ ဥစ္စာပေါ၊ မကြာခဏ ငါ့ကိုပျော်ရွှင်အောင် surpriseလုပ်နိုင်ပြီး ပြောသမျှကို နားထောင်ပေးနိုင်သူဖြစ်ရင် ရပြီ။
(၃၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ကြည့်ကောင်းရုံဆိုရပြီ အကောင်းဆုံးက ဆံပင်တွေရှိနေဖို့ပဲ။
လက်သိပ်မစီးဘဲ တစ်ခါတလေ အစားကောင်းတွေ ခေါ်ကျွေးရင်ရပြီ။
ငါပြောတဲ့ဟာသတွေကို နားထောင်ပြီး ရယ်သင့်တဲ့အချိန်မှာ ရယ်ရင်ရပြီ။
အနည်းဆုံးတော့ ငါ့မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့ရင်ရပြီ။
(၄၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ထိပ်ပြောင်ချင် ပြောင်ပါစေတော့ ရုပ်ရည်အသင့်သင့်ရှိသေးရင် ရပြီ။
တည်မြဲတဲ့အလုပ်ရှိပြီ ကြာကြာတစ်ခါ ငါ့ကို KFCလေး ကျွေးနိုင်ရင်ရပြီ။
ဟာသတွေ ခံစားတတ်ရင်ရပြီ။
ဖောက်တံရှိမှ ဖောက်လို့ရတဲ့ရှန်ပိန်မျိုး ဝယ်ရလောက်အောင် မတုံးသေးပါစေနဲ့။
ပြောစကားကို နားထောင်ပေးနိုင်ရင်ရပြီ။
(၅၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
တစ်ခါတလေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ရိတ်ရင်ရပြီ။
တစ်ခါတလေ ထမင်းဟင်းလေး ဝယ်ပြန်လာရင်ရပြီ။
ပြောပြီးသားစကားကို n ကြိမ်မြောက် မပြောရင်ရပြီ။
ရုံးပိတ်ရက်တွေမှာ ဆိုဖာက ခွါနိုင်ရင်ရပြီ။
ငါစကားပြောတဲ့အချိန် အိပ်မပျော်သွားရင်ရပြီ။
(၆၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
သူ့ကိုတွေ့လို့ ကလေးတွေ မလန့်ရင်ရပြီ။
ဘာရောဂါ ထွေထွေထူးထူး မရှိရင်ရပြီ။
ဘာအတွက်ရယ်မောတာလဲဆိုတာ မှတ်မိရင်ရပြီ။
ရပ်နိုင်ရင်၊ ပြောတဲ့စကားကို ကြားနိုင်ရင်ရပြီ။
(၇၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
အသက်ရှင်နေသေးတာပဲ ကောင်းတယ်။ အသက်ရှင်နေသေးတာပဲ ကောင်းတယ်။
အသက်ရှင်နေသေးတယ်ဆိုရင်ပဲ ရပြီ။ တခြားဟာတွေ ကောင်းနေသေးတယ်ဆိုရင် ရပြီ။
ဘယ်လိုပြောရမလဲ !
ရုပ်ချော၊ ဥစ္စာပေါပြီး ရိုမန်တစ်ဆန်လည်း ကောင်းတယ်။ ဒါပေမယ့် ဒါတွေက အရေးမကြီးတော့ဘူး။ အရေးကြီးတာက ကြင်နာနေဖို့ပဲလိုတယ်။ အချိန်တွေတိုက်စားပြီး အမြှုပ်အဖြစ်ကျန်ခဲ့ပါစေ အဓိကက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာရှိနေသေးရင်ရပြီ။
好男人的标准
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment