ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 24, 2011

ယခုလအတွင်း ထိုင်းနှင့် မလေးရှား နိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ

>
(ယာဉ်တိုက်မှု မြင်ကွင်း -ဓာတ်ပုံ - Manager Online)

(ဇွန်၂၄၊၂၀၁၁)

ဖြစ်ရပ် - ၁။ ။
ထိုင်းနိုင်ငံ တောင်ပိုင်း ပရာချွတ်ခီရီခန် (Prachuap Khiri Khan) ခရိုင်၊ ဘန်းစဖန် (Bang Saphan) မြို့နယ်တွင် ယမန်နေ့ ညနေက ယာဉ်တိုက်မှု ဖြစ်ပွားရာ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးသည်။မြန်မာနိုင်ငံသားများသည် ရနောင်းမြို့နယ်တွင် ယာယီနိုင်ငံကူ လက်မှတ် သွားလုပ်ပြီး ဘန်ကောက်မြို့သို့ ပြန်လာစဉ် လမ်းဘေးတွင် ရပ်ထားသော ၁၀ ဘီးကားကို ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဘန်းစဖန်မြို့နယ် ရဲစခန်းမှ ထိုင်းရဲတဦးက ပြောသည်။
ယာယီပတ်စ်ပို့ ပြုလုပ်ရန် ခေါ်ဆောင်သွားသည့် ဝန်ဆောင်မှု ကုမ္ပဏီမှာ PKA Labor Passport Service ဖြစ်ပြီး ယင်းကုမ္ပဏီမှ ကားသုံးစီးဖြင့် ရနောင်းမြို့သို့ သွားကြခြင်းဖြစ်ကြောင်း၊ ကားအမျိုးအစားမှာ တိုယိုတာ မှန်လုံကား အသေးစားဖြစ်ကြောင်း သိရသည်။(ဧရာဝတီ)

ဖြစ်ရပ် - ၂။ ။ မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။
“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။
ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့် မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။

“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။(ဧရာဝတီ)

(ဇွန် ၂၃၊၂၀၁၁)

လာမည့်ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပမည့် ထိုင်းနိုင်ငံရွေးကောက်ပွဲ၌ ကန်ချနပူရီခရိုင်အတွင်း မကြာမီကာလက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရသူများ ပထမအကြိမ် ဆန္ဒမဲထည့်ခွင့် ရရှိကြသဖြင့် စိတ်ဓါတ်တက်ကြွနေကြသည်ကို တွေ့ရှိရသည်။မွန်တိုင်းရင်းသားအများစု နေထိုင်ကြသည့် ကန်ချနပူရီခရိုင်တွင် ဖွေ့ထိုင်းပါတီ (Pheu Thai Party)၊ လက်ရှိအာဏာရ ဒီမိုကရက်ပါတီ(Democrat Party)၊ ဘွန်ဂျိုင်ထိုင်းပါတီ (Pheum Jai Thai Party) ၃ ပါတီမှ အဓိက ယှဉ်ပြိုင်ကြမည်ဟုသိရသည်။
မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲ၌ တရားဝင် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ရှိသော်လည်း ထိုင်းနိုင်ငံ၌ နိုင်ငံသားမွန်လူမျိုးအတွက် မဲထည့်ရမည့် မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ မရှိခဲ့ပေ။ (လွတ်လပ်သောမွန်သတင်းအေဂျင်စီ)
(ဇွန် ၂၂၊ ၂၀၁၁)
မလေးရှား နိုင်ငံသို့ လှေစီးပြီး သွားရောက်၍ မြန်မာနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလီ ၆၀ ဦးကို မြန်မာ အာဏာပိုင်များမှ ယမန်နေ့ ညနေပိုင်းက ဘင်္ဂလားဒေခ်ျ့သို့ ပြန်ပို့ရာ ၃၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေခ်ျ့ သတင်းစာများက အဆိုပါ သတင်းကို အကျယ်တ၀င့်ဖေါ်ပြရာ၌ မြန်မာဘက်က အဆိုပါ ဘင်္ဂလီများအား တရားဝင် လွှဲပြောင်းပေးခြင်း မဟုတ်ဘဲ စက်လှေတစ်စီးဖြင့် မောင်တောမှ တင်ယူလာခဲ့ပြီး တက်ကနက် အမှတ် (၁၂) ဖေါင်တော် အနီးတွင် စက်လှေပေါ်မှ သွန်ချထားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ၆၀ ထဲမှ ၃၅ ဦးကို ဘင်္ဂလားဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ မှ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂၅ ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း ဖေါ်ပြသည်။(နိရဉ္စရာ)
(ဇွန် ၂၁၊ ၂၀၁၁)
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တနင်္သာရီတိုင်း ကော့သောင်းမြို့က တဆင့် သွားရောက်ခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ရနောင်းမြို့ ကနေ ကော့သောင်းမြို့ကို အပြန်မှာ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို တင်ဆောင်လာတဲ့လှေ နှစ်မြုပ်ခဲ့ပါတယ်။အဲဒီပဲ့ချိတ်လှေ နစ်မြုပ်တဲ့ အတွက် မြန်မာနိုင်ငံသား ၁၁ ဦး အနက် ၂ ယောက် သေဆုံးပြီး ၉ ယောက် အသက်ရှင် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း ကနေ ကော့သောင်းမြို့ကို ရောက်ရှိသွားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ကားဂိတ်ကနေ တဆင့် လှေဆိပ်ဖက်ကို အသွား လမ်းမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ (RFA)
(ဇွန်လ ၂၀ရက်၊၂၀၁၁)
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု မြ၀တီမြို့ခံများက ပြောသည်။ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း ရေတံခွန်လေးအနီးရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခလရ (၂၇၅)တပ် ရင်းအား ၁နာရီနီးပါးကြာ သွားရောက်ပစ်ခတ်ခဲ့သည်ဟု မြ၀တီမြို့ခံတစ်ဦးက ကေအိုင်စီကို ပြောဆိုသည်။(KIC)
(ဇွန်လ ၁၇ရက်၊၂၀၁၁)
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက် ၄ (တောင်ဝိုင်းရပ်ကွက်) တွင် နေထိုင်သူများကို မြို့အတွင်းဘက်သို့ ပြောင်းရွှေ့နေထိုင်ရန် ယမန်နေ့ ဇွန်လ ၁၆ ရက်က ၎င်းမြို့ အခြေစိုက် ခလရ ၂၈၄ တပ်ရင်းက ညွှန်ကြားခဲ့သည်။လုံခြုံရေး မရှိဟု ဆိုပြီး ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ၎င်းပြင် မြို့တွင်းတွင်လည်း စစ်တပ်က လုံခြုံရေးအတွက် နေရာယူထားခဲ့သည်။ မြို့တွင်းရှိ ဈေးနှင့် အိမ်ဆိုင်များလည်း ပိတ်ထားကြသည်။မြို့စွန် တောင်ဝိုင်းရပ်တွင် နေထိုင်သူများက မြို့တွင်းသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ဘုရားသုံးဆူမြို့ ထိုင်းဘက်ကမ်းသို့ ပြောင်းရွှေ့ကြသည်။လုံခြုံရေး အခြေအနေ မကောင်း၍ ယမန်နေ့မှ စ၍ ယနေ့တိုင် စာသင်ကျောင်းများကို ပိတ်ထားကြသည်။(လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

(ဇွန် ၁၆၊ ၂၀၁၁)

ထိုင်းနိုင်ငံမှာတရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမား လက်မှတ်တွေ မနေ့ကနေ စတင်ပြီး တလတာ အတွင်း လုပ်ပေးနေပါပြီ။ ဒီလို လုပ်ပေးနေတုန်း အလုပ်သမား လက်မှတ်ရဖို့ ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေ၊ ပြည်နယ် တခုကနေ တခုကို ကူးတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံကြရတာ ဒီရက်ထဲ ခဏခဏ ကြားနေရပါတယ်။
အခုလည်း အလုပ်သမားလက်မှတ် ရဖို့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် ဘန်ကောက်မြို့ကို သွားရောက် အလုပ်အကိုင် ရှာဖွေမယ့်သူတွေကို တာ့ခ်ခရိုင်နဲ့ အယုဒ္ဓယခရိုင်တို့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်း ထိုင်းဘာသာနဲ့ ရေးထားတဲ့ မန်နေဂျာ အွန်လိုင်း အင်တာနက် သတင်းမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံသား အားလုံးက မဲဆောက်ကနေ ဘန်ကောက်ကို သွားပြီး အလုပ်သမား လက်မှတ် အသစ် စာရင်းပေးဖို့ အတွက် မြန်မာနဲ့ ထိုင်းပွဲစား အကူအညီနဲ့ သွားတာ ဖြစ်တယ်” လို့ သတင်းမှာ ဖော်ပြထားပါတယ်။(ဧရာဝတီ)

(ဇွန်၁၅ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့တခုတို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တခုကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင် လိုက်ကြောင်း သိရသည်။ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) တို့ ပူပေါင်း၍ ဝင်ရောက် ဖမ်းဆီးရာတွင် လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာတွင် သုံးသည့် ငွေစာရင်း စာရွက်စာတမ်းများကိုပါ သိမ်းဆည်းရမိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။ လူကုန်ကူးခံရသူများကို ဆူဖန်ဘူရီခရိုင်၊ ဆမ်ချုပ်မြို့နယ်ရှိ ဝက်ခြံနှစ်ခုတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။(ဧရာဝတီ)

(ဇွန်၁၄ ရက်၊ ၂၀၁၁)
ဖြစ်ရပ် - ၁။ ။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အိမ်နှင့်တွဲ၍ ဖွင့်ထားသော ကုန်စုံဆိုင် တဆိုင်ကို အမည်မသိ လက်နက်ကိုင် တစုက ယနေ့ ၀င်ရောက်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။ယင်း လက်နက်ကိုင်များက ဆိုင်ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်ကို ကားနှင့် ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ဆိုင်အနီးအနားရှိ အိမ်၂ လုံး အနည်းအငယ် ပျက်စီးသွားကြောင်း၊ ဆိုင်ပိုင်ရှင် ဦးတင်ဝင်းသည် မြန်မာ အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။
ထိုလက်နက်ကိုင်များကို ဒေသ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ သော ကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။(ဧရာဝတီ)
ဖြစ်ရပ် -၂။ ။
၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က သိမ်းပိုက်ခံ ဘ၀များ (သို့မဟုတ်) ပလောင်ဒေသမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်အား ပလောင်အမျိုးသမီးအစည်းအရုံးမှ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မဲဆောက်တို့ တပြိုင်နက်တည်း ကျင်းပခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ရှမ်းပြည်နယ် အနောက်မြောက်ပိုင်းရှိ တောင်တန်းများနှင့် အရှေ့မြောက်ပိုင်း တို့တွင် နေထိုင်သော ပလောင် လူမျိုးတို့အား လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလ အတွင်း တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ နမ့်ခမ်း၊ နမ့်ဆန်နှင့် မန်တုံတို့တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတို့တွင် အမှန်တကယ် ပတ်သက် သူနှင့် ပတ်သက်သည်ဟု ယူဆရယူ ၁၁၀ ဦးတို့ ပါဝင်သည့် ဖြစ်စဉ် ၇၂ ခုတို့အား စုဆောင်းထားခြင်းဖြစ်သည်ဟု အစီအရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြထားသည်။ (မိုးမခ)

(ဇွန်၁၂ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်းတွင်သီးလေးသီး သီးညီနောင်အဖွဲ့သားများမှ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပညာပေးပြဇာတ်တပုဒ်အား ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
ဆင်းရဲနွမ်းပါးသော သားအမိနှစ်ဦးမှ တဖက်နိုင်ငံနယ်စပ်သို့ ရောင်းစားခံခဲ့ရပြီး ကြေကွဲဖွယ်ရာ ဘ၀သရုပ်ဖော် ဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးထားပြီး ပြဇာတ်အမည်မှာ ''မြစ်တစင်း၏ မျက်ရည်'' ဟု အမည်ပေးထားကြောင်း သိရှိရသည်။
ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာပေးဇာတ်လမ်းတပုဒ်ဖြစ်သလို ဆင်းရဲသော မိမိနိုင်ငံသားများအတွက် သင်ခန်းစာရစေချင်သည့်ဆန္ဒဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သီးလေးသီး သီးညီနောင် အဖွဲ့မှ မိုးမခသို့ ပြောကြားခဲ့ပါသည်။ (မိုးမခ )
(ဇွန်၁၁ရက်၊ ၂၀၁၁)

နယ်စပ်ကုန်သွယ်လမ်း ဖြစ်သည့် မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင်မိုးရွာပြီးမြေပြိုသဖြင့် ကုန်ပစ္စည်းတင်ဆောင် သည့်ကားများနှင့် ခရီးသည်တင်ကားများ လမ်းပိတ်ခဲ့ရကြောင်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ခံများက ပြောသည်။(KIC)
(ဇွန်၁၀ရက်၊ ၂၀၁၁)

ဖြစ်ရပ် - ၁။ ။ ထိုင်း၊ မြန်မာနယ်စပ် ထိုင်းဘက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲက ၃ ခုမှာ ဒုက္ခသည် လူဦးရေစာရင်း ကောက်ယူတာကို ထိုင်းအစိုးရက မေလကုန်ကတည်းက စလုပ်နေပါတယ်။ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့ မယ်လ၊ အုန်းဖျန်နဲ့ နို့ဖိုးစခန်းတွေမှာ စလုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အခုလို ဒုက္ခသည်စာရင်း ကောက်တာကို TBBC ခေါ် ထိုင်း၊ မြန်မာနယ်စပ် ကူညီရေး အဖွဲ့ကြီးက ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ ဆယ်လီ သော်မ်ဆင်က ကြိုဆိုလိုက်ပါတယ်။(VOA)
ဖြစ်ရပ် - ၂။ ။မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများကို တရားဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာပြီးသည့် နောက်ပိုင်း မြန်မာများအတွက် ၀န်ဆောင်မှုပေးသည့် ဈေးကွက်တခု ပေါ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။ ယင်းအစီအစဉ်ကို မလေးရှားအစိုးရက အတည်ပြုခြင်းမရှိသေးသော်လည်း တရားဝင်နေထိုင်ခွင့် ရရှိရန်အတွက် မလေးရှား ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ (မြန်မာငွေ ကျပ် ၇ သိန်းခွဲမှ ၁၃ သိန်း) ကြား ကုန်ကျမည်ဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။
မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို ၃ ပတ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမဆုံးအဆင့် မှတ်ပုံတင်ခြင်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကျန်သည့်အဆင့်များကို လာမည့်လတွင် ဆောင်ရွက်သွားဖွယ်ရှိကြောင်း မလေးရှားအစိုးရက ဆိုသည်။ တရားမ၀င်နေထိုင်သူများမှာ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသိသေးသည့်အချိန်တွင် မလေးရှားနိုင်ငံရှိ အကျိုးဆောင်ကုမ္ပဏီများက ၀န်ဆောင်မှုပေးရန်အတွက် စာရင်းများ ကောက်ခံလျက်ရှိကြောင်း သိရသည်။(ဧရာဝတီ)
ဖြစ်ရပ် - ၃ ။မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်း လုပ်နေတဲ့ စစ်သားတွေ ခြိမ်းခြောက်ခံပြီးနောက်မှာ ကြည်းတပ်စစ်ဦး စီးချုပ် ဒေါသထွက်လာကြောင့် တင်းမာမှုတွေ မြင့်လာပါတယ်။တနေ့က ထိုင်းကြည်းတပ်စစ်ဦးစီးချုပ်ဖရာယုသ် ကျန်းအိုချားက ဖွေ့ထိုင်းပါတီကို ပြင်းပြင်းထန်ထန် သတိပေးကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဘန်ကောက်က ဖွေ့ထိုင်းကိုယ်စားလှယ်လောင်းနဲ့ သူ့လူတွေက မူးယစ်ဆေးဝါးဆန့် ကျင်တိုက်ဖျက်ရေး တာဝန်ထမ်းဆောင်နေတဲ့ သူ့စစ်သားတွေကို ခြိမ်းခြောက်ပြောဆိုတယ်ဆိုပြီး စွပ်စွဲမှုတွေ ထွက် ပေါ်လာပြီးနောက်မှာ ရွေးကောက်ပွဲအကြို တင်းမာမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူသွယ်ဝိုက်ပြောလိုက်တဲ့ အတိုက်အခံပါတီအပေါ် သူ့ရဲ့အပြင်းထန်ဆုံး မှတ်ချက်တခုကတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ် မြောက်အောင် ဆောင်ရွက်နေတဲ့ စစ်တပ်ကို ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖရာယုသ်က ဝေဖန်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။နေ့သစ်.
(ဇွန် ၉ ရက်၊၂၀၁၁)

