မင်္ဂလာပါ ခင်ဗျား ... လွန်ခဲ့သော ၂၀၀၅ ခုနှစ် စက်တင်ဘာလက ကျောင်းသား၂၄ဦးရယ်။
ဆရာမ တဦးရယ် ၊ပြောင်းဖူးသိုလှောင်တဲ့ဂိုဒေါင်အခန်းကျဉ်းလေးရယ်။ပြောင်းဖူးနံ့ ၊ငရုတ်သီးနံ့ 
ကြက်သွန်နံ့  ခပ်သင်းသင်းအနံ့ တွေရယ် နဲ့ စတင်သန္စေတည်ခဲ့တဲ့ ဟောဒီနေ့ သစ်မူလတန်း
ကျောင်းကလေးဟာ အခု၂၀၁၁ ခုနှစ်ပညာသင်နှစ်မှာဆိုရင်ကျောင်းသား ၅၀၀ ခန့် ၊ကျောင်း
တက်ကြမယ့်တိုက်ကျောင်းဆောင်များနဲ့ ၊မြန်မာအလုပ်သမားတွေရဲ့  ဆုံရပ်တခုဖြစ်တယ်
ဆိုတာကို ဒီကနေ့ သက်သေပြခဲ့ပါပြီ ...။ ဟောဒီ ဓာတ်ပုံတွေကိုရှုစားပြီး မိမိတို့ 
မြန်မာပြည်သားအဖွဲ့ (ခ)မြန်မာပြည်သား
များအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)နဲ့ ချစ်လှစွာသောမြန်မာအလုပ်သမားတွေရယ်
သူတို့ ရဲ့ ရင်သွေးကလေးငယ်တွေရယ်ဟာ ဘယ်လို ဘယ်ပုံ မေတ္တာပေါင်းကူးတံတား
ဖောက်လုပ်ထားတယ်ဆိုတာ သင့်တွေမြင်ရမှာပါ..။
**ကြွရောက်လာသော အလုပ်သမား ပရိတ်သတ်များ...**
**ထိုင်း ပညာရေးဌာန၊၊အလှူရှင် (HWF) ၊ ထိုင်းြ မူနီစီပယ် အရာရှိ၊ထိုင်း ရွာလူကြီးနှင့်ထိုင်း -တာ့မ်အာန်
ကျောင်းတာဝန်ရှိသူများကြွရောက်ချီးမြှင့်နေကြစဉ်..**
**နေ့ သစ်အလက မှ တာဝန်ရှိသူများ ဆရာ ၊ဆရာမ များအားထိုင်းတာဝန်ရှိသူများ၊
မိဘများနှင့် မိတ်ဆက်ပေးနေစဉ်.**
.စာအုပ်အလှူရှင်တဦးက ကျောင်းသုံးဖတ်စာအုပ်များလှူဒါန်းနေစဉ်..
**နေ့ သစ် အလက ကိုတည်ထောင်သူ ဆရာမိုး(JACBA)မှ ဆုရရှိသူတဦးအားဆုချီးမြှင့်နေစဉ်..**
**နေ့ သစ် အလက ဒါ၇ိုက်တာမှ ဆုချီးမြှင့်နေစဉ်.**.
သတင်းမှတ်တမ်း .. မြန်မာပြည်သား သတင်းစဉ်

No comments:
Post a Comment