**အန်ဒရီဗီးလက်စ် - ဘို့စ် ..ချယ်လ်ဆီးအသင်း၏ မန်နေဂျာသစ်ဖြစ်လာ**
(လန်ဒန်၊ ဇွန် ၂၂)
၂၀၁၀ - ၂၀၁၁ ဘောလုံးရာသီ ပရီမီယာလိဂ်ပွဲ ပြီးဆုံးသည့် ရက်မှပင်နည်းပြလက်မဲ့ဖြစ်နေသည့် ချယ်လ်ဆီးအသင်းသည် ယခုအချိန်တွင် ပေါ်တိုနည်းပြ အန်ဒရီဗီးလက်စ် - ဘို့စ်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ ချယ်လ်ဆီးအသင်းသည် အသက် (၃၃) နှစ်ရှိ အန်ဒရီဗီးလက်စ် - ဘို့စ်ကို စတမ်းဖို့ဒ် ဘရက်ခ်ျသို့ ခေါ်ယူရာတွင် တစ်နှစ်လုပ်ခလစာ ပေါင် ၄ ဒသမ ၄ သန်းပေးရသည်ဟုဆိုသည်။ ၄င်းသည် ၂၀၀၄ ခုနစ်က ရုရှားသူဌေးအေဗရာမိုဗစ်ခ်ျ ချယ်လ်ဆီးကို ၀ယ်ယူပြီးနောက်တွင် ချယ်လ်ဆီးအတွက် ရှစ်ဦးမြောက်ရောက်ရှိလာသည့် နည်းပြဖြစ်သည်။
အန်ဒရီဗီးလက်စ် - ဘို့စ်ရောက်လာချိန်တွင် ချယ်ဆီးကစားသမားများ ဖြစ်သည့် လမ်းပတ်နှင့် ဒရော့ဘာတို့၏ အနာဂတ်မှာလည်း မသေချာ မရေရာဖြစ်လာခဲ့ပြီဟု ဆိုသည်။ ထို့အပြင် ပေါ်တိုအသင်းသည်လည်း နည်းပြကောင်းတစ်ဦးဆုံးရှုံးလိုက်ရပြီဖြစ်သလို အသင်းတွင် အားထားရသည့် တိုက်စစ်မှူးဖယ်ကာအိုနှင့် ကွင်းလယ်ကစားသမား မော်တင်ဟို တို့ကိုလည်း လက်လွှတ်ရရန် ရာနှုန်းများနေသည်။ (The Sun)
**၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးခန့်မှန်းသူများအဖြစ် ရေဘ၀ဲများ ပါဝင်လာဦးမည်**
(ဘာလင်၊ ဇွန် ၂၂၀
လာမည့် ဇွန် ၂၆ ရက်နေ့တွင် ဂျာမနီနိုင်ငံ၌ ကျင်းပတော့မည့် ၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် ဘောလုံးခန့်မှန်းသူများအဖြစ် ရေဘ၀ဲများ၏ အခန်းကဏ္ဍကလည်း ပါဝင်လာဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေဘ၀ဲပေါလ်၏ အံ့သြဖွယ်ခန့်မှန်းမှုများကို တစ်ကမ္ဘာလုံးရှိ ပရိသတ်များ စိတ်မ၀င်စားဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။ သို့သော် ရေဘ၀ဲပေါလ်မှာ သေဆုံးသွားခဲ့ပြီး ဖြစ်၍ ၄င်းး၏နေရာကို ဆက်ခံနိုင်မည့်မျိုးဆက်သစ်ကို ဂျာမနီများက စစ်သပ်နေသည်မှာ အချိန်ကာလအတိုင်းအတာတစ်ခုထိရှိလာခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင်ဂျာမန်များသည် ပေါလ်နေရာကို အစားထိုးနိုင်ရန် အတွက် ရေဘ၀ဲရှစ်ကော င် တိတိ လျာထား လျက်ရှိပြီး အဆိုပါ ရှစ်ကောင်ကို ဂျာမနီ၏ မြို့ကြီးရှစ်မြို့တွင်ထားကာ ဂျာမနီအသင်း၏ ပွဲစဉ်တိုင်းကို ခန့်မှန်းစေမည်ဖြစ်သည်။ ထိုသို့ခန့်မှန်းရာတွင် အများဆုံးမှန်ကန်အောင်ခန့်မှန်းနိုင်သည့် ရေဘ၀ဲသည် ပေါလ်၏ မျိုးဆက်အဖြစ် ဆက်ခံခွင့်ရရှိမည်ဖြစ်သည်။ (အင်တာနက်)
