ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 30, 2011

ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

>
** အာရှအသင်းများ ၂၀၁၄ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကစားမည် **
(ဆိုးလ်၊ ဇွန်လ ၂၈ ရက် ၂၀၁၁)
အာရှနိုင်ငံများ၏ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွကို ဇွန်လ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ရာ ပထမအကျော့ပွဲစဉ်များကို ကျော်ဖြတ်နိုင်ရန် အသီးသီးရည်မှန်းထားကြသည်ဟု ဆိုသည်။ အနိုင်ရရှိသော အသင်းများသည် ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပမည့် ဒုတိယအကျော့ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ယခုရက်သတ္တပတ်ပွဲစဉ်ဇယားများအရ အာဖဂန်နစ္စတန်သည် ပါလက်စတိုင်းနှင့်လည်းကောင်း၊ ဖိလစ်ပိုင်သည် သီရိလင်္ကာနှင့်လည်းကောင်း၊ ကစားကြမည်ဖြစ်ပြီး အရှေ့တောင်အာရှပြိုင်ဘက်များအဖြစ် ကမ္ဘောဒီးယားနှင့် လာအိုတို့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။ ထို့ပြင် မလေးရှားသည် တရုတ်(တိုင်ပေ)အသင်းနှင့်လည်းကောင်း၊ ဗီယက်နမ်သည် မကာအိုနှင့်လည်းကောင်း၊ ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်နှင့် လည်းကောင်း၊ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (အင်တာနက်)

(Japan told to grow sunflowers in radioactive soil)

** အဏုမြူဓာတ်ရောင်ခြည် ညစ်ညမ်းမှုကို သုတ်သင်ရန် ဂျပန်ပြည်သူများ နေကြာပင် စိုက်ပျိုးမည် **

ကြွနေသော မြေဆီလွှာအတွင်း ညစ်ညမ်းမှုကို သုတ်သင်ရှင်းလင်းနိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေကြာပင်များစိုက်ပျိုးကြရန် စည်းရုံးလှုံ့ဆော်လျက်ရှိကြောင်း ဂျပန်သတင်းဌာနများက ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဂျပန်နိုင်ငံတွင် မတ်လက မြေငလျင်လှုပ်မှုနှင့်အတူ ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် ဖူကူရှီးမားညူကလီးယားဓာတ်အားပေးစက်ရုံပျက်ဆီးခဲ့ရပြီး အဏုမြူဓာတ်ရောင်ခြည်ဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့သည်။ ဂျပန်ပြည်သူများသည် ယခုနှစ်မှစ၍ နေကြာပင်များကို စိုက်ပျိုးကြရန်၊ ဖြစ်ထွန်းအောင်မြင်လာသော နေကြာပင်များမှ မျိုးစေ့များထုတ်ယူပြီး အဏုမြူဓာတ်ရောင်ခြည်သင့်ရောက်ခဲ့ရသောဒေသများသို့ ယင်းမျိုးစေ့များကို ပို့ဆောင်ကာ အဏုမြူဓာတ်ရောင်ခြည်လှိုင်းများ သင့်ရောက်နေသောဒေသများတွင် လာမည့်နှစ်မှစ၍ နေကြာပင်များကို တိုးချဲ့စိုက်ပျိုးသွားရန် စည်းရုံးလှုံ့ဆော်သူများက ပြည်သူများအား တိုက်တွန်းလျက်ရှိသည်။ (အင်တာနက်)

** မိုးခေါင်ဘေးသင့် အရှေ့အာဖရိကနိုင်ငံများမှ ပြည်သူကိုးသန်းကျော် အကူအညီများလိုအပ်နေ **
(ဂျီနီဗာ၊ ဇွန် ၂၈ ရက် ၂၀၁၁)
မိုးခေါင်ရေရှားဒဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော အာဖရိကဦးချိုဒေသနိုင်ငံများမှ ပြည်သူကိုးသန်းကျော်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကုလမဂက အင်္ဂါနေ့တွင် ပြောကြားသည်။ အရှေ့အာဖရိကဒေသသည် ၁၉၅၀ ခုနှစ်မှစ၍ မိုးခေါင်ရေရှားသဘာဝကပ်ဘေးများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုဖြစ်ပွားနေသော မိုးခေါင်မှုသည်လည်း အဆိုးရွားဆုံးကပ်ဘေးများတွင် ပါဝင်လာကြောင်း ကုလသမဂအကူအညီပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းမှုရုံး ပြောရေးဆိုင်ခွင့်ရှိသူက ပြောကြားသည်။ (အေပီ)

** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)