ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 16, 2011

လူထုကျန်းမာရေး (ကင်ဆာရောဂါ မဖြစ်ရအောင် နေထိုင်ရမည့် နည်းလမ်းများ)

>
**Public Health**

သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေရှိနေရင် ကင်ဆာရောဂါဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အချက်တွေထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ဘ၀နေထိုင်မှုနဲ့ ဆက်စပ်နေပြီး ရှောင်ရှားလို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ရှောင်တာတွေဟာ ရောဂါကို ခုခံနိုင်တဲ့ ပထမခြေလှမ်းတွေပါ။ ဒါ့အပြင် မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအသစ်တွေအရ သင့်ရဲ့ဘ၀နေ့စဉ်အစိတ်အပိုင်းမှ အံ့သြဖွယ်ရာနည်းလမ်းတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ကင်ဆာရောဂါမဖြစ်အောင် အောင်ပါနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။

(၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါ
ဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogen နဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုနည်းသွားနိုင်ပါတယ်။ ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှ ရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့် အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင် ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး ဒါမှမဟုတ် ဖန်ဘူးတွေအသုံးပြုပါ။

(၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါ
ဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ် သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင် ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ သင့်အရေပြား ဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။

(၃) အသားတွေကို မကင်ခင်နှပ်ထားပါ
အသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီး မဆလာနဲ့နှပ်ထားပါ။ မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို ၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့ Karsas တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

(၄) နေ့တိုင်းကော်ဖီသောက်ပါ

နေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာ ကော်ဖီအနည်းဆုံးသောက်သူတွေ ထက်ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။ နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ဟာ ကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။

(၅) ရေများများသောက်ပါ
ရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်တွေ ဆီးအတွင်းမှာ Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက် သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။
(၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါ
ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာ မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့် အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။ ချက်ပြီးသား ဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။ နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။

(၇) အခွံမာသီးစားပါ
အခွံမာသီးမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေဟာ ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချနိုင်ပါ တယ်လို့ Dartmouth ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာမှု အရလည်း သွေးတွင်း ဆီလီနီယမ်ပါဝင်မှုများ သူတွေဟာ အဆုတ်နဲ့ အူမကြီးကင်ဆာကြောင့် သေဆုံးနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဆီလီနီယမ်ဟာ Cell တွေကို ဓာတ်တိုးပစ္စည်းမှ ကာကွယ်ပေးနိုင်ရုံမက ခုခံအားလည်း ကောင်းမွန်စေကာကင်ဆာအကျိတ်တွေကို အာဟာရ ပေးမယ့် သွေးကြောတွေမပေါ်ပေါက်အောင်လည်း ဖိနှိပ်ပေးပါတယ်။

(၈) သားမြတ်ကင်ဆာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ
လမ်းမြန်မြန်လျှောက်တာလိုမျိုးအသင့်အတင့်လေ့ကျင့်ခန်းကို တစ်ပတ်မှာ နှစ်နာရီလုပ်တာကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အီစထရိုဂျင်ကိုထုတ်လုပ်ပေးတဲ့ အဆီတွေ လောင်ကျွမ်းစေတာကြောင့် ဖြစ်နိုင်ခြေလျော့သွားတာပါ။

(၉) အ၀တ်ကို အခြောက်မလျှော်ပါနဲ့
အခြောက်လျော်သန့်စင်ရည်မှာ ပါဝင်တဲ့ perchloroethylene ဓာတုပစ္စည်းဟာ အသည်းနဲ့ကျောက်ကပ်ကင်ဆာနဲ့ သွေးကင်ဆာဖြစ်စေနိုင်တယ်လို့၂၀၁၀ ပြည့်နှစ်စောစောပိုင်းက Na-tional Academies Of Science ကသုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဆပ်ပြာရည်အပျော့စားနဲ့ အ၀တ်လျှော်ပြီးလေထဲမှာ အခြောက်ခံပါ။ အစွန်းအထင်းရှိနေရင်လည်း ရှာလကာရည်နဲ့ဖျက်ပါ။
(၁၀) လက်ကိုင်ဖုန်း (Cell Phone) ကြောင့် အန္တရာယ်မရှိအောင်
လက်ကိုင်ဖုန်းကို စကားတိုတိုပြောဖို့ ဒါမှမဟုတ် Message ပို့ဖို့သာ အသုံးပြုပါ။ ဒါမှမဟုတ်ရင်လည်း နားကျပ်တပ်ဆင်ပြီးပြောပါ။ လေ့လာမှုတွေအရ လက်ကိုင်ဖုန်း အသုံးပြုသူတွေ ဟာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများတယ် လို့ တွေ့ရှိထားပါတယ်။

(၁၁) နေလောင်ဒဏ်ကိုအရောင်နဲ့ ကာကွယ်ပါ
သင်အိမ်ပြင်ကိုထွက်ရင် အရောင် ရွေးပြီး ၀တ်ဆင်တာဟာ အရေပြားကင်ဆာကို ကာကွယ်နိုင်ပါတယ်လို့ စပိန်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အပြာရောင်နဲ့ အနီရောင်အ၀တ် တွေဟာ အ၀ါရောင်နဲ့ အဖြူရောင်အ၀တ်တွေထက် နေရောင်ခြည်ရဲ့ UV rays ဒဏ် သိသိသာသာပိုမိုကာကွယ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မှဲ့ကင်ဆာဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ပိုဖြစ်နိုင်လို့ပါ။ ဦးခေါင်း ဒါမှမဟုတ်လည်ပင်းမှာ မှဲ့ကင်ဆာရှိသူတွေဟာ အခြားနေရာမှာရှိသူတွေထက် သေဆုံးနှုန်းနှစ်ဆပိုများတယ်လို့ North Caro-lina တက္ကသိုလ်က သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

(၁၂) သန့်ရှင်းတဲ့အစာစားပါ
ပဋိဇီဝဆေးနဲ့ ဟော်မုန်းဆေးအသုံးမပြုတဲ့ အသားတွေသာ ၀ယ်စားပါလို့ ကင်ဆာအသင်းဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး အသုံးမပြုထားတဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ အသုံးပြပါ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပေါ် ပိုးသတ်ဆေး အကြွင်းအကျန်တွေ ကုန်စင်အောင် ဆေးကြောပြီးမှ အသုံးပြပါ။ မုန်ညှင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီးနဲ့ Blueberries တွေမှာ ပိုးသတ်ဆေး အများဆုံးဖျန်းထားတတ်ပါတယ်။ ပိုးသတ်ဆေးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းအမျိုးပေါင်း ၄၀ ကျော်ပါဝင်တာမို့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပါ။

(၁၃) သင့်သားမြတ်သိပ်သည်းဆကို မေးမြန်းပါ
သင်သားမြတ်ကို Mammogram ရိုက်ကြည့်ရင် သားမြတ်သိပ်သည်းဆ ဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ပါ။ သားမြတ်သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်များသူတွေဟာသိပ်သည်းဆနည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ လေးဆမှ ငါးဆခန့်ပိုများပါတယ်။ သားမြတ်သိပ်သည်းဆများတာဟာ အီစထရိုဂျင်အဆင့်တွေ များတာကြောင့် ဖြစ်တာမို့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှ အဆီ Cell တွေ ကျုံ့သွားတာကြောင့် ကင်ဆာဖြစ်နိုင်တဲ့ Cell တွေ နည်းသွားနိုင်ပါတယ်။
(၁၄)ကင်ဆာတွန်းလှန်နိုင်တဲ့အစွမ်း ပိုမိုရရှိအောင်
သင်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအမျိုးစုံကို များများစားမယ်ဆိုရင်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိမှာပါ။ မှန်ပါတယ်။ အချို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လက်တစ်ဆုပ်စာစားရုံနဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အာဟာရဓာတ်တွေရရှိစေနိုင်တယ်ဆိုတာ ၂၀၁၀ ပြည့်နှစ်အတွင်း လေ့လာ စမ်းသပ်မှု တွေအရ သိရပါတယ်။ ကင်ဆာရောဂါကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့အာဟာရဓာတ်နဲ့ အစားအစာတွေကိုရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

**Good Health**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)