(Chopper crash kills 9 police officers, 3 injured…)
**ကိုလံဘီယာ၌ ရဟတ်ယာဉ်ပျက်ကျ ကိုးဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ**
(ဘိုဂိုတာ၊ ဇွန် ၁၂)
ကိုလံဘီယာနိုင်ငံ ကာဆာနာရီပြည်နယ် အရှေ့မြောက်ပိုင်းတွင် ဇွန် ၁ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ ကိုလံဘီယာ ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး သုံးဦးးဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာအမျိုးသား ရဲတပ်ဖွဲ့က ဇွန် ၁၂ ရက်၌ ပြောကြားသည်။ ၄င်းရဟတ်ယာဉ်သည် တာဝန်ပြောင်းလဲထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို တင်ဆောင်ကာ ဆာလီနက်စ်မြို့ လေဆိပ်မှ ပျံတက်ပြီး မကြာမီစက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် တောင်တန်းဒေသ၌ ပျက်ကျခဲ့ခြင်း ခြင်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

(Somalian pirates. (Getty Images - for illustrative purposes only)
**ပြန်ပေးဆွဲခံရထားသော ကူဝိတ်ရေနံတင်သင်္ဘော ဆိုမာလီဓားပြများပြန်လွှတ်ပေး**
(နိုင်ရိုဘီ၊ ဇန် ၁၂)
ပြန်ပေးဆွဲခံထားရသော ကူဝိတ်ရေနံတင်သင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၂၉ ဦးကို ဆိုမာလီ ပင်လယ်ဓားပြများက ဇွန် ၁၁ ရက်က ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသဆိုင်ရာ ရေကြောင်း အရာရှိများက ဇွန် ၁၂ ရက်၌ အတည်ပြုပြောကြားသည်။ ၄င်းသင်္ဘောကို အေဒင်ပင်လယ်ကွေ့ အရှေ့ပိုင်း ဆာလာလက်ကျွန်း အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်၌ ပြီးခဲ့သည့် မတ်လက ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) အလံလွှင့်ထူထားပြီး ၄ င်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် သင်္ဘောလည်းးဖြစ်သည်။ ယင်းသင်္ဘောမှာ ဆူဒန်နိုင်ငံ ဘာရှာယာမြို့ ဆိပ်ကမ်းမှ စင်ကာပူနိုင်ငံသို့ မောင်းနှင်လာစဉ် ပင်လယ်ဓားပြများ၏ အပိုင်စီးခံခဲ့ရခြင်းဖြစ်ပြီးသင်္ဘောပေါ်တွင် ခရိုအေးရှားတစ်ဦး၊ အီရတ်တစ်ဦး၊ ဖိလစ်ပိုင်တစ်ဦး၊ အိန္ဒိယတစ်ဦး၊ ဂျော်ဒန်သုံးဦး၊ အီဂျစ်သုံးဦး၊ ယူကရိန်းနှစ်ဦးနှင့် ပါကစ္စတန် ၁၇ ဦးတို့ လိုက်ပါခဲ့ကြသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment