(Sliver & Gold Garment Factory)
..............................................
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့ ပိုင်း ဟိုဖွိုင်ရပ် တနေရာမှာ ဆိုင်ကယ်စီး ထိုင်းလမ်းသူရဲ
တွေက စက်ရုံက အချိန်ပိုအလုပ်ဆင်းပြီး အိမ်ပြန်ကြတဲ့ မြန်မာအလုပ်သမ(၂)ဦးကို မနေ့ ကည
ပိုင်းက ပြန်ပေးဆွဲ ခဲ့တယ်လို့ သိရပါတယ်။အခင်းဖြစ်ပွားပုံ ကိုမျက်မြင်တဦးပြောပြတာက ‘မနေ့ 
က ည ၁၀ နာရီ လောက်မှာ ကျမတို့ ဟိုဖွိုင်ရပ် ဓာတ်ဆီဆိုင် အနားမှာ ဆိုင်ကယ်တွေ တ၀ီဝီနဲ့ 
သွားလာနေတဲ့အသံကို ကြားတဲ့လူတွေက ထွက်ကြည့်တော့ မိန်းခလေးတဦးက ကယ်ပါဘာ
ညာနဲ့  အော်တယ် ။ ကြားတဲ့သူတွေက ထွက်ကြည့်ပြီး ညာသံပေးပြီး လိုက်ကြတော့ အဲဒီမိန်းခ
လေးကို ဓာတ်ဆီဆိုင်ရှေ့ က မြောင်းထဲပစ်ချသွားတယ်။အခြားမိန်းခလေး တဦးအသံကတော့
ဆိုင်ကယ်သံတွေနဲ့ ရောပြီးပါသွားတာကြားလိုက်ရတယ်။နာရီဝက်လောက်ကြာမှ မဲဆောက်
ရဲစခန်းက ရောက်လာတာတွေရတယ်။လမ်းပေါ်မှာ လူ၂၀၀ကျော်လောက် ထွက်ကြည့်နေကြ
တယ်လေ….။”
(ဓာတ်ဆီဆိုင်ရှေ့ က မြောင်းထဲပစ်ချပုံကို ညွှန်ပြနေပုံ...)
ဒီလိုနဲ့  အခင်းဖြစ်ပွားဖို့ တာစူခဲ့တဲ့ Sliver & Gold Garment Factory (မြန်မာတို့ အခေါ်-
ရွာသူကြီးစက်ရုံ) ကမြန်မာအလုပ်သမ (၂)ဦးပြောပြတာက ဒီလိုပါ ။ “မနေ့ က ကျမတို့ စက်
ရုံ မှာလစာထုတ်တယ် ။ ဒါပေမယ့် အိုတီ အချိန်အထိ အလုပ်လုပ်ပေးရတယ် ။ကျမတို့  စက်
ရုံက လူ၂၀၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံပါ ။ လစာထုတ်ပြီး ကျမတို့ လက်ထဲမှာ ပိုက်ဆံ
တွေ ဘာတွေ ရှိမယ်။သူတို့ အတွက် မူးယစ်ဆေးတွေ ဘာတွေ ၀ယ်ဖို့ လုယက်ကြမယ်ထင်ပါ
တယ်။ ည၈နာရီလောက်ကတည်းက သူတို့ လမ်းသူရဲတွေ ဆိုင်ကယ်တွေအများကြီးနဲ့  ခန့် 
မှန်းခြေ နှစ်ယောက်တစီး၊ သုံးယောက်တစီးနဲ့  အစီး၃၀ လောက်ရှိမယ်။ အဲဒါ စက်ရုံရှေ့ မှာ ၀ဲ
နေတာပဲ ။ အိုတီ လည်းဆင်းပြီး အိမ်ပြန်ကြရော ဒီပြသာနာပေါ်လာတာပဲ”
(စက်ရုံရှေ့ ကအာရှကားလမ်းမ ကြီးတနေရာမှ ဆိုင်ကယ်စီးလမ်းသူရဲအုပ်စုနေရာယူခဲ့သောနေရာ)....
“ ကျမတို့  အချင်းချင်း ဖုန်းဆက်ပြီး မေးကြတော့ အခုစက်ရုံထဲမှာ နေကြသူတွေထဲကမပါဘူး
တဲ့ ။ အပြင်တန်းလျားမှာ နေသူတဦးဦးဖြစ်မယ်။ အခုထိတော့ မြောင်းဘေးကို ပစ်ချခဲ့သူတ
ယောက်ကလွဲရင် နောက်တယောက်က ပြန်မရောက်လာသေးဘူး။ ကျမတို့ မန်နေဂျာတွေ
ဘာတွေက ရဲစခန်းကိုလိုက်ပေးပါတယ်” ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှာ အခုလို
ဆိုင်ကယ်စီးလမ်းသူရဲများရဲ့  ပြန်ပေးဆွဲ တဲ့ပုံစံမျိုးနဲ့ အနိုင်ကျင့်မှုမျိုးကို မြန်မာအလုပ်သမား
တွေထဲမှာမကြာခဏ ဖြစ်ပေါ်လေ့ရှိပြီးတော့ များသောအားဖြင့် မယ်ပ ကျေးနယ်အပိုင်ရပ်ကွက်
ကျေးရွာများ ၊ မယ်တော်ကျေးနယ်အပိုင်ရပ်ကွက်ကျေးရွာများမှာ နေထိုင်တဲ့ မြန်မာအလုပ်သမား
တွေခံရတာများပါတယ်။ဆက်လက် စုံစမ်းနေဆဲပါပဲ….။
သတင်း - သောင်ရင်းနဂါး
ဓာတ်ပုံ,...JACBA

No comments:
Post a Comment