ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 29, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(Chesterfield Royal Hospital fire costs 'in millions')
**ဗြိတိန်နိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား လူနာများ အရေးပေါ်ရွှေ့ပြောင်းရ**
(လန်ဒန်၊ ဇွန် ၂၆)
ဗြိတိန်နိုင်ငံ ဒါဘိုင်ရှိုင်းယားမြို့တွင် ဇွန် ၂၅ ရက်က ဆေးရုံတစ်ရုံမီးလောင်မှုဖြစ်
ပွားခဲ့ရာ လူနာများအား အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ဆေးရုံ၏ အရေးပေါ်လူနာဌာနကိုလည်း ပိတ်ခဲ့ရကြောင်း ဗြိတိန်အရာရှိများက ဇွန် ၂၆ ရက်၌ ပြောကြားသည်။ ဖြစ်ပွားမှုမှာ ချက်စတာဖီးလ်တော်ဝင် ဆေးရုံအဆောက်အအုံ၏ အ၀င်ပေါက်၌ ဖွင့်လှစ်ထားသော စာအုပ်အရောင်းဆိုင်မှ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ၂၁ နာရီ မိနစ် ၂၀ ၌ မီးစတင်လောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အရေးပေါ် လူနာဌာနမှ လူနာ ၁၅ ဦးအား အမြန်ရွှေ့ပြောင်းပေးခဲ့ရပြီး အခြားဌာနမှ လူနာများကိုလည်း နီးစပ်ရာဆေးရုံများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)

**အာဂျင်တီးနား သမ္မတ ဒုတိယသက်တမ်း ထပ်မံ အရွေးခံမည်**

အာဂျင်တီးနား သမ္မတ ခရစ်စတီးနားကာ့ခ်ျနာက လာမည့် အောက်တိုဘာလတွင် ဒုတိယသက်တမ်း အတွက် ထပ်မံ ရွေးချယ်ခံမည် ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ သမ္မတ နက်စတာကာ့ခ်ျနာ သက်တမ်းနှစ်ကြိမ် ပြည့်ပြီးနောက် ဇနီးဖြစ်သူ ခရစ္စတီးနားက ၀င်ရောက် အရွေးခံကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အာဂျင်တီးနား ဥပဒေ အရ သမ္မတသက်တမ်း
နှစ်ကြိမ်ဆက်ထက် ပိုမလုပ်ရဟု ကန့်သတ်ထားသည်။ သို့ရာတွင် နှစ်ကြိမ်ထက် ပိုမလုပ်ရဟု ကန့်သတ် မထားခဲ့ရာ ဇနီးဖြစ်သူ သက်တမ်း တစ်ကြိမ် ပြီးပါက နတ်စတာ ပြန်အရွေးခံရန် စီစဉ်ထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ကွယ်လွန်သွားခဲ့သည်။
အာဂျင်တီးနား ပါဝါစုံတွဲဟု ခေါ်ဝေါ်ကြသော ကာ့ခ်ျနာ ဇနီးမောင်နှံ၏ တစ်ယောက်တစ်လှည့် သမ္မတ လုပ်မည့် အကြံအစည်မှာ ပျက်ပြားခဲ့ရပြီးနောက် ခရစ္စတီးနားက နောက်တစ်ကြိမ် ကိုယ်တိုင် ပြန်အရွေးခံရန် စီစဉ်ခဲ့ခြင်း
ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် လယ်ယာပို့ကုန်များကို အခွန် တိုးကောက်ရန် စီစဉ်ခဲ့မှုတွင် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး မအောင်မမြင် ဖြစ်ခဲ့ခြင်းနှင့်အတူ ခရစ္စတီးနား အပေါ် ထောက်ခံမှု ကျဆင်းခဲ့သည်။ ယခုအခါတွင် စီးပွားရေး ကောင်းနေခြင်းနှင့် အလုပ်လက်မဲ့ နည်းခြင်းတို့ကြောင့် သူ့အပေါ် ထောက်ခံမှု ပြန်တက်လာနေပြီး ထပ်မံ အနိုင်ရဖွယ် ရှိနေသည်ဟု လေ့လာသူများက သုံးသပ်သည်။

**ဖိလစ်ပိုင်တောင်ပိုင်း၌ ဗုံးပေါက်ကွဲ နှစ်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရရှိ**
(မနီလာ၊ ဇွန် ၂၆ ရက်)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဇွ် ၂၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဖြစ်ပွားမှုမှာ အီဆာဘီလာမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇွန် ၂၅ ရက်ညနေ ၆ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့က ဗုံးထောင်ခဲ့သည်ကို ရဲတပ်ဖွဲ့ ကစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

**နေတိုးအဖွဲ့ပိုင် လောင်စာဆီတင်ယာဉ်များ
ကြမ်းဖက်သမားတို့ ဖောက်ခွဲဖျက်ဆီး**
(ကဘူးလ်၊ ဇွန် ၂၆)
အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ ပိုင်ဆိုင်သည့် လောင်စာဆီတင်ယာဉ်သုံးစီးကို အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး ပစ်လိုက်ကြောင်း အင်တာနက်သတင်းတွင် ဇွန် ၂၅ ရက်က ဖော်ပြသည်။ အခင်းဖြစ်ပွားရာနေရာသို့ နေတိုးရဟတ်ယာဉ်များ ရောက်ရှိလာကြောင်း၊ ယင်းမှာ သေဆုံးသူများအလောင်းနှင့် ဒဏ်ရာရသူများအား သယ်ဆောင်ရန် ဖြစ်နိုင်ကြောင်း အာဖဂန်နစ္စတန် အရာရှိများက ပြောကြားသည်။ ယခုအချိန်အထိ သေဆုံး၊ ဒဏ်ရာရရှိသည့် သတင်းများထုတ်ပြန်ခြင်းမရှိသေးဟု သိရသည်။ ဇွန် ၂၅ ရက်ကလည်း အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်နှင့် နန်ဂါဟာ ပြည်နယ်တို့ ဆက်သွယ်သည့်လမ်းပေါ်၌ နိုင်ငံခြားတပ်ဖွဲ့ဝင်များ၏ ကားတန်းကို တာလီဘန်လက်နက်ကိုင်တို့က တိုက်ခိုက်ပြီး လောင်စာဆီတင်ယာဉ်နှစ်စီးကို ဖျက်ဆီးပစ်ခဲ့သည်။
(အမ်အင်န်အေ၊ ဆင်ဟွာ)

**စုစည်းဘာသာပြန် - မောင်ချစ်ကြည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)