**ရှားပါးသည့် တွားသွားသတ္တ၀ါ ၄၃၁ ကောင် ပြွတ်သိပ်ထည့်ထားသည့် ခရီးဆောင်အိတ်ကြီးတစ်လုံးကိုဗန်ကောက်လေဆိပ်၌ တွေ့ရှိ**
လိပ်နှင့် မိကျောင်းများထည့်ထားသည့်အိတ် ဗန်ကောက်လေဆိပ်၌ လိပ်များနှင့် အခြားရှားပါးသည့် တွားသွားသတ္တ၀ါ ၄၃၁ ကောင် ပြွတ်သိပ်ထည့်ထားသည့် ခရီးဆောင်အိတ်ကြီးတစ်လုံးကို အကော က်ခွန်အရာရှိများက တွေ့ရှိခဲ့ကြောင်း ဇွန် ၃ ရက်က အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြထားသည်။ အဆိုပါခရီးဆောင်အိတ်ကြီးအတွင်း လက်ဆွဲသေတ္တာငယ်လေးလုံးဖြင့် ရှားပါးအိန္ဒိယလိပ်များနှင့် မိကျောင်းပေါက်များကို သီးခြားစီခွဲခြားကာ ထည့်ထားခြင်းဖြစ်ကြောင်း၊ ၄င်းအိတ်ကြီးကို ဇွန် ၂ ရက်က အဆိုပါလေဆိပ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
**ဗြိတိန်ရေနံချက်စက်ရုံပေါက်ကွဲမီးလောင်၊ နှစ်ဦးသေဆုံး**
(လန်ဒန်၊ ဇွန် ၃)
ဗြိတိန်နိုင်ငံအနောက်တောင်ပိုင်းရှိ ချီဗ်ရွန်ရေနံချက်စက်ရုံ၌ ဇွန် ၂ ရက်က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးခဲ့ကြောင်းးပြည်တွင်းမီဒီယာများက ဇွန် ၃ ရက်၌ ဖော်ပြသည်။ အဆိုပါ ရေနံချက်စက်ရုံမှာ ဝေလပြည်နယ် ပွမ်ဘရိုကီမြို့အနီး၌ တည်ရှိပြီး ဇွန် ၂ ရက် ဒေသစံတော်ချိန် ၁၈ နာရီ မိနစ် ၂၀ ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲ မီလောင်မှုဖြစ်ပွားရာ ရေနံချက်စက်ရုံသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ ရောက်ရှိလာပြီး တစ်နာရီ မိနစ် ၃၀ ခန့်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရသည်။ စက်ရုံပေါက်ကွဲမီးလောင်မှုနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယင်းရေနံချက်စက်ရုံသည် တစ်နေ့လျှင်ရေနံစိမ်း စည်ပေါင်း ၂၂၀၀၀၀ကို သန့်စင်ချက်လုပ်ပေးနိုင်ပြီး အခြားရေနံထွက်ပစ္စည်းများကို လည်း ထုတ်လုပ်ပေးနေသော စက်ရုံဖြစ်သည်။ (အင်တာနက်)
**တူနီးရှားကမ်းလွန်၌ သင်္ဘောနစ်မြုပ်၊လူ ၂၇၀ ကျော်ပျောက်ဆုံး**
(တူးနစ်၊ ဇွန် ၃)
အီတလီနိုင်ငံသို့ ဦးတည်မောင်းနှင်းလာသော သင်္ဘောတစ်စင်း တူနီးရှားကမ်းလွန်၌ ဇွန် ၂ ရက်က တိမ်းမှောက်နစ်မြုပ်ခဲ့ရာလူ ၂၇၀ ကျော် ပျောက်ဆုံး လျက်ရှိကြောင်း တူနီးရှားအရာရှိများက ဇွန် ၃ ရက်၌ ပြောကြားသည်။ အဆိုပါသင်္ဘောပေါ်တွင် အီတလီနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မည့် လူ ၅၇၀ ခန့် တင်ဆောင်ထားရာ တူနီးရှားနိုင်ငံ ကာကင်နက်ကျွန်းစုအနီးတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်ရာသို့ ကယ်ဆယ်ရေးရေးယာဉ်များ သွားရောက်ကယ်ဆယ်ခဲ့သဖြင့် လူ ၂၀၀ ခန့်အား ကယ်တင်နိုင်ခဲ့သည်။ ယင်းတို့အနက် ဒဏ်ရာရရှိသူအချို့ကို တူနီးရှား နိုင်ငံတောင်ပိုင်းရှိ ဆေးရုံသို့တင်ပို့ပေးထားပြီး ကျန်လူများကို ချိုချာမြို့ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ပေးထားသည်။ ၄င်းသင်္ဘောမှာ သတ်မှတ်ထားသည့် ဦးရေထက် ပိုမိုတင်ဆောင်ထားခြင်းကြောင်း နစ်မြုစ်ခဲ့ခြင်းဖြစ်ကြောင်း တူနီးရှားအရှာရှိများက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment