**၀က်(စ်)လေရုနိုက်ဒါ အင်တာမီလန်၌ ဆက်ကစားမည်**
(လန်ဒန်၊ ဇွန် ၁၂)
အင်တာမီလန်ကစားသမား ၀က်(စ်) လေရှနိုက်ဒါသည် လက်ရှိအင်တာမီလန်အသင်းတွင် ဆက်လက်ကစားရန် ဆန္ဒရှိကြောင်း ထ အခိုင်အမာပြောဆိုလိုက်ခြင်းဖြင့် ၄င်းအပေါ် ထင်ကြေးပေးနေမှုများလည်း အဆုံးသတ်ခဲ့ရပြီ ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ရှနိုက်ဒါအား ချယ်လ်ဆီးနှင့် မန်ယူတို့က ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည်။ သို့သော်၎င်းက ဆန်စီရို၌သာ ဆက်လက်နေမည်ဟု အခိုင်အမာပြောကြားလိုက်သည်။ နယ်သာလန်ကစားသမား ရှနိုက်ဒါသည် ၂၀၀၉ ခုနစ် နွေရာသီ အင်တာမီလန်အသင်းသို့ ရောက်ရှိလာရာ အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီူ ၂၅ ပွဲကစားရာတွင် လေးဂိုးသွင်းယူခဲ့သည်။ (အင်တာနက်)

**ပရိသတ်အားပေးမှုအရှိဆုံးဟောလိဝုဒ် မင်းသမီးမီဂန်ဖော့စ်**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၂)
ဟောလိဝုဒ်၏ လူငယ်အမျိုသမီးသရုပ်ဆောင်များအနက် ပရိသတ်အားပေးမှုအရှိဆုံးသရုပ်ဆောင်တစ်ဦးမှာ အိုင်ယာလန်နှင့် ပြင်သစ်ကပြားအမေရိကန်နိုင်ငံသူ မီဂန်ဖော့စ်ပင်ဖြစ်သည်။ ၂၀၁၁ ခုနစ် မေလအတွက် ပရိသတ် ဆန္ဒသဘောထားများကို People မဂ္ဂဇင်းကရယူခဲ့ရာ မီဂန်ဖော့စ်မှာ လူကြိုက်အများဆုံး လူငယ်အမျိုးသမီးသရုတ်ဆောင်အဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် မီဂန်ဖော့စ်သည် ငါးနှစ်အရွယ်မှ စတင်ကာ အကနှင့်ဒရာမာများကို နေထိုင်ရာကင်ဆက်ပြည်နယ်ရှိ ကင်းစတန်သိပ္ပံ၌ လေ့လာသင်းကြားခဲ့သူဖြစ်သည်။ ထို့နောက် အသက် ၁၀ နှစ်အရွယ် တွင် ဖလော်ရီဒါပြည်နယ်သို့ မိသားစုပြောင်းရွှေ့နေထိုင်ခဲ့ပြီး မောရင်းအိုင်ဒီအနုပညာ အကယ်ဒမီ၌ ဆက်လက်လေ့လာဆည်းပူးခဲ့သည်။ အသက် ၁၅ နှစ်အရွယ်၌ Holiday in the Sun ရုပ်ရှင်ဇာတ်ကားတွင် စတင်ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိတ်သတ်များအားပေးခြင်းခံခဲ့ရသူ ဖြစ်သည်။ ထို့နောက်ပိုင်း ရုပ်ရှင်ကားများတွင် ဆက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ရာ Ocean Ave၊ What I Like About You၊ Two and a Half Men၊ The Help ဇတ်ကားများတွင် အောမြင်မှုများ ရရှိခဲ့သူခြစ်သည်။ ထို့အတူ ရုပ်ရှင်မင်းသမီးမီဂန်ဖော့စ်သည် မော်ဒယ်အဖြစ်လည်းအောင်မြင်ခဲ့ရာ FHM၊ Go၊ Maxim စသည့် နာမည်ကြီး မဂ္ဂဇင်းများတွင် မျက်နှာဖုံးမယ်အဖြစ် ဦးစားပေး ဖော်ပြခဲ့ရသူဖြစ်သည်။ ၂၀၀၉ ခုနစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးတစ်ဦးအဖြစ် ကမ္ဘာတစ်ဝန်းမှ ပရိတ်သတ်တစ်သန်းခန့်ကသဘောထား ဆန္ဒပေးရွေးချယ်ခဲ့ကြသည်။ (အင်တာနက်)
**ကလစ်ချီ အာဆင်နယ်မှ ထွက်ခွာဖွယ်ရှိ**
(လန်ဒန်၊ ဇွန် ၂၅)
အာဆင်နယ် ကွင်းလယ်ကစားသမား ကလစ်ချီသည် ယခုနှစ် နွေရာသီတွင် အသင်းမှထွက်ခွာနိုင်၍ အာဆင်နယ်က စိုးရိမ်ပူပန်လျက်ရှိသည်။ အသက် ၂၃ နှစ်အရွယ်ရှိ နာဆရီအား မန်ယူက ခေါ်ယူရန် ဆက်သွယ်ထားသလို ၀ဲနောက်တန်းကစားသမား ကလစ်ချီကိုလည်း လီဗာပူးက ခေါ်ယူရန်ကမ်းလှမ်းထားသည်။ အာဆင်နယ်အသင်းအနေဖြင့် လက်ရှိခေါင်းဆောင်ဖာဘရီဂတ်စ်ကိုလည်း ဆက်တက်ထိန်းထားရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အာဆင်နယ်အသင်းကြုံတွေ့နေရသည် ။ ကလစ်ချီသည် အာဆင်နယ်အသင်း ကွင်းလယ်၌ အထူးခြေစွမ်းပြကစားနေသော ဘောလုံးသမားတစ်ဦး ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment