**ဟိမ၀န္တာတောင်ကြောပေါ်၌ ၁၂ ရက်ကြာလမ်းပျောက်ခဲ့သူ ဂျပန်အမျိုးသမီး အသက်ရှင်လွတ်မြောက်**
(ခေတ္တမန္ဒူ၊ ဇွန် ၁၁)
နီပေါနိုင်ငံ ဟိမ၀န္တာတောင်တန်းပေါ်၌ ၁၂ ရက်ကြာမျှလမ်းပျောက်ခဲ့ရသော ဂျပန်အမျိုးသမီးတစ်ဦးက ၄င်းသည် မျှစ်များကို ချိုးဖဲ့စားသုံး၍ သောက်ရေဖြင့် မျှောချကာ အသက်ဆက်ခဲ့ရကြောင်းအေအက်ဖ်ပီ သတင်းဌာနသို့ သောကြာနေ့က ပြောကြားသည်။ မာကီကိုအိုင်ဝါဖူချီ အမည်ရှိ အသက် (၄၉) နှစ်အရွယ်ဂျပန် အမျိုးသမီးသည် ဟိမ၀န္တာတောင်ကြောအထက် အမြင့်ပေ ၁၄၃၇၀ ၌တည်ရှိသော ဟိန္ဒူဘာသာဝင်တို့၏ အထွက်အမြတ်နေရာတစ်ခုဖြစ်သည့် ဂိုဆန်ကွန်ဒါရေအိုင်သို့ သွားရောက်ရန် မေ ၂၅ ရက်တွင် ၄င်းတည်ခိုနေသော ဟိုတယ်မှထွက်ခွာခဲ့သည်။ သို့ရာတွင် အိုင်ဝါဖူချီသည် ဂိုဆန်ကွန်ဒါရေအိုင်သို့မရောက်ဘဲ တောထဲ၌ ၁၂ ရက်ကြာလမ်းပျောက်ခဲ့ရပြီး ဘုရားဖူးအဖွဲ့တစ်ဖွဲ့က ၄င်းကို ကံကောင်းထောက်မစွာတွေ့ရှိ ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ မိမိသည် လိုဏ်ဂူတစ်ခုအတွင်း နှစ်ရက်ကြာမျှ ခိုလျှံနေခဲ့ရပြီးနောက်ပိုင်း၌ သစ်ရွက်များ၊ မျှစ်များစားသုံးကာ ရေကို အ၀သောက်၍ အသက်ဆက်ခဲ့ရကြောင်း အိုင်ဝါဖူချီကပြောကြားခဲ့သည်။ (အေအက်ဖ်ပီ)
**ကမ္ဘာတစ်ဝန်းရှိ အန္တရာယ်များသော အလုပ်ခွင်များ၌ ကလေးသန်း ၁၀၀ ကျော် အလုပ်လုပ်နေကြရ**(ဂျီနီဗာ၊ ဇွန် ၁၁)
နေ့စဉ် တစ်မိနစ်ကြာတိုင်း ကမ္ဘပေါ်၌ ကလေးအလုပ်သမားတစ်ဦး လုပ်ငန်းခွင်နှင့် ဆက်နွှယ်သော အတော်တဆမှု၊ နာမကျန်းဖြစ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှုစသော ဘေးတစ်ခုခုကို ကြုံတွေ့ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(အိုင်အယ်လ်အို) က ဇွန် ၁၀ ရက်တွင်ပြောကြားသည်။ ကမ္ဘာတစ်ဝန်းလုံး၌ ခန့်မှန်းခြေအားဖြင့် ကလေး ၁၁၅ သန်းမျှတို့သည် ဘေးအန္တရာယ်များသော လုပ်ငန်းခွင်များ၌ အလုပ်လုပ်နေကြရကြောင်း ကမ္ဘာ့ကလေးလုပ်သားအသုံးပြုမှုတိုက်ဖျက်ရေးနေ့မတိုင်မှ တစ်ရက်အလိုတွင် ထုတ်ပြန်သော အိုင်အယ်လ်အို၏ အစီရင်ခံစား၌ ဖော်ပြထားသည်။ အဆိုပါ ကိန်းဂဏန်းအရေအတွက်သည် တွက်ချက်မည်ဆိုပါက အကြမ်းဖျင်းအားဖြင့် ၂၁၅ သန်းမျှရှိသော ကမ္ဘာပေါ်ရှိကလေးအလုပ်သမားထု၏ ထက်ဝက်မျှကိုသာ ကိုယ်စားပြုကြောင်း အိုင်အယ်လ်အို၏ လေ့လာချက်တွင် ဖော်ပြသည်။ ကလေးလုပ်သားပြဿနာနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းအရေးကြီးသော အောင်မြင်မှုများရခဲ့သော်လည်း ကမ္ဘာတစ်ဝန်းအထူးသဖြင့် ဘေးအန္တရာယ်များသော အလုပ်ခွင့်များ၌ ၀င်ရောက်အလုပ်လုပ်ကြရသည် ကလေးဦးရေမျာ မြင့်တက်နေဆဲဖြစ်ကြောင်း အိုင်အယ်လ်အိုအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဂျူအမ်ဆိုမာဗီးယားက ပြောကြားသည်။ (အင်တာနက်)
**တရုတ်နိုင်ငံအရှေ့ပိုင်းရို စက်ရုံတစ်ရုံတွင် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်၍ ခြောက်ဦးသေဆုံး**
(နန်ကျင်း၊ ဇွန် ၁၀)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်းကျန်းစူးပြည်နယ်စက်ရုံတစ်ခုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ သုံးဦးရှိခဲ့ရာမှ ယနေ့ညနေပိုင်းတွင် ခြောက်ဦးအထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်းများက ပြောကြားသည်။ ချန်ကျို့မြို့ ၀ူကျင်နယ်မြေရှိ သတ္တုပုံသွင်းစက်ရုံတစ်ခုတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က အဆိုပါ မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတ္တုရည်ကျိုလုပ်သား တစ်ဦးမှာ လုပ်ရိုးလုပ်စဉ်အတိုင်းသတ္တုရည်ကျိုသည့် လုံကို ကြည့်ရှုစစ်ဆေးနေစဉ် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့် သတ္တုရည်ကျိုလုံအတွင်း ပြုတ်ကျခဲ့ရသည်။ မီးသတ်ရဲဘော်တစ်ဦးအပါအ၀င်အခြားခြောက်ဦးမှာ ၄င်းကိုကယ်တင်ရန် ကြိုးပမ်းစဉ် အဆိပ်သင့်ခဲ့ရသည်။ သတ္တုရည်ကျိုလုပ်သား၊ လုပ်ငန်းရှင်သူဌေး၊ တွဲဖက်လုပ်သားသုံးဦးနှင့် မီးသတ်ရဲဘော်တစ်ဦးတို့မှာ အရေးပေါ်ကုသမှုမအောင်မမြင်ဖြစ်ခဲ့ရပြီး သေဆုံးသွားကြကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ကြေညာသည်။ (အမ်အေအေ၊ ဆင်ဟွာ)
**သုံးလပြည့် ဂျပန်မြေငလျင်အတွက် ၀တ်ပြုဆုတောင်းပွဲများ ကျင်းပ**
(တိုကျို၊ ဇွန် ၁၂)
ဂျပန်နိုင်ငံ၌ အင်အားပြင်းမြေငလျင်လှုပ်ခဲ့မှုမှာ ဇွန် ၁၁ ရက်တွင် သုံးလပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရာက်ခဲ့မင သုံးလပြည့်မြောက်သောနေ့တွင် မြေငလျင်နှင့် ဆူနာမီရေလှိုင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ၀တ်ပြုဆုတောင်းပွဲများကို ကျင်းပခဲ့ကြသည်။ မြေငလျင်လှုပ်ခဲ့ပြီး သုံးလအကြာတွင် ပြည်သူ ၉၀၀၀၀ ကျော်မှာ အရေးပေါ်ခိုလှုံရေးစခန်းများ၌ နေထိုင်ကြရဆဲဖြစ်သည်။ သဘာဝကပ်ဘေးဒဏ် ခံစားခဲ့ရသူများအတွက် ယာယီနေအိမ်များကို တည်ဆောက်ပေးလျက်ရှိရာ ယာယီနေအိမ်အလုံးပေါင်း ၂၈၀၀၀ ခန့်ကို တည်ဆောက်ထားပြီးဖြစ်ကြောင်း ပြည်သူပိုင်ရုပ်မြင်သံကြားဌာန အင်န်အိပ်ခ်ျကေက သတင်းထုတ်လွှင့်သည်။ (အင်တာနက်)
**ချီလီမီးတောင်မှ ပြာမှုန်များ လွင့်မျောလာမှုကြောင့်**
(၀ယ်လင်တန်၊ ဇွန် ၁၁)
တောင်အမေရိကတိုင်ရှိ ချီလီနိုင်ငံ၌ မီးတောင်ပေါက်ကွဲရာမှ ပေါ်ထွက်လာသော ပြာမှုန်များကြောင့် နယူးဇီလန်နိုင်ငံနှင့်ပစိဖိတ်ဒေသတစ်ဝန်းရှိ နိုင်ငံများ၏ လေယာဉ်ခရီးစဉ်ပျံသန်းမှုများထိခိုက်နိုင်ကြောင်း နယူးဇိလန်သတင်းဌာနများက ဇွန် ၁၁ ရက်တွင် ရေးသားဖော်ပြသည်။ ချီလိနိုင်ငံရှိ ပူယီဟူမီးတောင်သည် ဇွန် ၄ ရက်က ပေါက်ကွဲခဲ့ရာ အမြင့်မီတာ ၁၅၀၀၀ ခန့်အထိ ပြာမှုန်များကို မှုတ်ထုတ်လိုက်ခဲ့သည်။ လေပြင်းများတိုက်ခတ်မှုကြောင့် နယူးဇီလန်နိုင်ငံကောင်းကင်ယံအတွင်းသို့ ပြမှုများ ၀င်ရောက်လာကာခရီးသည်တင်ဘေယာဉ်များ ပျံသန်းမှုကို ထိခိုက်လာနိုင်ကြောင်း နယူးဇီလန် မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်၊ မောင်မောင်မြင့်ဆွေ

**ဟိမ၀န္တာတောင်ကြောပေါ်၌ ၁၂ ရက်ကြာလမ်းပျောက်ခဲ့သူ ဂျပန်အမျိုးသမီး အသက်ရှင်လွတ်မြောက်**
(ခေတ္တမန္ဒူ၊ ဇွန် ၁၁)
နီပေါနိုင်ငံ ဟိမ၀န္တာတောင်တန်းပေါ်၌ ၁၂ ရက်ကြာမျှလမ်းပျောက်ခဲ့ရသော ဂျပန်အမျိုးသမီးတစ်ဦးက ၄င်းသည် မျှစ်များကို ချိုးဖဲ့စားသုံး၍ သောက်ရေဖြင့် မျှောချကာ အသက်ဆက်ခဲ့ရကြောင်းအေအက်ဖ်ပီ သတင်းဌာနသို့ သောကြာနေ့က ပြောကြားသည်။ မာကီကိုအိုင်ဝါဖူချီ အမည်ရှိ အသက် (၄၉) နှစ်အရွယ်ဂျပန် အမျိုးသမီးသည် ဟိမ၀န္တာတောင်ကြောအထက် အမြင့်ပေ ၁၄၃၇၀ ၌တည်ရှိသော ဟိန္ဒူဘာသာဝင်တို့၏ အထွက်အမြတ်နေရာတစ်ခုဖြစ်သည့် ဂိုဆန်ကွန်ဒါရေအိုင်သို့ သွားရောက်ရန် မေ ၂၅ ရက်တွင် ၄င်းတည်ခိုနေသော ဟိုတယ်မှထွက်ခွာခဲ့သည်။ သို့ရာတွင် အိုင်ဝါဖူချီသည် ဂိုဆန်ကွန်ဒါရေအိုင်သို့မရောက်ဘဲ တောထဲ၌ ၁၂ ရက်ကြာလမ်းပျောက်ခဲ့ရပြီး ဘုရားဖူးအဖွဲ့တစ်ဖွဲ့က ၄င်းကို ကံကောင်းထောက်မစွာတွေ့ရှိ ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ မိမိသည် လိုဏ်ဂူတစ်ခုအတွင်း နှစ်ရက်ကြာမျှ ခိုလျှံနေခဲ့ရပြီးနောက်ပိုင်း၌ သစ်ရွက်များ၊ မျှစ်များစားသုံးကာ ရေကို အ၀သောက်၍ အသက်ဆက်ခဲ့ရကြောင်း အိုင်ဝါဖူချီကပြောကြားခဲ့သည်။ (အေအက်ဖ်ပီ)
**ကမ္ဘာတစ်ဝန်းရှိ အန္တရာယ်များသော အလုပ်ခွင်များ၌ ကလေးသန်း ၁၀၀ ကျော် အလုပ်လုပ်နေကြရ**
(ဂျီနီဗာ၊ ဇွန် ၁၁)
နေ့စဉ် တစ်မိနစ်ကြာတိုင်း ကမ္ဘပေါ်၌ ကလေးအလုပ်သမားတစ်ဦး လုပ်ငန်းခွင်နှင့် ဆက်နွှယ်သော အတော်တဆမှု၊ နာမကျန်းဖြစ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှုစသော ဘေးတစ်ခုခုကို ကြုံတွေ့ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(အိုင်အယ်လ်အို) က ဇွန် ၁၀ ရက်တွင်ပြောကြားသည်။ ကမ္ဘာတစ်ဝန်းလုံး၌ ခန့်မှန်းခြေအားဖြင့် ကလေး ၁၁၅ သန်းမျှတို့သည် ဘေးအန္တရာယ်များသော လုပ်ငန်းခွင်များ၌ အလုပ်လုပ်နေကြရကြောင်း ကမ္ဘာ့ကလေးလုပ်သားအသုံးပြုမှုတိုက်ဖျက်ရေးနေ့မတိုင်မှ တစ်ရက်အလိုတွင် ထုတ်ပြန်သော အိုင်အယ်လ်အို၏ အစီရင်ခံစား၌ ဖော်ပြထားသည်။ အဆိုပါ ကိန်းဂဏန်းအရေအတွက်သည် တွက်ချက်မည်ဆိုပါက အကြမ်းဖျင်းအားဖြင့် ၂၁၅ သန်းမျှရှိသော ကမ္ဘာပေါ်ရှိကလေးအလုပ်သမားထု၏ ထက်ဝက်မျှကိုသာ ကိုယ်စားပြုကြောင်း အိုင်အယ်လ်အို၏ လေ့လာချက်တွင် ဖော်ပြသည်။ ကလေးလုပ်သားပြဿနာနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းအရေးကြီးသော အောင်မြင်မှုများရခဲ့သော်လည်း ကမ္ဘာတစ်ဝန်းအထူးသဖြင့် ဘေးအန္တရာယ်များသော အလုပ်ခွင့်များ၌ ၀င်ရောက်အလုပ်လုပ်ကြရသည် ကလေးဦးရေမျာ မြင့်တက်နေဆဲဖြစ်ကြောင်း အိုင်အယ်လ်အိုအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဂျူအမ်ဆိုမာဗီးယားက ပြောကြားသည်။ (အင်တာနက်)
**တရုတ်နိုင်ငံအရှေ့ပိုင်းရို စက်ရုံတစ်ရုံတွင် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်၍ ခြောက်ဦးသေဆုံး**
(နန်ကျင်း၊ ဇွန် ၁၀)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်းကျန်းစူးပြည်နယ်စက်ရုံတစ်ခုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ သုံးဦးရှိခဲ့ရာမှ ယနေ့ညနေပိုင်းတွင် ခြောက်ဦးအထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်းများက ပြောကြားသည်။ ချန်ကျို့မြို့ ၀ူကျင်နယ်မြေရှိ သတ္တုပုံသွင်းစက်ရုံတစ်ခုတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က အဆိုပါ မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတ္တုရည်ကျိုလုပ်သား တစ်ဦးမှာ လုပ်ရိုးလုပ်စဉ်အတိုင်းသတ္တုရည်ကျိုသည့် လုံကို ကြည့်ရှုစစ်ဆေးနေစဉ် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့် သတ္တုရည်ကျိုလုံအတွင်း ပြုတ်ကျခဲ့ရသည်။ မီးသတ်ရဲဘော်တစ်ဦးအပါအ၀င်အခြားခြောက်ဦးမှာ ၄င်းကိုကယ်တင်ရန် ကြိုးပမ်းစဉ် အဆိပ်သင့်ခဲ့ရသည်။ သတ္တုရည်ကျိုလုပ်သား၊ လုပ်ငန်းရှင်သူဌေး၊ တွဲဖက်လုပ်သားသုံးဦးနှင့် မီးသတ်ရဲဘော်တစ်ဦးတို့မှာ အရေးပေါ်ကုသမှုမအောင်မမြင်ဖြစ်ခဲ့ရပြီး သေဆုံးသွားကြကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ကြေညာသည်။ (အမ်အေအေ၊ ဆင်ဟွာ)
**သုံးလပြည့် ဂျပန်မြေငလျင်အတွက် ၀တ်ပြုဆုတောင်းပွဲများ ကျင်းပ**
(တိုကျို၊ ဇွန် ၁၂)
ဂျပန်နိုင်ငံ၌ အင်အားပြင်းမြေငလျင်လှုပ်ခဲ့မှုမှာ ဇွန် ၁၁ ရက်တွင် သုံးလပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရာက်ခဲ့မင သုံးလပြည့်မြောက်သောနေ့တွင် မြေငလျင်နှင့် ဆူနာမီရေလှိုင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ၀တ်ပြုဆုတောင်းပွဲများကို ကျင်းပခဲ့ကြသည်။ မြေငလျင်လှုပ်ခဲ့ပြီး သုံးလအကြာတွင် ပြည်သူ ၉၀၀၀၀ ကျော်မှာ အရေးပေါ်ခိုလှုံရေးစခန်းများ၌ နေထိုင်ကြရဆဲဖြစ်သည်။ သဘာဝကပ်ဘေးဒဏ် ခံစားခဲ့ရသူများအတွက် ယာယီနေအိမ်များကို တည်ဆောက်ပေးလျက်ရှိရာ ယာယီနေအိမ်အလုံးပေါင်း ၂၈၀၀၀ ခန့်ကို တည်ဆောက်ထားပြီးဖြစ်ကြောင်း ပြည်သူပိုင်ရုပ်မြင်သံကြားဌာန အင်န်အိပ်ခ်ျကေက သတင်းထုတ်လွှင့်သည်။ (အင်တာနက်)
**ချီလီမီးတောင်မှ ပြာမှုန်များ လွင့်မျောလာမှုကြောင့်**
(၀ယ်လင်တန်၊ ဇွန် ၁၁)
တောင်အမေရိကတိုင်ရှိ ချီလီနိုင်ငံ၌ မီးတောင်ပေါက်ကွဲရာမှ ပေါ်ထွက်လာသော ပြာမှုန်များကြောင့် နယူးဇီလန်နိုင်ငံနှင့်ပစိဖိတ်ဒေသတစ်ဝန်းရှိ နိုင်ငံများ၏ လေယာဉ်ခရီးစဉ်ပျံသန်းမှုများထိခိုက်နိုင်ကြောင်း နယူးဇိလန်သတင်းဌာနများက ဇွန် ၁၁ ရက်တွင် ရေးသားဖော်ပြသည်။ ချီလိနိုင်ငံရှိ ပူယီဟူမီးတောင်သည် ဇွန် ၄ ရက်က ပေါက်ကွဲခဲ့ရာ အမြင့်မီတာ ၁၅၀၀၀ ခန့်အထိ ပြာမှုန်များကို မှုတ်ထုတ်လိုက်ခဲ့သည်။ လေပြင်းများတိုက်ခတ်မှုကြောင့် နယူးဇီလန်နိုင်ငံကောင်းကင်ယံအတွင်းသို့ ပြမှုများ ၀င်ရောက်လာကာခရီးသည်တင်ဘေယာဉ်များ ပျံသန်းမှုကို ထိခိုက်လာနိုင်ကြောင်း နယူးဇီလန် မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်၊ မောင်မောင်မြင့်ဆွေ

No comments:
Post a Comment