**Public Health**
ကျန်းမာရေးအတွက် မကောင်းတဲ့ အလေ့အထတွေအနက် ဆရာဝန် ကိုးဦးရှိရင် ရှစ်ဦးက -
(၁) ဆေးလိပ်သောက်တာ
(၂) တာရှည် ဒေါသထွက်တာ၊ စိတ်ဖိစီးမှုများတာ ဒါမှမဟုတ် ပူပင်သောကများတာ
(၃) အိမ်နဲ့ အလုပ်မှာ ဒါမှမဟုတ် အိမ်ထောင်ရေးမှာ အဆင်မပြေတာ ဆိုတဲ့ အချက်သုံးခုက ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင် တယ်လို့ ဆိုထားပါတယ်။
-နံပါတ်တစ်အချက်ဖြစ်တဲ့ ဆေးလိပ်သောက်တာဟာ အသက်အန္တရာယ်က ထိခိုက်စေနိုင်တာ အမှန်ပါပဲ။ ဆေးလိပ်မီးခိုးငွေ့ဟာ အဆုတ်ကင်ဆာ အန္တရာယ် ရှိရုံသာမက နှလုံးရောဂါ ထစေနိုင်တဲ့ အန္တရာယ်လည်း များပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ပွ ပန်းနာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်သုံးချက်အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နောက်ထပ် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၄) ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထမရှိတာ၊
(၅) အရက်ကို သောက်နိုင်တဲ့ အတိုင်းအတာထက် ပိုသောက်တာ၊
(၆) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်တာ၊
(၇) ညတိုင်းလိုလို အိပ်ပျော်အောင် အိပ်ဆေးသောက်တာ၊
(၈) နေ့တိုင်း သကြားကဲတဲ့ အရည်တွေနဲ့ သကြားများတဲ့ မုန့်တွေကို စားတာ၊
(၉) ကယ်လိုရီ၊ အဆီ၊ ဆား စတာတွေ များတဲ့ အဆင့်သင့်စာတွေ အစားများတာ၊
(၁ဝ) နံနက်စာ မစားဘဲ နေတာ၊
(၁၁) သွားနဲ့ ခံတွင်း ကျန်းမာရေးကို အလေးမထားတာ၊ (သွားကို ဂရုမစိုက်တာဟာ သွားဖုံးရောဂါကို ဖြစ်စေပြီး အဲဒါနဲ့ ဆက်စပ်ကာ တာရှည် ရောင်ရမ်းပြီး ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ဖြစ်လာစေနိုင်ပါတယ်။)
(၁၂) အကြွေးများများ တင်တာ၊
(၁၃) ကော်ဖီများများ သောက်တာ၊
(၁၄) စိတ်ဖိစီးမှု များလောက်အောင် ဘေးပတ်ဝန်းကျင်က တွန်းအားပေးနေတာ၊
(၁၅) အားလပ်ရက် အပန်းဖြေခရီး မသွားတာ (ဆရာဝန် ကိုးဦးအနက် ခြောက်ဦးက ယူဆတာ ဖြစ်ပါတယ်။)
(၁၆) အလုပ်စွဲနေတာဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ (ဆရာဝန် ကိုးဦးအနက် ခုနစ်ဦးက ယူဆတာ ဖြစ်ပါ တယ်။)
ဇွန် (Ref;RD)
မေမွန်ကျော်

No comments:
Post a Comment