ထိုင်းနိုင်ငံ ဖူးကက်ဒေသ အတွင်းရှိ မြန်မာ အလုပ်သမားများ အပါအ၀င် ရွှေ့ ပြောင်း အလုပ်သမားများ အတွက် အလုပ်သမား လက်မှတ်သစ် ပြုလုပ်ရန် မူလ သတ်မှတ်ရက်ထက် ၂ လ ခန့် တိုးချဲ့ သတ်မှတ်လိုက်သည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ရောက်ရှိလာကြသော ရွှေ့ ပြောင်းအလုပ်သမားများကို အလုပ်သမား လက်မှတ်သစ် ပြုလုပ် ပေးရန် မူလက ရက်ပေါင်း ၃၀ သာသတ်မှတ်ပေးခဲ့သည်။ ယင်းကာလမှာ ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ဖြစ် သည်။
ဖူးကက်ခရိုင် အလုပ်သမား ခန့်ထားရေးဌာနမှ အကြီးအကဲ Mr. Noppadon Ployoudee က လုပ်ခ လစာ နည်းပါးသည့် အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားများအတွက် အလုပ်သမား မှတ်ပုံတင်ပြုလုပ်ရန် ရက်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်ဟု Phuket gazette အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ “တိုးချဲ့သတ်မှတ်လိုက်တာက ဇွန်လ ၁၅ ရက်ကနေ စက်တင်ဘာလ ၁၂ ရက်ထိဖြစ်ပါတယ်။ ဇွန်လ ၁၅ရက် ကနေ ဇူလိုင်လ ၁၄ရက်နေ့အထိ ရက် ၃၀ အတွင်းမှာ မှတ်ပုံတင်ဖို့ ပုံစံ(၁)ကို ပြီးအောင် ဖြည့်ရမယ်။ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ပိုင်း ကျန် တဲ့၂လတာအတွင်းမှာ ကျန်းမာရေး ဆေးစစ်တာကို အပြီးဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု Mr. Noppadon Ployoudee က ပြောကြားသည်။ဖောင်ဖြည့်ခြင်းနှင့် ဆေးစစ်ခြင်း လုပ်ငန်းစဉ်များကို ရက် ၉၀ အတွင်း အပြီးအစီး ဆောင်ရွက်ရမည်ဟု သိရသည်။ ယင်း မတိုင်မီ ရှေးဦးစွာ ရွှေ့ ပြောင်းအလုပ်သမားများသည် မည်သည့်နိုင်ငံသား ဖြစ်ကြောင်း တင်ပြရမည်ဖြစ်သည်။
အလုပ်သမားလက်မှတ်သစ် ရရှိသူများသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ ယင်း ယာယီ နိုင်ငံကူး လက်မှတ်သည် သုံးနှစ် သက်တမ်းရှိပြီး နေထိုင် အလုပ်လုပ်ခွင့် ဗီဇာ၂ နှစ် ရရှိမည်ဖြစ်သည်။(ဧရာဝတီ)
(ဇွန် ၈ရက်၊၂၀၁၁)

ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သေနတ်သမားများ တိုက်ခိုက်မှု ဖြစ်အပြီး နောက်တရက်တွင် လက်သည်ကို လိုက်လံရှာဖွေသော အစိုးရတပ်စစ်ကြောင်းက မြို့နယ်အတွင်းရှိ ရွာသားအချို့ကို ပေါ်တာဆွဲကာ အကာအရံအဖြစ်ပင် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၆ ရက်နေ့တွင် ခလရ ၃၇၃ စစ်ကြောင်း ၁ ၊ ၂ ပူးပေါင်းစစ်ကြောင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦးနှင့် အပလုံရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်းရှေ့မှ ချီတက်စေပြီး ကျန်သူများကို တပ်ရိက္ခာ ထမ်းစေသည်ဟု ပြောသည်။(မဇ္ဈိမ)
(ဇွန် ၇ရက်၊၂၀၁၁)
ဖြစ်ရပ် - ၁။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်များ ယနေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁နာရီခန့်အ ချိန်တွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်သတင်းများအရ သိရသည်။အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို အတိအကျ မသိရသော်လည်း ကရင်တပ်ဖွဲ့ဝင်များက မဲ့ကသာရွာ နယ်မြေရှိ မြန် မာစစ်တပ် ခမရ(၂၈၄)ကို ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေအနေကို စောင့်ကြည့်နေသည့် ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။(KIC)
ဖြစ်ရပ် - ၂။ ။တရားမ၀င် နေထိုင်သူများကို မလေးရှားမှာ မဖမ်းဆီးတော့ဘဲ အလုပ်လုပ်ခွင့် ပေးလိမ့်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ AFP သတင်းတပုဒ် မနေ့က ရက်စွဲနဲ့ ထွက်လာပါတယ်။စိုက်ပျိုးရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ လူနည်းနေတဲ့အတွက် တရားမ၀င်နေတဲ့ နိုင်ငံခြားသား ၂ သန်း ၀န်းကျင်ထဲက တချို့ကို အလုပ်လုပ်ခွင့် ပေးမယ် တဲ့။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Hishammuddin Hussein က ပြောတယ်လို့ ဆိုပါတယ်။
"သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ မဟုတ်ပါဘူး။ မလေးမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပေးဖို့ပါ" လို့ ၀န်ကြီးက ဆိုပါသတဲ့။
စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူ နဲ့ ကလေးထိန်းတဲ့ အလုပ်မျိုးတွေ အတွက် အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကိုပဲ သုံးနေကြတယ်လို့ သတင်းက ဆိုတယ်။
အများစုက လုပ်ခ နည်းတယ်၊ ပြီးတော့ အင်ဒို အလုပ်သမားတွေဆို အလုပ်ချိန် များလွန်းတယ်လို့ ဆိုတယ်။
တရားဝင် အသိအမှတ် ပြုလိုက်ရင် အလုပ်ရကြမယ်၊ လူပွဲစားတွေ အမြတ်ထုတ်တာလည်း မခံရတော့ဘူးလို့ ၀န်ကြီးက ဆိုတယ်။
နိုင်ငံစုံက အလုပ်သမားတွေထဲကမှ ဘယ်သူတွေ အလုပ်လုပ်ခွင့် ရနိုင်တယ်၊ ဒီအစီအစဉ် ဘယ်တော့ အစပြုမယ် ဆိုတာကတော့ မသိရသေးပါဘူး တဲ့။(ဧရာဝတီ)
(ဇွန် ၆ရက်၊၊ ၂၀၁၁)
စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်းများနှင့် ဈေးများအားလုံး ပိတ်ထားလိုက်ကြသည်။မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။(မဇ္ဈိမ)