**ကိုရီးယားမင်းသမီး ဂျန်ယုမီ တရုတ်ဇာတ်လမ်းသစ်တွင် ပါဝင်သရုပ်ဆောင်မည်**
ကိုရီးယားမင်းသမီး ဂျန်ယုမီသည် လာမည့် တရုတ်ဇာတ်ကားတစ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သူ၏အေဂျင်စီက ထုတ်ဖော်ပြောကြားသည်။ မင်းသမီး ဂျန်ယုမီ၏ အေဂျင်စီ Neos က တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ ၄င်းတို့၏ မင်းသမီးသည် ဟောင်ကောင် မင်းသား လီယွန်လဲ၊ မင်းသမီး ဂါမအို ယန်ယန်နှင့်အတူ တရုတ်ရုပ်ရှင်ဇာတ်ကား Nobleman’s path ဇာတ်ကားတွင် မွန်းဝမ်အဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဤဇာတ်ကားကို အာရှဒေသတစ်ဝန်းသို့ ယခုနှစ်နှောက်ပိုင်းတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ ဂျန်ယုမီသည် အနုပညာလောကသို့ ၂၀၀၃ ခုနှစ်တွင် စတင်ဝင်ရောက်လာပြီး ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားအများအပြားမှာ နာမည်ကျော်လူသိများသည့် ဇာတ်ကားများမှာ ၂၀၀၇ ခုနှစ်က တရုတ်ရုပ်သံဇာတ်လမ်းတွဲ Five Star Hotel ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများဖြစ်သည့် ၂၀၀၈ ခုနှစ်က The Great King Sejong ၂၀၀၉ ခုနှစ်က Friend Our Legend ၂၀၁၀ ခုနှစ်က Dong Yi – Jewel in the Crown ဇာတ်ကားများ ဖြစ်သည်။ (အင်တာနက်)
** နာမည်ကျော်ပန်ချီးကားအကြောင်း ဇာတ်ကာားရိုက်ကူးမည်**
ပန်းချီဆရာ ဟူအန်ဂေါင်ဝန်၏ နာမည်ကျော်ပန်းချီကား Dwelling in the Fuchun Mountains နှင့် ပတ်သက်သည့် အက်ရှင်ဇာတ်ကားတစ်ကားကို စက်တင်ဘာလအတွင်း ရိုက်ကူး သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းဇာတ်ကားတွင် နာမည်ကျော် ဟောင်ကောင်မင်းသား အန်ဒီလျူနှင့် မော်ဒယ်လ်သရုပ်ဆောင် မင်းသမီး လင်ချီလိုင်တို့က အဓိကဇာတ်ဆောင်များ အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်ပြီး ဤဇာတ်ကားတွင် ၄င်းတို့နှစ်ဦး၏ ဆက်သွယ်ပတ်သက်မှုမှာ အမေရိကန် ဇာတ်ကား Mr. and Mrs. Smith ဇာတ်ကားမှာ အဓိကဇာတ်ကားများကဲ့သို့ စိတ်ဝင်စားဖွယ်ပတ်သတ်မှုများရှိနေမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ ဤဇာတ်ကားကို တရုတ် ဒါရိုက်တာနှင့် အမေရိကန်ဒါရိုက်တာတို့က ပူးတွဲရိုက်ကူးသွားမည်ဖြစ်ပြီး ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို နိုင်ငံ လေးနိုင်ငံမှာ မြို့ကြီးခြောက်မြို့ဖြစ်သည့် ဟန်ကျိုးမြို့၊ ဖူယန်မြို့၊ တိုင်ပေမြို့၊ တိုကျိုမြို့၊ မီလန်မြို့နှင့် ဒူဘိုင်းမြို့တို့ပါဝင်မည်ဟု ဆိုသည်။ ဤဇာတ်ကားသည် Dwelling in the Fuchun Mountains ပန်းချီကားနှင့် ပတ်သတ်ပြီး အများပြည်သူကြည့်ရှုလေ့လာရန် ခင်းကျင်းပြသထားရာ လူဆိုးဂိုဏ်များက လုယက်တိုက်ခိုက်ပုံအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment