** ဘောလုံးသမား လမ်းပတ်.ရုပ်သံကြေညာသူ ဘလိ(ခ်)ကလေနှင့် စေ့စပ်ပြီ**
(လန်ဒန်၊ ဇွန် ၁၆)
အင်္ဂလန်နှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်သည် ရုပ်မြင်သံကြားသတင်းကြေညာသူ ခရစ်တိုင်းဘလိ(ခ်) ကလေ (Christine Bleakley) နှင့် စေ့စပ်လိုက်ပြီဖြစ်ကြောင်း အောင်သွယ်တော်များက ဇွန် ၁၅ ရက်၌ ပြောကြားသည်။ ယင်းတို့စုံတွဲသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ဘလိ(ခ်)ကလေက လမ်းပတ်၏ လက်ထပ်ရန်ကမ်းလှမ်းမှုကို အံ့အားသင့်စွာလက်ခံလိုက်ပြီဖြစ်ကြောင်း မစ်ဘလိ(ခ်)ကလေ၏ အေးဂျင့်က ပြောကြားသည်။ သူတို့နှစ်ဦးသည် စေ့စပ်လိုက်ပြီဖြစ်သော်လည်း လက်ထပ်မင်္ဂလာအခမ်းအနားကို အလောသုံးဆယ်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း၊ ယင်းတို့စုံတွဲသည် ၂၀၀၉ ခုနစ်မှ စတင်ပြီး တစ်ဦးနှင့်တစ်ဦး ဆုံစည်းခဲ့ရာမှ ချစ်သူများဖြစ်ခဲ့ကြကြောင်း အေးဂျင့်က ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**ခုနစ်လုံးမြောက် ၀င်ဘယ်ဒန်ဖလားဆီရီနာဝီလျံ ကာကွယ်မည်ဟုဆို**
(လန်ဒန်၊ ဇွန် ၁၆)
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ လာမည့် ဇွန် ၂၀ ရက်မှ ဇူလိုင် ၃ ရက်အထိ ကျင်းပမည့် ၀င်ဘယ်ဒန်တင်းနစ်ချန်ပီယံပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဆီရီနာဝီလျံ (Serena Williams) သည် ခုနစ်လုံးမြောက် ၀င်ဘယ်ဒန်ဖလားကိုဆွတ်ခူးရန် အသင့်ပြင်ဆင်ထားကြောင်း ၄င်းက ပြောကြားသည်။ ဆီရီနာသည် ဇွန် ၁၄ ရက်က ပြန်လည်လေ့ကျင့်နေပြီးဖြစ်သည်။ သူမသည် ပြီးခဲ့သည့် နှစ်က ၀င်ဘယ်ဒန်ဖလားကို ၁၄ လုံးမြောက် ဂရင်းဆလမ်းဖလားအဖြစ် ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ဒဏ်ရာကြောင်း တစ်ပွဲမျှ ပါဝင်ယှဉ်ပြိုင်ကစားနိုင်ခြေမရှိခဲ့ပေ။ သူမ၏အဓိကပြိုင်ဘက် ဘယ်လ်ဂျီယံတင်းနစ်မယ် ကင်(မ်) ကလစ္စတားသည် ခြေထောက်ဒဏ်ရာရရှိထားသခြင်း ယင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဟုမဟုတ်ဟုဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး၊

No comments:
Post a Comment