''မင်းနှလုံးသားထဲက ခံစားချက်တွေကို
တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်နော်
ဥပမာ ငါ့ကိုဖြစ်ဖြစ်ပေါ့....................
မင်းမှာမဖြစ်သေးတာတွေရှိရင်လဲ
စိတ်မညစ်ပါနဲ့ကွာ
မင်းအနားမှာ မင်းကိုအားပေးမဲ့
သူငယ်ချင်းတွေရှိပါတယ်.....................
မင်းအတွက်ငါဆိုတဲ့ သူငယ်ချင်းလေးက
အစဉ်မြဲ ဆုတောင်းပေးနေမှာပါ
ဘယ်တော့မှအားမငယ်ပါနဲ့နော်........................
တစ်ခုတော့ရှိတာပေါ့ သူငယ်ချင်းရယ်
တစ်ခါတစ်ခါတော့ ငါလည်း
စိတ်ညစ်တတ်ပါတယ် ငါစိတ်ညစ်ရင်လည်း
မင်းကငါ့ကို အားပေးပါ့မလား....................
ငါကတော့အမြဲတမ်းကိုယ့်ကိုယ်ကို
အားပေးခဲ့ရတာတွေများပါပြီ
သူငယ်ချင်းရယ်....................။.
**ယွန်မီကို**

No comments:
Post a Comment