(ဇွန်၅ ရက်၊ ၂၀၁၁)
ဖြစ်ရပ် - ၁။ ။ မြန်မာနိုင်ငံ၏ စတီရီယို ဂီတလောက ခေတ်ဦးတွင် ပါဝင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်သော တေးရေးဆရာတစ်ဦးအဖြစ် ရပ်တည်လျက် ရှိသော တေးရေးဆရာ မောင်သစ်မင်းသည် ဇွန်လ ၅ ရက်နေ့၊ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂၀ (မြန်မာစံတော်ချိန် ၉ နာရီ) အချိန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆမ်မီတဝေ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သတင်း ရရှိပါသည်။''ထိုင်းနိုင်ငံ ဒေသစံတော်ချိန် မနက် ၉ နာရီ၊ မိနစ် ၂၀ အချိန်မှာ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားခဲ့ပါတယ်''ဟု တေးရေး မောင်သစ်မင်း ကွယ်လွန်ချိန်တွင် အနား၌ရှိနေသူ တေးရေး စကားလုံး ၀င်းမင်းထွေးက ပြောပြပါသည်။(ဧရာဝတီ)
ဖြစ်ရပ် - ၂။ ။အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ ဇွန်လ ၅ ရက် ညနေ ၃ နာရီကျော်လောက်မှာ ထိုင်းမြန်မာနယ်စပ် ဘုရားသုံး ဆူ စရဖ ရုံးကို ဝင်ရောက်တိုက်ခဲ့ရာ စရဖ ရုံး ဒုတပ်ကြပ်တဦး နဲ့ ကလေးငယ်တဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့ တယ်လို့ သိရှိရပါတယ်။အမည်မသိ တပ်ဖွဲ့ဟာ သာဿနဗိမာန်ကို ဦးစွာ ဖေါက်ခွဲ့တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဘုရားသုံးဆူမြို့ ရဲသတင်းရပ်ကွက်အဆိုအရ သိရှိရပါတယ်။ တိုက်ခိုက်တာတွေ ဖြစ်လာခဲ့တဲ့အတွက် မနေ့က ဘုရားသုံးဆူမြို့မှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားခဲ့ ပြီး။ မြို့ခံတွေအနေနဲ့ ထိတ်လန့်နေကြပါတယ်။ တချို့မြို့ခံတွေအနေနဲ့ ထိုင်းနယ်မြေထဲ ဝင်ရောက်ခိုလှုံဖို့ ပြင်ဆင် တာတွေ ရှိခဲ့တယ်လို့ သိရှိရပါတယ်။နေ့သစ်.

(ဇွန်၂ ရက်၊ ၂၀၁၁)

လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက်ဆိုကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ခရီးသည်တင် ကားပိုင်ရှင်များထံမှ ဗုဒ္ဓဟူးနေ့ ညနေတွင် ငွေကြေး တောင်းခံခဲ့ကြောင်း တပ်မှူးများက ဝန်ခံ ပြောကြားသည်။
“ကျနော်တို့အတွက် စစ်သုံး လက်နက်ခဲယမ်းတွေ ဝယ်ဖို့အတွက်လိုလို့ ကားသမားတွေဆီက အကူအညီ တောင်းတာပါ။ သူတို့ နားလည် သဘောပေါက်အောင် ရှင်းပြပြီး တောင်းတာပါ။ ကျနော်တို့က ကားတစီးကို ၁ သိန်းတော့ တောင်းတယ်။ တချို့တော့ ရတယ်။ တချို့က အဆင်မပြေလို့ မရဘူး” ဟု DKBA ကလို့ထူးဘောဗျူဟာ (၁) ၊ အမှတ် ၉ဝ၇ ဒုရင်းမှူး ဗိုလ်မှူးကော့ဒိုစိုးက မဇ္ဈိမကို ပြောသည်။ ခရီးသည်များ အပြောအရ အင်အား ၁၀၀ ခန့်ရှိ DKBA တပ်ဖွဲ့ဝင်များက ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင် ညနေ ၃ နာရီကျော်မှ စ၍ နှစ်နာရီကြာ လမ်းကို ပိတ်ဆို့ထားလိုက်ပြီး ဆက်ကြေးတောင်းခြင်း ဖြစ်သည်။ ငွေတောင်းခံသူများမှာ အစိမ်းရောင် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားပြီး၊ မောင်းပြန်ရိုင်ဖယ်များ ဗုံးသီးများ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။(မဇ္ဈိမ)

(ဇွန်၁ ရက်၊ ၂၀၁၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)