**ငါတို့ ဘာတွေများပြောကြဦးမှာလဲ ? ? ?
နောင်ကို တွေ့ချင်ပါတယ်ဆိုရင်တောင်မှ ဆုံခွင့်က ရချင်မှ ရကြမှာလေ
ခပ်ကြာကြာ ခပ်တွေတွေလေးပဲ ကြည့်နေပါရစေလေ
မနက်ဖြန်တွေအတွက် ငါ့ရင်ဘတ်ထဲက နေရာကလေးရေ ..
မင်းပုံရိပ်တွေသာ လွှမ်းခြုံပါစေလေ
**ငါတို့ ဘာလို့ဝမ်းနည်းကြမှာလဲ ? ? ?
ငါ့ရင်ထဲက နင်နဲ့ နင့်ရင်ထဲကငါက စွဲမြဲနေခဲ့ကြပြီးမှပဲလေ
အချိန်တွေက တိုက်စားသွားမယ်ဆိုရင်လည်း
နေရာကလေးတစ်ခုအတွက်ကတော့ လွတ်မြဲလွတ်နေဆဲပါလေ
**ငါတို့ ဘယ်လိုနေရာတွေမှာ နေကြမှာလဲ ? ? ?
နင့်ဘ၀ထဲက နင့်နေရာလေးမှာ နင်ပျော်ပါစေ
ငါ့ဘ၀လေးထဲက ငါ့နေရာလေးမှာ ဆုတောင်းတွေကြဲပက်ချ
ဘုရားက ပေးမယ်ဆိုရင်လည်း နင့်ကိုပဲဖြစ်ပါစေလေ
ဒါတွေကိုပဲ ငါပျော်နေပါတယ်လေ
**ငါတို့ ဘာတွေများ ဆက်လုပ်သွားရမှာလဲကွယ် ? ? ?
နင့်လမ်းမထက်မှာ ခြေယိုင်တာကလွဲလို့ ဆက်ကာလျှောက်ပါလေ
ငါနောက်ကဖြစ်စေ ဘေးကဖြစ်စေ ကြည့်နေပါ့မယ်လေ
နင်ရည်ရွယ်ရာ အောင်မြင်တယ်ဆိုပါမှ
ငါက လက်ခုပ်တီးရမှာမို့ပါလေ
(အခွင့်အခါတစ်ခုခုမှာ အချိန်သာရမယ်ဆိုရင်ပေါ့)
အချိန်တွေ လင်ကောင်းသားကောင်းရဖို့ကိုလည်း နင့်အိပ်မက်တွေမက်ကြပါစေ။
**ငါကတော့ ကျရာကြုံရာမှနေပြီး
နင့်ဘ၀ကို ထာဝရ၀င်ဝင်ပတ်သက်ပါရစေလေ။
**ကိုဖြိုး **
. . လူတစ်ယောက်၏ ကြီးကျယ်မြင့်မြတ်မှုသည် သူ၌ဘာရှိသည်၌ မတည်......သူဘယ်လိုလူ ဖြစ်သည်၌သာတည်၏... . .

No comments:
Post a Comment