ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 25, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(ရုရှားသမ္မတမက်ဗီဒက်)

**ရုရှားသမ္မတ မက်ဗီဒက် ဒုတိယ သက်တမ်း ထပ်မံ အရွေးခံရန် ဆန္ဒရှိသော်လည်း
ပူတင်နှင့် မယှဉ်ပြိုင်လိုကြောင်း ပြောကြား **

ရုရှားသမ္မတ မက်ဗီဒက်သည် ဒုတိယ သက်တမ်း အတွက် ထပ်မံ အရွေးခံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း လက်ရှိ ၀န်ကြီးချုပ် ဗလာဒီမာပူတင်ကို ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် မတ်လတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲတွင် ပူတင်နှင့် မိမိတို့ နှစ်ဦး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ မိမိတို့နှစ်ဦး ပြိုင်ဘက် ဖြစ်နေပါက နိုင်ငံကို နစ်နာစေမည် ဖြစ်ကြောင်း ရုရှား
ရုပ်သံဌာနများက ထုတ်လွှင့်ခဲသော ဖိုင်နယ်ရှယ်တိုင်းမ် ရုပ်သံ အင်တာဗျူးတွင် မက်ဗီဒက်က ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် စစ်တပ်က ပြည်သူများကို အင်အားသုံး နှိမ်နင်းနေမှုအား ကန့်ကွက်ရှုတ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းကိုပင် ရုရှားနိုင်ငံက လက်မခံနိုင်ကြောင်း ယခုအချိန်ထိ ငြင်းဆန်နေသည်။
မက်ဗီဒက်နှင့် ပူတင် နှစ်ဦးစလုံးသည် သမ္မတ နေရာ အတွက် မည်သူက ၀င်အရွေးခံမည်ကို နောက်ပိုင်းမှ ပြောကြားမည် ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ မက်ဗီဒက်က ၎င်း၏ဆုံးဖြတ်ချက်ကို မကြာမီ
ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပူတင်နှင့် မိမိတို့သည် တစ်ခါတရံ ချဉ်းကပ်မှု လမ်းကြောင်း မတူကြောင်း၊ သို့သော် မိမိတို့ နှစ်ဦး အကြားတွင် ပဋိပက္ခ မရှိကြောင်း ပြောကြားသည်။
မက်ဗီဒက်က ပူတင်ကို စိန်ခေါ်သည့်အသွင် ဆောင်သော ပြောဆိုမှုများ ထုတ်ပြန်သည့် အချိန်တိုင်း အာဏာရပါတီတွင်း သဘောကွဲလွဲမှု ရှိနိုင်သည်ဟု သတင်း ထွက်ပေါ်လေ့ရှိသည်။ သို့သော် မက်ဗီဒက်သည် မည်သည့်အရာမျှ မစွမ်းဆောင်နိုင်သော သမ္မတအဖြစ် ထင်မြင်မခံရစေရန် စည်းချက်ညီ ကြံစည်မှုသာ ဖြစ်နိုင်ကြောင်း လေ့လာသူ အချို့က သုံးသပ်သည်။ သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး အခြေခံဥပဒေ အရ ထပ်မံ ထမ်းဆောင်ခွင့် မရှိတော့၍ ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချုပ် နေရာ ထမ်းဆောင်ခဲ့သော ပူတင်သည်သာ အာဏာပိုရှိပြီး လုပ်ပိုင်ခွင့် ပိုရှိကြောင်းလည်း ထင်မြင်ခံနေရသည်။
မက်ဗီဒက်က အမေရိကန် သမ္မတ အိုဘားမားနှင့် အလုပ်လုပ်ရသည်မှာ ပျော်ရွှင်ကြောင်း၊ အိုဘားမားကို ဒုတိယသက်တမ်း ထပ်မံ ရွေးချယ်ခံရစေချင်ကြောင်း ၎င်း၏ဆန္ဒကို ထုတ်ဖော်ခဲ့သည်။

**ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယို တရားစွဲခံရ **

(အင်တာနက်သတင်းများ)
ဝေယံဘုန်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)
မနီလာ - ဖိလစ်ပိုင်သမ္မတဟောင်း မစ္စ ဂလိုရီယာ အာရိုယိုသည် သူ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဉ် နိုင်ငံ၏ အမြင့်ဆုံးသော အာဏာပိုင်အဖြစ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုး ဖောက်မှုများအတွက် ညီညွတ်သော ဖိလစ်ပိုင် ခရစ်ယာန် အသင်းတော်က ဇွန်လ ၁၇ ရက်နေ့တွင် အမှုဖွင့်တရား စွဲဆိုခြင်းနှင့် ရင်ဆိုင်နေရသည်။
"ဂလိုရီယာ အာရိုယိုနဲ့ သူအမိန့်ပေး တဲ့အတိုင်းဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ စစ် ထောက်လှမ်းရေးတွေဟာ ကျွန်တော် တို့ ဂိုဏ်းအပေါ်ကို ရော၊ ဖိလစ်ပိုင် နိုင်ငံသားတွေအပေါ်ကိုပါ ကျူးလွန်ခဲ့ တဲ့ သူတို့ရဲ့ မတရားမှုတွေအတွက် တရားမျှတမှုကို ပြန်လည်ပေးရပါမယ်" ဟု အဆိုပါအသင်း၏ အထွေထွေ အတွင်းရေးမှူး ဘုန်းတော်ကြီး ရူအယ် မာရစ်ဇာက ပြောသည်။

**မဲလိမ်လည်မှုများကို တိုက်ဖျက်ရန် အတွက် လက်ဗွေဖြင့် မဲပေးမှုများ ပြုလုပ်ရန် မလေးရှား စီစဉ် **

မလေးရှားနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများတွင် မဲလိမ်လည်မှုများကို တိုက်ဖျက်ရန် အတွက် မဲပေးသူများကို လက်ဗွေဖြင့် မဲပေးရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
မဲပေးမှုများ မတိုင်ခင်တွင် မည်သူမည်ဝါ မဲပေးသည်ကို အတည်ပြုရန် အတွက် မဲပေးသူများ၏ လက်ဗွေကို မှတ်တမ်းတင်သွားရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Abdul Aziz Mohamad Yusof က
ပြောကြားခဲ့သည်။
''မဲပေးသူ တစ်ယောက်ဟာ မဲပေးဖို့အတွက် စဉ်းစားရတော့မှာပါ။ မှတ်ပုံတင်ကဒ်ယူပြီး အခြား မဲရုံတစ်ခုမှာ ထပ်မံပေးမှု လုပ်နိုင်တော့မှာ မဟုတ်ပါဘူး''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားသူ Andrew Khoo က အဆိုပါ အစီအစဉ်ကို ကြိုဆိုကြောင်း၊ မလေးရှား နိုင်ငံသား မှတ်ပုံတင်ကဒ်များတွင် မှားယွင်းမှုများ ရှိသည်ဟု ဟူဆသောကြောင့် နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုများ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ''အခြေခံသဘော အရတော့ မဲနှစ်ခါပေးမှုကို တိုက်ဖျက်နိုင်ပေမယ့် ဒီအစီအစဉ်ကို ဘယ်လို အကောင်အထည် ဖော်ရမယ် ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုပါတယ်''ဟု Khoo က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များသည် မဲနှစ်ကြိမ် ထည့်ခြင်းနှင့် မသမာမှုများကို ဖြစ်စေသည်ဟု စွပ်စွဲမှုများ ပြုလုပ်မည့် လူထုစုဝေးမှုကို ဇူလိုင်လ ၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု အတိုက်အခံ ပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားသူများက ပြောကြားခဲ့သည်။
လူထုစုဝေးမှုများ မပြုရန် ရဲများက တားမြစ်ထားသော်လည်း စုဝေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လူထုသည် မျှတမှု မရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို စိတ်ပျက်နေကြကြောင်း Khoo က ဆိုသည်။
၂၀၀၈ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသား ညွန့်ပေါင်း Barisan Nasional သည် ပါလီမန်တွင် အမတ်
နေရာ အများစု သုံးပုံနှစ်ပုံ ရရှိထားခဲ့မှု ဆုံးရှုံးခဲ့သည်။ ၂၀၁၃ ခုနှစ် မတိုင်မီ ရွေးကောက်ပွဲ မရှိသော်လည်း အာဏာရ Barisan Nasional သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပဖွယ် ရှိကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။

**NATO အဖွဲ့ ဗုံးကြဲမှုအတွင်း လစ်ဗျားအရပ်သားများသေဆုံး **

“NATOအနေနဲ့ ပြည်သူလူထု အသက်ဆုံးရှုံးမှုကြောင့် အရမ်းကို စိတ်ထိခိုက်ရပါတယ်။ စစ်ဆင်ရေးတွေ အားလုံးကို စနစ်တကျ လုပ်ဆောင်ခဲ့ပေမယ့် ဒုံးကျည်တစ်စင်းဟာ လက်နက်စနစ် မှားယွင်းမှုကြောင့် ပစ်မှတ်ကို လွဲချော်ပြီး အရပ်သား နေအိမ်တစ်ခုကို ကျရောက်ပေါက်ကွဲခဲ့တာပါ”

လစ်ဗျားတွင် လေကြောင်းမှ ထိုးစစ်ဆင် ဗုံးကြဲမှုများအတွင်း အရပ်သားများ သေဆုံးမှုကို NATO စစ်မဟာမိတ် အဖွဲ့က အတည်ပြု ၀န်ခံလိုက်သည်။ NATOတပ်ဖွဲ့ လေယာဉ်တစ်စင်းသည် ဇွန်လ(၁၉)ရက်နေ့က ထရီပိုလီရှိ အရပ်ဖက် နေအိမ်တစ်ခုကို ဗုံးကြဲခဲ့ရာ အပြစ်မဲ့ပြည်သူ (၉)ဦးတို့ သေဆုံးခဲ့ရသည်။ လစ်ဗျား အစိုးရက ထိုကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့သလို NATOကလည်း မိမိတို့၏ မှားယွင်းမှုကို ၀န်ခံခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လေယာဉ်တွင် တပ်ဆင်ထားသည့် လက်နက်စနစ်များတွင် ချွတ်ချော်တိမ်းစောင်းခဲ့ခြင်းကြောင့်ဟု NATOက ပြောကြားခဲ့သည်။

NATO၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “NATOအနေနဲ့ ပြည်သူလူထု အသက်ဆုံးရှုံးမှုကြောင့် အရမ်းကို စိတ်ထိခိုက်ရပါတယ်။ စစ်ဆင်ရေးတွေ အားလုံးကို စနစ်တကျ လုပ်ဆောင်ခဲ့ပေမယ့် ဒုံးကျည်တစ်စင်းဟာ လက်နက်စနစ် မှားယွင်းမှုကြောင့် ပစ်မှတ်ကို လွဲချော်ပြီး အရပ်သား နေအိမ်တစ်ခုကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ စစ်ဆင်ရေးတွေအတွက် အသုံးပြုနေတဲ့ လက်နက်စနစ်တွေကို အသေအချာ စစ်ဆေးခဲ့ပေမယ့် ကံမကောင်းမှုကြောင့် ခုလိုကြေကွဲစရာ ကြုံခဲ့ရတာပါ”ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ ဒုံးကျည်မှားယွင်း ပစ်ခတ်ခဲ့သည့် တိုက်လေယာဉ်ကို မည်သည့်နိုင်ငံက ပိုင်ဆိုင်ကြောင်းကိုမူ NATOက မကြေညာထားချေ။ ဗြိတိန်တော်ဝင်လေတပ်က ထိုအချိန်တွင် ယင်းနေရာ၌ ဗြိတိသျှ တိုက်လေယာဉ်များ စစ်ဆင်ရေး ပြုလုပ်နေခြင်း မရှိကြောင်း ပြောကြားထားသည်။

လစ်ဗျားအစိုးရ တာဝန်ရှိသူများသည် ထရီပိုလီရှိ ဆော့အယ်လ်ဂျူးမား ရပ်ကွက်မှ ဒုံးကျည်ထိမှန်သော နေအိမ်အား သတင်းထောက်များကို ဖိတ်ခေါ်ပြသခဲ့သည်။ ထရီပိုလီ ဆေးရုံကလည်း ဒုံးကျည်ထိမှန်မှုအတွင်း သေဆုံးခဲ့သည့် ကလေး(၁)ဦးနှင့် အခြားလူ(၂)ဦး၏ ရုပ်အလောင်းများကို ပြသခဲ့သည်။ လစ်ဗျား နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ခါလက်ကာအင်မ်က “ဒါဟာ အနောက်အုပ်စု နိုင်ငံတွေရဲ့ လူမဆန်မှုကို ဖော်ပြနေတဲ့ နောက်ထပ် ကိစ္စတစ်ခုပါပဲ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ လစ်ဗျားတွင် မူအမ်မာ ကဒါဖီ၏ အာဏာရှင် အစိုးရကို ပြည်သူများက တုန့်ပြန်တိုက်ခိုက်သော စစ်ပွဲတွင် ကမ္ဘာ့အကြီးဆုံး စစ်မဟာမိတ် အဖွဲ့ကြီးဖြစ်သည့် NATOက လေကြောင်း အထောက်အပံ့များ ပေးနေခြင်းဖြစ်သည်။

Source: DailyMail

**အွန်လိုင်း အရှုပ်တော်ပုံကြောင့် အမေရိကန် ဒီမိုကရက်တစ် အမတ် ရာထူးမှ နုတ်ထွက်**

အမေရိကန် လွှတ်တော်အမတ် အန်ထော်နီဝေနာသည် ဇွန် ၁၆ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်း၏ လုပ်ရပ်ကြောင့် ထိခိုက်မှု ရှိခဲ့သော ဇနီးနှင့် လုပ်ဖော်ကိုင်ဖက် လွှတ်တော် အမတ်များကို တောင်းပန်ခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင် ဖြစ်သော အသက် ၄၆ နှစ်ရှိ လွှတ်တော်အမတ် ဝေနာသည် မကြာသေးမီ အချိန်အထိ နယူးယောက်မြို့တော်ဝန် နေရာ အတွက် တစ်ပြေးနေသော ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ ဝေနာသည် အွန်လိုင်းတွင် အမျိုးသမီးများနှင့် ဆက်ဆံရေး ရှိခဲ့ပြီး ၎င်းတို့ထံသို့ မဖွယ်မရာ ဓာတ်ပုံများ ပေးပို့ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ရာ အစပိုင်းတွင် ၎င်းက ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်းကိစ္စ ကြီးကျယ်လာသော အခါ ၎င်းကို ရာထူး နုတ်ထွက်ရန် ပါတီတွင်းမှပင် တောင်းဆိုမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ ပိုမို အရေးကြီးသည်မှာ မိမိလုပ်ရပ်ကြောင့် ထိခိုက်နစ်နာမှုများကို မိမိနှင့်ဇနီးက ကုစားရမည် ဖြစ်ကြောင်း နယူးယောက်မြို့တွင် ရာထူးနုတ်ထွက်ကြောင်း ကြေညာခဲ့သော ဝေနာ က ဆိုသည်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ အောက်လွှတ်တော်အမတ် လုပ်လာခဲ့သော ဝေနာသည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်၏ လက်ထောက်တစ်ဦး ဖြစ်သူ ဟူမာအဘီဒင်နှင့် လက်ထပ်ခဲ့သူ ဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားက ''သူ့နေရာမှာ ကျွန်တော်သာဆိုရင် ကျွန်တော် ရာထူးက နုတ်ထွက်မှာပဲ''ဟု ရာထူးမှဝေနာ မနုတ်ထွက်မီ ဇွန် ၁၄ ရက်တွင် NBC သတင်းဌာနသို့ ပြောကြားသည်။
ယခုကိစ္စကြောင့် လွှတ်တော်နှင့် သမ္မတ ရွေးကောက်ပွဲများ ပြုလုပ်ရန် တစ်နှစ်ခန့်သာ လိုတော့ချိန်တွင် ပါတီ ဂုဏ်သိက္ခာ ထိခိုက်မည်ကို ဒီမိုကရက်တစ်ပါတီက စိုးရိမ်နေသည်။

**ပင်လယ်သမုဒ္ဒရာများ ပျက်စီးဆုံးရှုံးမှု ထိတ်လန့်ဖွယ်အဆင့်ရောက် **

“ဖော်ထုတ်တွေ့ရှိချက်တွေကတော့ တကယ့်ကို ထိတ်လန့်စရာပါပဲ။ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် သမုဒ္ဒရာရဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ဆိုးဆိုးရွားရွား ညစ်ညမ်းလာစေတာ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။”

ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာများအတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများသည် ထိတ်လန့်ဖွယ် အဆင့်ထိ ရောက်နေပြီဟု သိပ္ပံပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ လူသားတို့၏ စနက်များကြောင့် အပါအ၀င် အမျိုးမျိုးသော အကြောင်းကိစ္စများကြောင့် ဇီဝသက်ရှိများ မျိုးသုဉ်းပျောက်ကွယ်ခြင်းသည် အလွန်ဆိုးရွားလာနေကြောင်း သုတေသီများက ဆိုသည်။ အလွန်အကျွံ ငါးဖမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများကြောင့် သတ္တ၀ါ မျိုးစိတ်များ ရှင်သန်တည်ရှိမှုကို ထိပါးလာစေခဲ့ကြောင်း နိုင်ငံတကာ ရေနေသက်ရှိ ကျွမ်းကျင်သူများ စုပေါင်းလေ့လာပြီး ကြေညာလိုက်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် စုရုံးဆွေးနွေးခဲ့သည့် ပညာရှင်များက ကမ္ဘာ့အဏ္ဏ၀ါဇီဝ သက်ရှိများ၏ အခြေအနေသည် စိုးရိမ်ဖွယ် ဖြစ်လာနေကြောင်း တညီတညွတ်တည်း သဘောတူခဲ့သည်။ ကမ္ဘာ့သမုဒ္ဒရာအတွင်းရှိ သဘာဝ သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် ထိခိုက်လာမှုတွင် သမုဒ္ဒရာ ပူနွေးလာခြင်း၊ အောက်စီဂျင် ပြတ်လပ်လာခြင်း၊ ရေထု၏ အက်ဆစ်ပါဝင်မှု မြင့်တက်လာခြင်းတို့သည် ဇီဝဖြစ်စဉ်များကို ပျက်စီးစေသည့် အဓိက အကြောင်းရင်းများဟု အစီရင်ခံစာအတွင်း ဖော်ပြထားသည်။ အထူးသဖြင့် လူသားများ၏ လုပ်ရပ်များသည် သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုနှင့် ဆက်စပ်နေကြောင်း နိုင်ငံတကာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ သိပ္ပံဌာန ဒါရိုက်တာ ဒေါက်တာ အဲလက်စ် ရိုဂျာက ပြောကြားခဲ့သည်။

“ဖော်ထုတ်တွေ့ရှိချက်တွေကတော့ တကယ့်ကို ထိတ်လန့်စရာပါပဲ။ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် သမုဒ္ဒရာရဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ဆိုးဆိုးရွားရွား ညစ်ညမ်းလာစေတာ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။” အာတိတ်စက်ဝိုင်းက ရေခဲထုတွေ မြန်မြန်ဆန်ဆန် အရည်ပျော်လာတဲ့ ပြသနာမျိုးကလည်း သမုဒ္ဒရာရဲ့ သဘာဝ မျှခြေကို ထိခိုက်စေကြောင်း ရိုဂျာက ရှင်းပြခဲ့သည်။ “အနာဂတ်အတွက် စိန်ခေါ်မှုတွေကတော့ သိပ်ကိုကြီးမားနေပါပြီ။ သမုဒ္ဒရာတွေဟာ ကြီးမားကျယ်ပြန့်နေတုန်းပါ။ ဒါပေမယ့် အနာဂတ် မျိုးဆက်တွေ လက်ထက်မှာ ဘာတွေပြောင်းလဲကုန်မလဲဆိုတာ ကျွန်တော်တို့ မှန်းဆဖို့ ခက်ပါတယ်။ ကမ္ဘာကြီးရဲ့ အပြာရောင် အသည်းနှလုံးလို့ တင်စားခံရတဲ့ သမုဒ္ဒရာ ရေပြင်တွေကို ကျွန်တော်တို့ ကာကွယ်ဖို့ လိုနေပါပြီ။ အဲဒါကို ဒီနေ့ စလုပ်ရမှာပါ။ ချက်ချင်းကို လုပ်သင့်တာပါ”ဟု ရိုဂျာက ပြောကြားသွားခဲ့သည်။

Source: DailyMail

Researcher Creates Artificial Meat Based on Human Excrement
Friday, June 24, 2011

**လူ့ မစင်မှ အသားတုထုတ်လုပ်နိုင်ပါပြီ...

စားကြဦးမလား ဂျပန်ပဲပုတ်ခြောက်ကျော် ..အဲလေ...မစင်အသားတု တဲ့ ခင်ဗျာ...

ကမ္ဘာ့ စားနပ်ရိက္ခာရှားပါးမှုဟာ အရေးတစ်ကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာနေပါတယ်...
သို့ သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရဲ့ နောက်ဆုံးပေါ် ကြံဆတီထွင်မှုဖြစ်သည့် လူ့ မစင်မှနေ
ပရိုတိန်းဓါတ်ပါသည့် အသားတုတစ်မျိုးတီထွင်ထုတ်လုပ်နိုင်မှုဟာ ထိုအခက်အခဲပြဿနာကြီးကို အရေးပါ
သည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆနေခဲ့ ပါတယ်...
အိုကာယာမ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿ
နာများ မနိုင်မနင်းဖြစ်နေခဲ့ သဖြင့် တိုကျို မိလ္လာဌာနအနေဖြင့် ထိုအခက်အခဲကိုအကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်...
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမှုဟာ လူသိများတာကြောင့် ယခုလို ရွံရှာဖွယ်
မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည် ဟူသောစိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တော့ အထူးအ
ဆန်းမဟုတ်လှပါဘူး...
၎င်းရဲ့ သုတေသနပြုမှုကာလအတွင်းမှာ ပညာရှင်အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတိန်း
ဓါတ်များ အမြောက်အများပါဝင်နေသည်ကိုတွေ့ ရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပြီး အသားတု
တစ်မျိုးအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့ တာဖြစ်ပါတယ်...

လူ့ မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့် ရှိနေတာကြောင့် 
ပရိုတိန်းဓါတ်များ ရာနှုံးမြင့် ပါဝင်နေတာဖြစ်ပါတယ်...
ပြုပြင်ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်
မရှိတော့ မှာလည်းဖြစ်ပါတယ်...
အစဦးစမ်းသပ်လေ့ လာချက်များအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်သည့် ပဲပိစပ်ပရိုတိန်းကြောင့် အ
မဲသား နှင့် အတူတူပင် အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကို
ပင် ထပ်မံထည့် သွင်းလိုက်ပါသေးတယ်...

ထိုလူ့ မစင် တစ်ဖြစ်လည်း အသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်းဓါတ် ၆၃ ရာခိုင်နှုံး၊
ကာဘိုဟိုက်ဒရိတ် ၂၅ ရာခိုင်နှုံး၊ လီပဒ် ၃ ရာခိုင်နှုံး နှင့် သဘာဝဓါတ် ၉ ရာခိုင်နှုံးတို့ ပါဝင်တာကြောင့် ထို
အသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပါတယ်...
သို့ သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့် စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့ မစင်မှ ပရိုတိန်း
ဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့် စားသုံမည့် သူအနည်းငယ်သာရှိလိမ့် မည်ဟု ပါမောက္ခ အီကီဒါ က
ဝန်ခံပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် အစားအစားရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ လျှင်တော့ လူတွေဟာ ထိုအသားတုကို
ပင် အလုအယက်တောင်းဆိုကြမှာ ဖြစ်ပါတယ်...

ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ ၎င်းရဲ့ တီထွင်မှုကို လူအများတတ်နိုင်သည့် ဈေးနှုံးဖြင့် အမြောက်
အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် နေပါတယ်...
လက်ရှိအနေအထားမှာတော့ " မစင်အသား " ဟာ သာမန်အသားထက် ၁၀ ဆ မျှပိုမိုဈေးကြီးနေပေမယ့် 
သုတေသနပြုမှုအတွက် ကုန်ကျစားရိတ်ကို ထုတ်လုပ်မှုကုန်ကျစားရိတ်ထဲမှ ဖယ်နိုင်သည်နှင့် တစ်ပြိုင်နက်
ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့် ယှဉ်ပြိုင် ( လျော့ နည်း ) နိုင်လိမ့် မည်ဟု ဂျပန်သိပ္ပံပ
ညာရှင်က မျှော်လင့် နေပါတယ်...

ငတ်လာယင်တော့ လည်း စားကြရမှာပါပဲ...

**အခကြေးငွေဖြင့် လိင်အလုပ်အကြွေးပြုခြင်းအား တရားဝင်သတ်မှတ်ရန် ကူဝိတ်တွင် တောင်းဆို **

ကူဝိတ်တွင် အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးက အခကြေးငွေဖြင့် လိင်အလုပ်အကျွေး ပြုမှုကို တရားဝင် သတ်မှတ်ပေးရန် စည်းရုံးဆော်ဩလျက်ရှိသည်။
ဆယ်ဝါအယ်မူတိုင်ရီက အခကြေးငွေဖြင့် လိင်အလုပ်အကျွေးပြုမှု လုပ်ငန်းသာ တရားဝင် ဖြစ်လာပါက အိမ်ထောင်ရေး ဖောက်ပြန်မှုများကို တားဆီးနိုင်မည်ဟုဆိုသည်။ ကူဝိတ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ထိုလုပ်ငန်းကို အစိုးရက ခွင့်ပြုပေးခဲ့မည်ဆိုလျင် ချမ်းသာကြွယ်ဝသော ကူဝိတ်မိသားစုများမှ အမျိုးသားများသည် အိမ်ထောင်ရေး ဖောက်ပြန်မှုများ ပြုလ်ုပတော့မည် မဟုတ်ဟု ပြောကြားခဲ့သည်။
သူမက အီရတ်တွင် သက္ကရာဇ် ၇၈၆ မှ ၈၀၉ ခုနှစ်ထိ အုပ်စိုးခဲ့သော ဟာရွန်အယ် ရာရှစ်၏ မောင်းမအမျိုးသမီး အခြွေအရံ ထောင်နှင့်ချီ ရှိခြင်းကို အကိုးအကားပြုပြီး လိင်အလုပ်အကျွေးပြုမှု လုပ်ငန်းအတွက် မရှက်သင့်ကြောင်း၊ ယသ်းသည် အစ္စလာမ် ဘာသာရေးစည်းမျဉ်းဖြစ်သည့် ရှာရီရာ ဥပဒေကို ဖောက်ဖျက်ရာ မကျကြောင်း ပြောကြားခဲ့သည်။
သူမက ထိုစည်းရုံးမှုကို ပြည်သူအများ အာရုံစိုက် ထောက်ခံလာရန် ကြိုးပမ်းနေသော်လည်း သူမ၏ Twitterစာမျက်နှာတွင် ပြင်းထန်သော ဝေဖန်ရှုတ်ချမှုများ ခံနေရသည်။ သူမသည် အမျိုးသမီးများအား သိက္ခာချနေသူဟု တစ်ဦးက တိုက်ခိုက်ရေးသားခဲ့သည်။ အခြားတစ်ဦးက ဆယ်ဝါသာ ထိုလုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ဖြစ်လျှင် မည်သို့ပြောမည်ကို သိချင်ကြောင်း ခပ်ထေ့ထေ့ ရေးသားခဲ့သည်။
ဆယ်ဝါကမူ သူမအတွက် ဝေဖန်မှုများက စိတ်အနှောင့်အယှက် မဖြစ်စေကြောင်း၊ အပြောင်းအလဲအတွက် တောင်းဆိုမှုတိုင်းတွင် အဟန့်အတား ရှိတတ်ကြောင်း ပြောဆိုခဲ့သည်။

**မဖွယ်မရာပုံများ အင်တာနက်ပေါ်တင်သည့် ဗြိတိန်လူငယ်အား ထောင်ဒဏ် ၆ နှစ်ချမှတ် **

လိင်သောင်းကျန်းသူ တစ်ဦးအဖြစ် သတ်မှတ်ခံရသော ဗြိတိန်လူငယ် တစ်ဦးအား မိန်းကလေးတစ်ဦး၏ မဖွယ်မရာ ဓာတ်ပုံများ အင်တာနက်ပေါ် တင်မှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သည်။
အသက် ၂၁ နှစ်ရှိ ဘားနက်ဗော့သည် အသက် ၁၆ နှစ်အောက် မိန်းကလေး ၃ ဦးကို ပစ်မှတ်ထား ချဉ်းကပ်ခဲ့သူဖြစ်သည်။ ထိုမိန်းကလေးများအနက် တစ်ဦးနှင့် လမ်းခွဲပြီးနောက် သူမ၏ မဖွယ်မရာ ပုံများကို Facebookမှတဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ ဘားနက်သည် မိန်းကလေးနှင့် တွေ့ဆုံချိန်က သူမအသက် ၁၄ နှစ်သာ ရှိသေးသည်။
၁၀ လမျှ တွဲခဲ့ပြီးနောက် ယင်းတို့နှစ်ဦးသည် မိတ်ဆွေဘဝမှ လိင်ဆက်ဆံဖက်များ ဖြစ်လာခဲ့သည်။ မိန်းကလေး အသက် ၁၅ နှစ်ပြည့်ပြီးချိန်တွင် ဘားနက်က မိမိသည် အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် လိင်ဆက်ဆံခွင့် ရခဲ့ခြင်းအပေါ် မယုံနိုင်အောင် ဖြစ်မိကြောင်းပင် Messageပေးပို့ခဲ့သေးကြောင်း သိရသည်။
သူမ၏ ဓာတ်ပုံများကို အင်တာနက်ပေါ် တင်ခဲ့မှုနှင့် ပတ်သက်ပြီးနောက် ရဲများက ဘားနက်အား ဖမ်းဆီးကာ လီးဝစ်ခရောင်း တရားရုံးတွင် ရု့းတင်စစ်ဆေးခဲ့သည်။ တရားသူကြီးက အမှုကို ကြားနာပြီးနောက် ဘားနက်တွင် အပြစ်ရှိကြောင်း သတ်မှတ်ကာ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ရဲများ ၏ အဆိုအရ ဘားနက်သည် အသက်မပြည့်သေးသော မိန်းကလေးထံ လိင်နှင့်ပတ်သက်သည့် ညစ်ညမ်းMessageပေါင်း ၁၀၀ ကျော် ပေးပို့ထားကြောင်းလည်း သိရှိရသည်။

