**မိုက်ကယ်အိုဝင် မန်ယူနှင့်ထပ်မံစာချုပ်**
(လန်ဒန်၊ ဇွန် ၃)
တိုက်စစ်မှူး မိုက်ကယ်အိုဝင်အား မန်ယူက နောက်ထပ်စာချုပ်တစ်နှစ်ထပ်မံချုပ်ဆိုလိုက်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ မိုက်ကယ်အိုဝင်သည် ၂၀၁၀ - ၂၀၁၁ ဘောလုံးရာသီတွင် ၁၇ ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ မိုက်ကယ်အိုဝင်သည် ထိပ်တန်းတိုက်စစ်မှူးအဖြစ် ခြေးစွမ်းပြနိုင်ဆဲဖြစ်ကြောင်း နည်းပြဇာဂူဆန်က မှတ်ချက်ပြုထားသည်။ (အင်တာနက်)
**မင်းသား ကီတေးယောင်နှင့် မင်းသမီး ကင်ယိုးဂျင်တို့ ချစ်ခရီး**
(ဆိုးလ်၊ ဇွန် ၃)
တောင်ကိုရီးယားရုပ်ရှင်မင်းသား ကီတေးယောင်နှင့် တောင်ကိုရီးယားရုပ်ရှင်မင်းသမီးကင်ယိုးဂျင်တို့နှစ်ဦးသည် လာမည့်ဇူလိုင်လ၌ လက်ထပ်ကြတော့မည်ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ကီတေးယောင်နှင့် အသက် ၃၀ အရွယ် ကင်ယိုးဂျင် တို့သည် ၂၀၀၉ ခုနှစ်ကရိုက်ကူးခဲ့သော Creating Destiny အမည်ရှိ ကိုရီးယားဒရာမာဇာတ်ကား၌ အတူပါဝင်သရုပ်ဆောင်ရင်း သံယောဇဉ်တွယ်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦး၏ လက်ထပ်ပွဲကို ဇူလိုင် ၂၃ ရက်၌ကျင်းပရန် သတ်မှတ်ထားပြီး လက်ထပ်ပွဲအစီအစဉ်များနှင့် ပတ်သက်၍ မီဒီယာတွေ့ဆုံပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်သည်။ (အင်တာနက်)
**ဖူလ်ဟမ်နည်းပြ မား(စ်)ဟု နုတ်ထွက်**
(လန်ဒန်၊ ဇွန် ၃)
ဖူလ်ဟမ်နည်းပြ မား(စ်)ဟု ၁၁ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နည်းပြအဖြစ်မှ နုတ်ထွက်သွားပြီးဖြစ်သည်။ မား(စ်) ဟုအားနည်းပြ နေရာလစ်လပ်နေသော အက်စ်တွန်ဗီလာအသင်းက ဆက်သွယ်ထားသည်။ အသက် ၄၇ နှစ်အရွယ်ရှိ မား(စ်) ဟုက အက်စတွန်ဗီလာနည်းပြလုပ်ရန် ငြင်းဆိုထားသည်။ (အင်တာနက်)
**ပြင်သစ်အိုးပင်းတင်းနစ်ဖလားတရုတ်နှင့် အီတလီတင်းနစ်မယ် ဗိုလ်လုမည်**
(ပါရီ၊ ဇွန် ၃)
ပြင်သစ်နိုင်ငံ ပါရီမြို့ ရိုးလန်းဂါရို့စ် အားကစားကွင်း၌ မေ ၂၂ ရက်မှ ဇွန် ၅ ရက် အထိကျင်းပလျက်ရှိသည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် လီနာနှင့် လက်ရှိချန်ပီယံ အီတလီတင်းနစ်မယ် ဖရန်ဆက်ကာချီယာဗွန်းတို့ ဇွန် ၅ ရက်တွင် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ တရုတ်တင်းနစ်မယ်လီနာသည် အကြိုဗိုလ်လုပွဲတွင် ရုရှားတင်းနစ်မယ် ရှာရာပိုဗာအား ၆-၄၊ ၇-၅ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့ တက်လာခြင်းဖြစ်သည်။ လက်ရှိချန်ပီယံယာဗွန်းသည် ပြင်သစ်တင်းနစ်မယ် ဘာတိုလီအား ၆-၃၊ ၆-၃ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲ တက်လာခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ၊ ကောင်းမြတ်သူ

No comments:
Post a Comment