“သခွားသီးမြို့တော်”(သို့) မယ်ရမတ်မြို့နယ်
.............................
မင်္ဂလာပါခင်ဗျာ။ ။ ကျနော်တို့ ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဖက်မှာ မယ်ရမတ် (Mae Ra Mat Distric) မြို့နယ် ဆိုတာရှိပါတယ်။ ထိုင်းနိုင်ငံက မြို့နယ်ကို Town Ship လို့မခေါ်ဝေါ်ပဲ Distric လို့ခေါ်ပြီး ခရိုင်ကို ကျတော့ province လို့ သုံးနှုန်းကြပါတယ်။ မဲဆောက်မြို့ဆိုတာ အားလုံးသိကြတဲ့ အတိုင်း မြန်မာပြည်ထဲကနေ ထိုင်းနိုင်ငံကို လူသားလှိုင်းလုံးကြီးတွေပမာ ၀င်ရောက်လာကြတဲ့အခါမှာ အများဆုံးဝင်ရာ လမ်းကြောင်း ၀င်ပေါက်ကြီးတစ်ခုဖြစ်ပြီး တရားဝင်အပေါ် လမ်း (ထိုင်း - မြန်မာချစ်ကြည်ရေးတံတား) ကလည်း ပိတ်ထားကာ နှစ်ပတ်လည်တိုင်ရှိခဲ့ပါပြီ။ အဲဒီတော့ မဲဆောက်မြို့အကြောင်းပြောရတာ အောက်လှေဂိတ် (ခေါ်) ကုတို့ဆိပ်က အမှတ် (၁) ကနေ အမှတ် (၁၉) အထိ အောက်ကုတို့ဆိပ်ပေါင်း (၁၉) ဂိတ်ရှိလေတော့တစ်နေ့တစ်နေ့ ထိုင်းနိုင်ငံထဲဝင်ကြတာ တစ်ဂိတ်ကို လူ (၁၀) ယောက်ပဲထားဦးတော့၊ ၁၉ ဂိတ် ဆိုတော့ လူက (၁၉၀၀) ဦးရှိနေတယ်လေ။ ဆိုတော့ကာ မဲဆောက်အကြောင်းက အဖန်တစ်ရာ အလီလီအထပ်ထပ်ပြောပြီးပြန်တော့ မဲဆောက်မြို့ မြောက်ဖက်က “မယ်ရမတ်မြို့နယ်” အကြောင်း ဒီတစ်လှည့် ပြောပြရဦးမယ်။
(မယ့်ချရောချောင်းရေတက်လာရင် ဟိုဘက်ကမ်းက ကလေးတွေ ဒီဘက်ကမ်းကလမ်းသစ်ကျောင်းဆီကို ရောက်မလာကြဘူးတဲ့)
.....................................................................
ကိုင်း … ဒီကနေ့ မယ်ရမတ်မြို့နယ်ရောက် မြန်မာအလုပ်သမားတွေ (မြန်မာစိုက်ပျိုးရေးလုပ်သား၊ ခြံတောင်ယာလုပ်သူတွေ) ဘယ်လိုသီးနှံတွေကို အဓိကထား စိုက်ပျိုးနေကြသလဲ?...။ “သခွားသီး”ကတော့ ပေါမှ ပေါပဲဗျို့။ “သခွားသီးမြို့တော်” လို့တောင်တင်စားလိုက်ချင်ပါဘိ။
**သခွားသီးတွေကို ဒီလိုလမ်းဘေးမှာ ပုံထားလို့**
**သခွားသီးစိုက်ခင်းအတွင်းက သခွားသီးသေးသေးလေးတွေ**
.....................................
**ပြောင်းခင်းဆိုတာကတော့ မယ်ရမတ်အပါအ၀င် တာ့(ခ်)ခရိုင်မှာ အားလုံးစိုက်ကြတာပါပဲ**
.........................................
အဲ… ပြောင်းစိုက်တာ၊ ကြံစိုက်တာ၊ ငြုပ်သီးစိုက်တာ၊ ပဲစိုက်တာကတော့ တာ့(ခ်)ပြည်နယ်အခွင်မှာ မဲဆောက်မယ်ရမတ်မြို့နယ် ၆ ခုစလုံးမှာ ဘာမှမထူးပါဘူး။ အတူတူပါပဲ မယ်ရမတ်မြို့နယ်မှာ ကတော့ သခွားသီး စိုက်တာကတော့ ပိုမိုထူးခြားနေတာမို့လို့ ဟောဒီမှာ ကြည့်ကြပါဗျို့။
**မယ်ရမတ်မြို့နယ်မှာ ကတော့ သခွားသီး စိုက်တာကတော့**
**မယ်ချရော တိုက်နယ် လမ်းသစ်ကျောင်း အနီးက ဘောက်ရုံ (ခေါ်) အိမ်ဆောက်ပစ္စည်းအလုပ်ရုံ**
....................................
ဒါ့အပြင် ကျနော်တို့ရဲ့ချစ်လှစွာသော အဲဒီဒေသအတွင်းက မယ့်ချရော တိုက်နယ်အတွင်းက မြန်မာစိုက်ပျိုးရေးလုပ်သား၊ မြန်မာဆောက်လုပ်ရေးလုပ်သား၊ မြန်မာအိမ်တွင်းမှုလုပ်ငန်းလုပ်သား၊ မြန်မာမွေးမြူရေးလုပ်သား စသဖြင့်အရေအတွက် ၁၅၀၀၀ ခန့်ရှိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရယ်၊ သူတို့ရဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း လုံးဝမရှိတဲ့ ဘ၀တွေရယ်ကို မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က စာနာနားလည်သောအားဖြင့် ဟောဒီ မူလတန်းကျောင်းလေးကို မကြာမီရက်ပိုင်းက ဖွင့်လှစ်လိုက်ပါသတဲ့။ လွန်ခဲ့သော သုံးနှစ်လောက်ကတည်းက ဒေသအတွင်းက လူထုထံမှာ ပုံပြောသလိုပြောပြီး ရန်ပုံငွေတွေသာ ယူသွားကြတယ်၊
**မယ်ကုဆန္ဒကျေးရွာ အိမ်တွင်းမှု အထည်ချူပ်ရုံ.**.

(မယ်ရမတ်မြို့နယ် ၊ မယ့်ချရောတိုက်နယ် တနေရာက မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ တဲအိမ်အချို့)
..............................................
စာသင်ကျောင်းက ဖြစ်မလာဘူးဆိုတဲ့ မယ့်ချရောတိုက်နယ်(Mae Cha Rao Village Tract)က မြန်မာရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်တွေအတွက် “လမ်းသစ်” ပညာသင်ကြားရေးဌာန (New Road Learning Centre) ဆိုတာ ရပ်ကွက် ၆ မှာရှိနေပါပြီ။
**လမ်းသစ်ကျောင်းရှေ့ ထိုင်းနိုင်ငံအလံ နှစ်လက်ကြားက လမ်းသစ်ဖောက်သူအချို့အမှတ်တရ**

လောလောဆယ်ကလေး ၃၀ ဦး တက်ရောက်နေပြီး တဆင့်စကားတဆင့်နားနဲ့ ကောင်းသတင်းတွေကို သယ်ဆောင်ကြရင်း မကြာမီမှာ ကလေး ၆၀ ဦး အနည်းဆုံးတက်ရောက်ဖို့ မျှော်လင့်ထားကြောင်း “လမ်းသစ်” ကျောင်းက အိပ်မက်သစ်၊ လမ်းသစ် ဖောက်လုပ်သူတွေက ပြောကြပါတယ်။ ကဲ… ဟောဒီဓာတ်ပုံတွေကို ရှုစားပြီး ပီတိတွေမျှဝေစားသုံးလိုက်ပါဦး။
**Thailand Labour Rights& Law Discussion From Mae Cha Rao Village Tract**

**လမ်းသစ်ကျောင်းမှ ရင်သွေးငယ်များ**
**လမ်းသစ်ကျောင်းမှ ရင်သွေးငယ်များ**
**လမ်းသစ်ကျောင်းမှ ရင်သွေးငယ်များ**
**သတင်းမှတ်တမ်း - သောင်းရင်းနဂါး (မြန်မာပြည်သား)**

No comments:
Post a Comment