**ဘုရားကျောင်းတွင် လိင်ဆက်ဆံမှုကြောင့် စုံတွဲတစ်တွဲအဖမ်းခံရ **

F**k for Forest’s အဖွဲ့အတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်နေခြင်းဟုအကြောင်းပြကာ....© dailymail
နော်ဝေးနိုင်ငံတွင် ဘုရားကျောင်း တစ်ခုသို့ သွားရောက်ပြီး လိင်ဆက်ဆံမှုကြောင့် စုံတွဲတစ်တွဲ အဖမ်းခံလိုက်ရကြောင်း သိရသည်။
အော်စလိုမြို့ တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု ဝါဒီများဟုဆိုသော စုံတွဲတစ်တွဲသည် ဘုရားကျောင်း ကြမ်းပြင်တွင် အဝတ်များ ချွတ်ချပြီး အချင်းချင်း နမ်းရှုပ်ခဲ့ကြသည်။ ၎င်းတို့က F**k for Forest’s အဖွဲ့အတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်နေခြင်းဟု ကြွေးကြော်ကာ အံ့ဩနေသော လူအများရှေ့တွင်ပင် လိင်ဆက်ဆံခဲ့ကြသည်။
သို့သော်လည်း ဘုရားကျောင်းမှ တရားဟောဆရာ တစ်ဦးက ရဲများကို ဖုန်းဆက်ခေါ်လိုက်ပြီးနောက် ယင်းတို့နှစ်ဦးမှာ လူခွဲထိန်းသိမ်း ခံလိုက်ရသည်။ အဆိုပါ အဖွဲ့အတွင်းတွင်ပင် ပါဝင်ပြီး ဖြစ်စဉ်ကို ဓာတ်ပုံရိုက်နေသူ တစ်ဦးမှာလည်း အဖမ်းခံခဲ့ရသည်။ ယင်းတို့သုံးဦးအား ရဲများက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးခဲ့သည်။
မိမိတို့အနေနှင့် ၎င်းတို့အား အမြင့်ဆုံး ထောင်ဒဏ် ၁၆ ရက်ထိ ပြစ်ဒဏ်ချမှတ်ခံနိုင်ကြောင်းလည်း ရဲများက ပြောဆိုခဲ့သည်ဟု အဖွဲ့ထဲမှ တစ်ဦးကဆိုသည်။ သို့သော်လည်း လိင်မဆက်ဆံရဘဲ ထိုမျှလောက် ကြာကြာမနေနိုင်သဖြင့် ဒဏ်ငွေဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်းလည်း ယင်းက ပြောဆိုသွားခဲ့သည်။

**တရုတ်အမျိုးသားနှစ်ဦး အချင်းချင်း ဇနီးအလဲအလှယ်လုပ်ကြ **

တရုတ်နိုင်ငံမှ အမျိုးသား နှစ်ဦးသည် ဇနီးများကို ကွာရှင်းပြီးနောက် အချင်းချင်း ဇနီးအလဲအလှယ်လုပ်ကာ ကျန်တစ်ဦး၏ ဇနီးနှင့် အပြန်အလှန် လက်ထပ်ခဲ့ကြောင်း သိရသည်။
အသက် ၄၀ ကျော်အရွယ် ရှိကြသော လူ ၄ ဦးတို့သည် ယင်းတို့၏ ငယ်ချစ်ဦးများနှင့် ကွဲကွာခဲ့ရသည်။ ဟွာအင်းမှ လင်ရှန်နှင့် လီလီတို့သည် ငယ်ဘဝကတည်းက ချစ်သူများဖြစ်ခဲ့သော်လည်း မိဘများ၏ အတင်းခွဲမှုကြောင့် ဝေးကွာခဲ့ရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)