ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 8, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**ဖီဖာ အန္တရာယ်တွေ့နေကြောင်း ဥက္ကဋ္ဌဘလတ္တာပြော**
(အေအက်ဖ်ပီ)
တင်ဦးဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

မေ ၃၁ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင်ကျင်းပသော ၆၁ ကြိမ် မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်ကို ဥက္ကဋ္ဌ
ဆပ်ဘလတ္တာ အဖွင့်အမှာစကားပြောစဉ်။ အင်္ဂလိပ်ဘောလုံး လောကအကြီးအကဲများကဥက္ကဋ္ဌ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရန် တိုက်တွန်းနေကြသော်လည်း ဖီဖာက ဘလတ္တာကို ပြန်လည်
ရွေးကောက်တင်မြှောက်ရန် မျှော်လင့်ထားသည်။

ဇူးရစ် - အင်္ဂါနေ့တွင် ခြောက်ကြိမ်မြောက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ကွန်ဂရက်ကို ဖွင့်လှစ်လိုက်ရာ ဥက္ကဋ္ဌဆပ် ဘလတ္တာက ဖီဖာ၏ အခြေ ခံအုတ်မြစ်များသည် အန္တရာယ်ကျ ရောက်မည့် အခြေအနေရှိနေပြီ ဖြစ်ကြောင်း သတိပေးပြောကြား လိုက်သည်။

"ကျွန်တော်တို့ဟာ မျှတစွာကစား၊ စည်းကမ်းလည်း လိုက်နာဆိုတဲ့ ဘောလုံးလောကထဲ နေထိုင်ကြ တယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအတိုင်းတော့ မဟုတ် တော့ဘူးလို့ ကျွန်တော်ပြောရပါ တော့မယ်။ "ကျွန်တော်တို့ရဲ့ ပိရမစ်၊ ထင်ရှား ကျော်စောတဲ့ ပိရမစ်ရဲ့ အောက်ခြေဟာ မရေရာမသေချာတော့ဘဲ အန္တရာယ်ရှိနေပါပြီ။

"ဒါကြောင့် မနက်ဖြန်(ဗုဒ္ဓဟူးနေ့) ကွန်ဂရက်မှာ ကျွန်တော်ဒီအန္တရာယ် အကြောင်းကိုပြောပါမယ်။ ဒီအန္တရာယ်ကို ဘယ်ပုံတုံ့ပြန်သွားမယ် အကြောင်း ပြောပါမယ်။သို့မှသာလျှင် လူထုကို ကျွန်တော်တို့နဲ့အတူ ပါအောင်လုပ်ရာမှာ ကျွန်တော်တို့ရဲ့ အားကစားကို သူ့အခန်းကဏ္ဍ အတိုင်းမျှတစွာကစားလို့ ရသွားနိုင်ပါမယ်"ဟု ဘလတ္တာက ပြောသည်။

ဘလတ္တာ၏စကားမှာ ဖီဖာ၏ထိပ်တန်းအရာရှိများအတွင်း အဂတိ လိုက်စားမှုစွပ်စွဲချက်များ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ပေါ်ပေါက် လာခြင်းဖြစ်သည်။ ဘလတ္တာသည် သူ့ကိုပြိုင်မည့် ကာတာလူမျိုး မိုဟာ မက်ဘင်ဟမ်မန်း ထွက်သွားပြီးနောက် ဥက္ကဋ္ဌရာထူး တွင် စတုတ္ထသက် တမ်းအဖြစ် ပြန်လည်အရွေးခံရတော့မည့် အခြေ အနေရှိနေသည်။ အင်္ဂလန်နှင့် စကော့တလန်တို့မှ အရာရှိများက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် အင်္ဂါနေ့က တောင်း ဆိုထား သည်။

**ချန်ပီယံလိဂ်ပြီးတော့ ကိုပါအမေရိကမှာ မက်ဆီပစ်မှတ်ဖြစ်လာ**
အောင်ဝင်း
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်တွင် အောင်ပွဲခံနိုင်ရန် လောလောလတ်လတ် ဦးဆောင်ပေးခဲ့သော မက်ဆီက ယခု အခါတွင် ဇူလိုင် ၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ကိုပါအမေရိကပြိုင်ပွဲတွင် အိမ်ရှင်ဖြစ်သော သူ့မိခင်နိုင်ငံ အာဂျင်တီးနားအသင်းနှင့် ဗိုလ်စွဲနိုင်ရန် ရည်မှန်း နေသည်။

"ပျော်ရွှင်မှုအပြည့်နဲ့ ကျွန်တော်ရောက်လာတာပါ"ဟု မက်ဆီက စပိန်မှအာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြိုသို့ရောက်သည်နှင့် ပြောကြား ခဲ့သည်။ "ဘာစီလိုနာနဲ့အတူ အရာအားလုံးကို အောင်နိုင်ခဲ့လို့ ကျွန်တော်ကံကောင်းပါတယ်။ တစ်ဦးချင်းဂုဏ်ပြုခံရတာလည်း ပါတာ ပဲပေါ့။ အခု ကျွန်တော့ရည်မှန်းချက်က အာဂျင်တီးနားအသင်းနဲ့ ကိုပါ အမေရိကပွဲမှာ ကစားဖို့၊ အောင်ပွဲခံဖို့ ဖြစ်နေပါပြီ"ဟု သူက ပြောခဲ့သည်။

အာဂျင်တီးနားသည် အီကွေဒေါတွင် ၁၉၉၃ ခုနှစ်က ကျင်းပသောပြိုင်ပွဲမှစ၍ ကိုပါအမေရိကတွင် ဗိုလ်မစွဲနိုင်ဘဲရှိခဲ့ရာ မက်ဆီက သူ့အသင်းတစ်ဖန်ပြန်လည် အောင်ပွဲခံရန် မျှော်မှန်းနေသည်။ မက်ဆီက ကားလို့တေဗက်ဇ်နှင့် စကားများသည်ဆိုသည်မှာ မဟုတ်ဟု ငြင်းဆိုခဲ့သည်။ မန်ချက်စတာစီးတီး ရှေ့တန်းလူ တေဗက်ဇ်ကို အသင်းတွင် ချန်ထားသင့်မသင့် နည်းပြဆာဂျီယို ဘာတစ်တူတာနှင့် အချေအတင် အငြင်း ပွားခဲ့သောကြောင့်ဟုဆိုသည်။

"ရီကွယ်မီ၊ တေဗက်ဇ်၊ မာရာဒိုနာတို့နဲ့ ကျွန်တော် စကားများတယ်လို့ပြောကြ တယ်။ ဘယ်သူနဲ့မှ ကျွန်တော်ပြဿနာ မဖြစ်ပါဘူး။ မာရာဒိုနာဆို ကျွန်တော်နဲ့ အမြဲပြောနေဆိုနေခဲ့တာပါ။ ကျွန်တော် တို့ အဆက်အသွယ်ရှိနေဆဲပါ"ဟု မက်ဆီက ပြောခဲ့သည်။

**ဒီမီတာဘာဘာတော့ဗ်၏ အပြောင်းအရွှေ့သတင်းများထွက်ပေါ်**

မန်ချက်စတာယူနိုက်တက် ရှေ့တန်းသမား ဒီမီတာ ဘာဘာတော့ဗ်သည် အသင်းဟောင်း တော့တင်ဟမ် ဟော့စပါးသို့ ပြန်ရန်ပြင်နေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ ဘာဘာတော့ဗ်သည် ယခုဘောလုံးရာသီတွင် အသင်းအတွက် ဂိုးများစွာ သွင်းခဲ့သော်လည်း ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ၀ိန်းရွန်နီတို့နောက် အရန်အဖြစ်သာ ပါဝင်ခဲ့ရသည်။ ၎င်းသည် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း (၁)နှစ်မျှသာ ကျန်တော့ရာ စပါးက တကျော့ပြန် စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဘာဘာတော့ဗ်သည် ဘာစီလိုနာအား ရှုံးနိမ့်ခဲ့သည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အရန်အဖြစ်ပင် ပါဝင်ခွင့် မရခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုထားသော်လည်း ယူနိုက်တက်တွင် ဆက်ရှိနေမည်ဟု ဖွင့်ဟထားသည်။ အသက်(၃၀)အရွယ် အတွေ့အကြုံရင့် ကစားသမားသည် စပါးတွင် (၂)ရာသီအတွင်း (၄၆)ဂိုး သွင်းပေးခဲ့သည့် မှတ်တမ်းကောင်း ရှိနေခဲ့ရာ တိုက်စစ်မှူးကောင်းတစ်ဦး ရှာဖွေနေသည့် စပါးမန်နေဂျာ ဟယ်ရီရက်နပ်က မျက်စိကျနေခြင်းဖြစ်သည်။ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် စပါးကွင်းလယ်လူ လူကာမိုဒရစ်ကို စိတ်ဝင်စားလျက်ရှိရာ ဘာဘာတော့ဗ်ကို အလိုက်ပေး ကမ်းလှမ်းမှုမျိုးလည်း ဖြစ်လာဖွယ် ရှိနေသည်။ ယူနိုက်တက်တွင် ပေါလ်စခိုးလ် အနားယူသွားခြင်း၊ အိုဝင်ဟားဂရေ့ဗ်အား အလွတ်ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ခြင်းတို့အပြင် လက်ရှိအလယ်တန်း ကစားသမားများ ဖန်တီးမှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် အဆင့်မီ ကွင်းလယ်ကစားသမားများ ရှာဖွေလျက်ရှိရာ အသက်(၂၅)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင် မိုဒရစ်သည်လည်း အဓိကပစ်မှတ်တစ်ခု ဖြစ်နေသည်။ ဘာဘာတော့ဗ်အား ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်၊ အီတလီနာမည်ကြီး ဂျူဗင်းတပ်စ်နှင့် အင်္ဂလန်ကလပ် နယူးကာဆယ်လ် ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေသည်။ ဘာဘာတော့ဗ်ကို နယူးကာဆယ်လ်က ပေါင်စတာလင် (၇.၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ ၎င်း၏ငယ်ဘ၀ အားပေးခဲ့သော အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒမရှိတော့ဟု သိရှိရသည်။

Source: Goal

**ဗိုလ်မစွဲခဲ့ပေမယ့် ငွေကြေးအကျိုးအမြတ်အရ မန်ယူကျေနပ်သင့်**
ဝဏ္ဏ(စမ်းချောင်း)
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

မန်ယူသည် ဒုတိယဆုဖြင့်သာ ကျေနပ်ရသော်လည်း ဗိုလ်လုပွဲရောက်သဖြင့် အနည်းဆုံး ပေါင်သန်း ၇၀ ခန့်ရရှိသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဝင်ဘလေကွင်း၌ ကျင်းပခဲ့သော ၂၀၁၁ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လု ပွဲကို ဖန်သားပြင်ပေါ်ကတစ်ဆင့် ကြည့်လိုက် ရချိန်တွင် ကင်မရာက ဖာဂူဆန်ကို ရိုက်ပြသောအခါ ဖာဂူဆန်လက်များ မသိမသာတုန်ရင်နေ သည်ကို တွေ့ရ သည်။

ဖာဂူဆန်လို ၀ါရင့်သမ္ဘာရင့်နည်းပြ ကြီး တစ်ယောက်ပင် လက်တွေတုန် ရင် နေသည်ကိုကြည့်လျှင် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသည် မည်မျှ စိတ် လှုပ်ရှားဖွယ်ကောင်းသည်ကို အနည်းနှင့်အများတော့ ခန့်မှန်း လို့ရသည်။

ဖာဂူဆန်ပင် လက်များတုန်ရင်နေရ ခြင်းမှာ အဓိကအကြောင်းနှစ်ချက် ရှိမည်ဟု ကျွန်တော် နားလည်မိလိုက် သည်။ ပထမအချက်က ဂုဏ် သိက္ခာနှင့် မာန်မာနဖြစ်သည်။ ဒုတိယအချက်က ငွေကြေးဖြစ်သည်။ ၁၉၈၂-၈၃ ရာသီတွင် စကော့တလန် ကလပ် အဘာဒင်းကို ဖာဂူဆန် နည်းပြစဉ် ဥရောပရှုံးထွက်ဗိုလ်များ ဖလား (ယခုယူရိုပါလိဂ်) ဆွတ်ခူး ခဲ့စဉ်က ဂွာဒီယိုလာသည် ခုနစ်နှစ်သားအရွယ် သာ ရှိသေးသည်။ သူတို့နှစ်ယောက် အကြားရှိ အသက်အရွယ်နှင့် သမ္ဘာက ထိုမျှလောက် ကွာဟမှုရှိသည်။ တစ်ဖန် ဖာဂူဆန်သည် အင်္ဂလန်ဘောလုံးလောက တွင် အအောင်မြင်ဆုံးနည်းပြဖြစ်နေ၍ 'မာန်' တင်းခံနေသည်။ နှုတ်က ထုတ်ဖော် မပြောပေမယ့် သူ့စိတ်ထဲတွင် ဂွာဒီ ယိုလာသည် "သူ့လို မန်ယူကဲ့သို့သော အသင်းမျိုးကို ကမ္ဘာကျော်လာအောင် တည်ဆောက်နိုင်ပါ့မလား၊ မလောက် လေး မလောက်စားလေးပါကွာ" ဟူသော အတွေးမျိုးရှိကောင်းရှိနိုင်သည်။ ဒုတိယအချက်က ငွေကြေးဖြစ်သည်။

ဥရောပတိုက် ကလပ်အတိုင်းအတာ ပြိုင်ပွဲတွင် အဆင့်မြင့်ဆုံးဖြစ်သော ချန်ပီယံလိဂ်ပြိုင်ပွဲသည် ငွေကြေးပိုင်း သာမက ကျော်ကြားမှု အရှိန်အ၀ါပါ မက်မောလောက်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပင်တိုင်စပွန်ဆာ ပေးနေသော အဖွဲ့အစည်းကပင် ခြောက်ခုထက်မနည်း ရှိသည်။ တစ်ဖန် ကမ္ဘာတစ်ဝန်းသို့ ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေ၍ ဥရောပ ဘောလုံးအဖွဲ့ချုပ်သည် ရုပ်သံထုတ်လွှင့် ခ အဖြစ် ပေါင်သန်း ၉၀၀ ရရှိ ရာ ဘဏ္ဍာရေး အလွန်အမင်း တောင့်တင်းသွားသည်။ ထိုငွေများဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ် လက် အောက်ခံ ဘောလုံးအဖွဲ့ချုပ်များ သို့ အကူအညီ အထောက်အပံ့များ ပေးအပ်ကာ ၎င်းတို့၏ ဩဇာလက်တံကို ချဲ့ထွင်တည်ဆောက် နိုင်ခဲ့သည် မဟုတ် ပါလား။ ဗြိတိန်မီဒီယာများတွင် ဖော်ပြချက် များအရ ယခုနှစ် ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲသို့ ရောက်ရှိလာ သော မန်ယူ ၏ ၀င်ငွေသည် အနည်းဆုံး ပေါင်သန်း ၇၀ ရှိနေသည်။ ထိုပမာဏသည် ယမန် နှစ်က အင်တာမီလန် ဗိုလ်စွဲခဲ့စဉ်က ရရှိခဲ့သော ဆုကြေးငွေထက် များစွာ သာလွန်နေသည်။

ယူအီးအက်ဖ်အေက တရားဝင်ထုတ်ပြန်ချက်အရ ယမန် နှစ်က ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့သော အင်တာမီလန်သည် ပေါင် ၄၃ သန်း ရရှိ ပြီး ဒုတိယရသွားသော ဘိုင်ယန်မြူးနစ် သည် ပေါင်သန်း ၄၀ ရရှိသည်။ ၂၀၁၀-၁၁ ရာသီ ချန်ပီယံလိဂ်တွင်မူ မန်ယူသည် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သောကြောင့် ဗိုလ်မစွဲ သော်လည်း အနည်းဆုံး ပေါင်သန်း ၇၀ ခန့် ရရှိသွားသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကလပ် အသင်းများအား စွမ်းဆောင်ရည်၊ ရုပ်သံ၊ ကွင်းဝင်ကြေး အစရှိသဖြင့် အဓိက၀င်ငွေ ရပေါက်ရလမ်း သုံးသွယ်ထက်မနည်း ရှိနေသည်။ မန်ယူသည် အုပ်စုအဆင့်မှ နောက် ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ သောကြောင့် ပေါင် ၂၆ ဒသမ ၈ သန်း ရရှိသည်။ ရုပ်သံဝင်ငွေမှ ပေါင် ၂၂ ဒသမ ၆ သန်းရရှိသည်။

တစ်ဖန် အိုးလ်ထရက် ဖို့ဒ်တွင် ချန်ပီယံလိဂ်ပွဲစဉ်ခြောက်ပွဲ လက်ခံကစားရ၍ တစ်ပွဲလျှင် ပေါင် ၃ ဒသမ ၂ သန်းဖြင့် ပေါင် ၁၉ ဒသမ ၂ သန်းရရှိသည်။ နောက်ဆုံးဗိုလ်လုပွဲတွင် ဒုတိယ ရရှိ၍ ဆုကြေးငွေ ပေါင် ၄ ဒသမ ၆ သန်း ရရှိသည်။ အကယ်၍ ဘာစီလိုနာကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါက ဆုကြေးငွေ ပေါင် ရှစ်သန်းရရှိမည်ဖြစ်သောကြောင့် မန်ယူဝင်ငွေသည် ပေါင်သန်း ၇၀ ပင် ကျော်သွားမည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ တစ်ဖက်ကလည်း မန်ယူသည် 'ဒုတိယ ရတာမှ ခပ်ကောင်းကောင်း'ဟု သုံးသပ် ပြသူတွေက လည်းရှိနေသည်။

သူတို့ တစ်တွေ ထောက်ပြပုံကလည်း သဘာဝ ကျသည်။ ဗိုလ်စွဲခဲ့လျှင် ကစားသမား များကို ပေးရမည့် အပိုဆုကြေးငွေက များပြား သည်။ ဗိုလ်စွဲလျှင်ရသော ဆုကြေးငွေနှင့် ဒုတိယရသောဆုကြေး တို့အကြား ကွာခြားချက်သည် ပေါင် ၃ ဒသမ ၄ သန်းသာရှိသည်။ သို့ပေမယ့် ကစားသမားများကို ပေးရမည့် အပို ဆုကြေးသည် ထိုထက်မက များပြားရာ ဒုတိယရတာလည်း ငွေကြေးအားဖြင့် တော့ တွက်ခြေကိုက်သည်ဟု ရသေ့ စိတ်ဖြေထောက်ပြသူတွေကလည်းရှိသေးသည်။ ၂၀၁၀-၁၁ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပရီမီယာလိဂ် အသင်း လေးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အသင်းတိုင်း ငွေကြေးနှင့်ပတ်သက်ပြီး အကျိုးအမြတ် မြိုးမြိုးမြက်မြက်လေး ရခဲ့သည်။

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပရီမီယာလိဂ် အသင်းများဖြစ်သော မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးတို့လေးသင်း ၀င်ရောက် ခဲ့ကြသည်။ ထိုထဲတွင် ရှုံးထွက် အဆင့်၌ ဘာစီလိုနာကို အရေးနိမ့်ခဲ့ သော အာဆင်နယ်မှလွဲ၍ ကျန်သုံး သင်းစလုံးပင် အနိမ့်ဆုံး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ရာ ပရီမီယာ လိဂ်ဂုဏ်သိက္ခာတက်ခဲ့ပြီး ငွေကြေး အကျိုးအမြတ်အားဖြင့် များစွာဖြစ် ထွန်း ခဲ့သည်။ ရုပ်သံဈေးကွက်နှင့် ကျောထောက် နောက်ခံပရိသတ်ပေါ်မူတည်၍ ဆုကြေးငွေများ ခွဲဝေပေးအပ်ခဲ့ရာ အာဆင်နယ် သည် ကွာတားဖိုင်နယ် အဆင့်သို့ပင် မရောက်ခဲ့ပေမယ့် ပေါင် ၂၆ ဒသမ ၂ သန်း ရရှိခဲ့သည်။ စပါး သည် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သောကြောင့် ပေါင် ၂၇ ဒသမ ၃ သန်းရှိသည်။ ကွာတား ဖိုင်နယ်တွင် မန်ယူကိုရှုံးနိမ့်ခဲ့သော ချယ်လ်ဆီးသည် ပေါင် ၃၉ သန်း ရရှိ သည်။

ထိုထဲတွင် အမှတ်တရပစ္စည်းများ ရောင်းချရငွေ၊ ၀န်ဆောင်မှုနှင့် စားသောက် ကုန်ပစ္စည်းများ ရောင်းချရငွေ အစရှိ သော ၀င်ငွေ ရပေါက်ရလမ်းများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည်ကိုတွေ့ရသည်။ သို့ကလိုကြောင့်ပင် ချန်ပီယံလိဂ်တွင် ပါဝင်ခွင့်ရတာ ချင်းအတူတူ အင်္ဂလိပ်ကလပ်တွေက ငွေကြေးအကျိုး အမြတ် ပိုမိုများပြားစွာရရှိသည်။ ဆိုရပါလျှင် တစ်နှစ်ထက်တစ်နှစ် အရှိန်အ၀ါ နှင့် လက်တံဩဇာကျယ်ပြန့်လာသော ချန်ပီယံလိဂ်သည် ငွေကြေး၊ ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုတို့ကို ပေးစွမ်းနိုင်သော ပြိုင်ပွဲအဖြစ် ဆက်လက် ရပ်တည်နေဦးမည်ဖြစ်သည်။ ထိုပြိုင်ပွဲ သို့ ၀င်ရောက်ခွင့်ရရှိရန် ပရီမီယာလိဂ်၊ စီးရီးအေနှင့် လာလီဂါ အပါအ၀င် ဥရောပ ထိပ်တန်းကလပ်အသင်းများ၏ ပြိုင်ဆိုင်မှုကလည်း ဆက်လက် ကြီးထွား နေမည်သာဖြစ်သည်။ထိပ်တန်းကလပ် အသင်းကြီးများ သည် ဆုကြေးငွေ ကောင်းကောင်း၊ ၀င်ငွေကောင်းကောင်း ရရှိနေသောကြောင့် တစ်ဖက်ကလည်း နာမည်ကျော်ကစားသမားများကို ငွေနှင့်ပေါက်ကာ ခေါ်ယူခြင်းဖြင့် သူတို့ သာလျှင် ဆက်လက်ချမ်းသာ ကျော်ကြား လာမည်ဖြစ်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲကဲ့သို့ နာမည် ကျော်ကြားပြီး ငွေကြေး အကျိုးအမြတ် ရှိသော ဥရောပ၏ ထိပ်တန်း ပြိုင်ပွဲမျိုးမှ ရရှိလာသော ၀င်ငွေများကို အသင်းတွင် အထိုက် အလျောက် ပြန်လည်ရင်းနှီး မြှုပ်နှံလျက်ရှိသောကြောင့် ခေတ်စကား နှင့် ပြောရလျှင် 'သူ့တုတ်နှင့် သူ့ပြန်ရိုက်ခြင်း'ပင်ဖြစ်ပေမည်။

**မြန်မာကလပ်များ အာရှဘောလုံး အဖွဲ့ချုပ်ဖလား ဝင်ပြိုင်မည်**

၂၀၁၂ အာရှဘောလုံးအဖွဲ့ချုပ်ဖလား ပြိုင်ပွဲ (AFC Cup) သို့ မြန်မာကလပ်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဘောလုံးအဖွဲ့ချုပ်ဖလား ပြိုင်ပွဲအား ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအဆင့်အတန်းအနေဖြင့် အာရှဘောလုံးအဖွဲ့ချုပ် ချန်ပီယံလိဂ်ပြိုင်ပွဲ အဆင့်အမြင့်ဆုံးကလပ် အသင်းပြိုင်ပွဲဖြစ်သည်။ ရတနာပုံ ဝင်ရောက်ယှဉ်ပြိုင်သော အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားထက် ပိုမိုအဆင့်မြင့်သော ပြိုင်ပွဲတစ်ခု ဖြစ်သည်။ အေအက်ဖ်စီဖလားပြိုင်ပွဲအား တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိလိုသည့် လိဂ်ပြိုင်ပွဲအနေဖြင့် အနည်းဆုံးပြိုင်ပွဲဝင် အသင်း ၁၂သင်း ရရှိရန်လိုအပ်ပြီး အသင်းခြောက်သင်းသည် ကိုယ်ပိုင်ကွင်း ပိုင်ဆိုင်ရန် လိုအပ်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ကို ကျင့်သုံးနိုင်ရန် လိုအပ်သည်။ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်း၊ တောင်ကြီးမြို့ရှိ ကမ္ဘောဇကွင်း၊ မန္တလေးမြို့ရှိ ဗထူးကွင်းနှင့် မုံရွာမြို့ မုံရွာကွင်းတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး၊ ဒုတိယအကျော့တွင် နေပြည်တော် အသင်းမှ အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် အိမ်ကွင်းခြောက်ကွင်းရှိလာမည် ဖြစ်သည်။ “နေပြည်တော်အသင်းကလည်း ဒုတိယအကျော့ပွဲစဉ်တွေကို သူတို့အိမ်ကွင်း ပေါင်းလောင်းကွင်းမှာ ကျင်းပဖို့ တင်ပြထားပြီး အဆင်မြှင့်တင် ပြုပြင်မှုတွေ ပြုလုပ်နေပါပြီ။ MFF အနေနဲ့ AFC ကို ဒီကွင်းခြောက်ကွင်းရဲ့ ပုံတွေကိုလည်း တင်ပြသွားမှာပါ”ဟု MFF တာဝန်ရှိသူက ပြောသည်။ MNL ပြိုင်ပွဲဝင်အသင်းများအနက် ဆောက်သမ်းမြန်မာအသင်း၊ ဧရာဝတီယူနိုက်တက်နှင့် ဥဿယူနိုက်တက်အသင်းများသည် အိမ်ကွင်းလက်ခံကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ၂၀၁၂ MNL ပြိုင်ပွဲအမီ လက်ခံကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit: ဗိုလ်ဗိုလ်ဝင်း (7Day News Journal)

**ခေါင်းခြုံ အီရန် အမျိုးသမီး ဘောလုံးအသင်း အိုလံပစ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရ**

အီရန် အမျိုးသမီး ဘောလုံးအသင်းကို ခေါင်းစည်း ခြုံဝတ်ပြီး ကစားသည့်အတွက် လန်ဒန်တွင် ကျင်းပမည့် ၂၀၁၂ အိုလံပစ် ပြိုင်ပွဲ ပါဝင်ခွင့်မှ ဖီဖာ ဘောလုံးအဖွဲ့ချုပ်က

မနှစ်က ပိတ်ပင်ထားခဲ့သည်။ ပြီးခဲ့တဲ့ အပတ် အီရန် အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်က ဂျော်ဒန် အမျိုးသမီး အသင်းနှင့် အိုလံပစ် ခြေစစ်ပွဲ မကစားမီ၊ အိုလံပစ်ပွဲ ၀င်ခွင့် အသနားခံ တောင်းဆိုမှုကို ဖီဖာက ထပ်မံပယ်ချခဲ့သည်။

ဖီဖာရဲ့ စည်းမျည်း အပိုဒ်လေးတွင် “အားကစားသမားများနှင့် ဘောလုံးအရာရှိများသည် နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သင်္ကေတများ၊ ကြွေးကြော်သံများကို မည်သည့်ဘာသာစကား (သို့မဟုတ်) မည်သည့် ပုံစံနှင့်မျှ မိမိအသင်း ကစားနေစဉ် ဖော်ထုတ်ပြသမှု မပြုရ” ဟု ပါရှိသည်။

အီရန် အမျိုးသမီးအသင်းမှာ ဆံပင်များ ဖော်ထားမှုမရှိဘဲ၊ မျက်နှာမှလွဲပြီး ကိုယ်လုံးအပြည့် ယူနီဖောင်း ခြုံလွှမ်းထားသောကြောင့် ဖီဖာမှ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အီရန် အမျိုးသမီး အသင်းအနေဖြင့်လည်း ခြေစစ်ပွဲအောင်နိုင်သည့် အသင်းဖြစ်နေသည့်အတွက် အီရန် မီဒီယာများက နေ့စဉ် ဖီဖာကို ဖိအားပေး တောင်းဆိုလျက်ရှိသည်။

အီရန် ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ အလီ ကာဖာရှီရန် က “ဒီအသင်းအတွက် ငွေကြေးတွေ အချိန်တွေ အများကြီး မြှုပ်နှံထားရတာပါ။ ကျနော်တို့ ကလေးတွေဟာ နိုင်ငံရေး၊ ဘာသာရေး ရည်ရွယ်ချက်လည်း မရှိသလို၊ အခြား ကစားသမားတစ်ဦးဦးကို နစ်နာစေဖို့လဲ မရှိပါဘူး။ ကိုယ့်နိုင်ငံ ပုံစံနဲ့ကိုယ် ယူနီဖောင်း ၀တ်ထားတာပါ။ သူတို့ရဲ့ အိုလံပစ်ဝင်နိုင်တဲ့ အရည်အချင်း ပြည့်မီမှုကို ဖီဖာက စဉ်းစားပေးသင့်ပါတယ်” ဟု ပြောခဲ့သည်။

မောက္ခ အားကစားသတင်း

Source: AP & Aljazeera

**ဥရောပတိုက်ရဲ့ ပြိုင်ဘက်ကင်း ဘာစီလိုနာလို့ ဆိုရပါတော့မယ်**
အောင်မိုးဇော်
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

ဂွာဒီယိုလာရဲ့ ဘာစီလိုနာအသင်းဟာ သုံးနှစ်အတွင်းမှာ ချန်ပီယံလိဂ် ဖလားကို နှစ်ကြိမ်ရယူသွားခဲ့ပါပြီ။ လက်ရှိအချိန် မှာ သူ့ကို ယှဉ်မယ့် အသင်းဆိုတာနတ္ထိပါ။သူ့ထက်ကောင်းတဲ့အသင်းတောင် သူတို့လောက် ကောင်းနိုင်တော့ မယ်မထင်တော့ပါ။ မန်ယူရဲ့ဂုရုကြီးဖာဂူဆန်ကိုယ်တိုင် က 'အကောင်းဆုံး အသင်းနဲ့ ကျွန်တော်တွေ့ခဲ့ရတာ'လို့ကို အသိအမှတ် ပြုသွားခဲ့ပါတယ်။

ဘာစီလိုနာက စပိန်ကလပ်အသင်းဖြစ်နေ ပေမယ့် စပိန်လူမျိုးတွေက တော့ ဘာစီလိုနာရဲ့အောင်မြင်မှုအပေါ်မှာတော့ ၀မ်းသာကြမယ်မထင် ပါဘူး။ ဘာစီလိုနာကို အဓိကအလေးထားဂုဏ်ယူတည်ဆောက်နေကြ တဲ့ ကတ်တလန်လူမျိုးထုကပဲ အကျေနပ်ကြီး ကျေနပ်ကြမှာပဲ ဖြစ်ပါ တယ်။ ဘာစီလိုနာရဲ့အောင်မြင်မှုက ရီးယဲလ်မက်ဒရစ်အားပေးသူ စပိန် လူမျိုးတွေအတွက်တော့ တကယ့်မခံချင်စရာ အောင်မြင်မှုပဲဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ၂၀၀၉ ရောမကျရှုံးခန်း ကို ချေဖျက်နိုင်ဖို့ ဒီတစ်ကြိမ်မှာ အတော့ ကို အားထုတ်ထားခဲ့တာပါ။ သူ့အနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ နောက်တစ် ကြိမ်ထပ်မံရှုံးနိမ့်ခြင်းနဲ့ ကြုံတွေ့သွားခဲ့ တာပဲဖြစ်ပါတယ်။ ရှေ့မှာ ဟာနန်ဒက်ဇ် အထောင်တစ်ယောက် တည်းထားပြီး ရွန်နေကိုနောက်ချန်တိုက်စစ်နေရာက ကစားစေကာ တောင်ပံက ကစားနေကျ ရိုင်ယန်ဂစ်ကို ကွင်းလယ်မှာ မိုက်ကယ် ကာရစ်နဲ့ တွဲကစားစေခဲ့တာကတော့ ဖာဂူဆန်အပေါ် အံ့ဩစရာဖြစ်စေခဲ့ပါတယ်။ အရင်က ဒီနေရာကို ကာရစ်နဲ့ အတူ ပေါလ်စခိုးလ်၊ ဖလက်ချာ၊ အန်ဒါ ဆင်တို့ကစားနေကျပါ။ အခုအဲဒီသုံး ယောက်စလုံးရှိနေလျက်နဲ့ ဂစ်ကိုထူးခြား စွာ ကစားစေခဲ့ပါတယ်။ အနိုင်ရသွား သူ ဂွာဒီယိုလာကျပြန် တော့ ကပ္ပတိန်ပူယိုးလ်ကို မသုံးဘဲ မာရှေယာနိုကို သုံးသွားလို့ စပိန်မီဒီယာ တွေ အံ့အားသင့်သွားခဲ့ကြပါတယ်။ တကယ်လို့သာဘာစီလိုနာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မေးခွန်းတွေဝိုင်းထုတ်ကြမှာသေချာပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာဟာကွင်းလယ်နဲ့ တိုက်စစ်ကိုတော့ ဒီရာသီ သူသုံးနေကျ ဦးစားပေးကစား သမားတွေနဲ့ပဲ ပွဲထုတ်သွားခဲ့ပါတယ်။ ဒီပွဲမကန်ခင်မှာ ဘာကာကို နိုင်ဖို့ ဇာဗီ- မက်ဆီ-အင်နီယေစတာ သုံးဦးအတွဲကို ထိန်းနိုင်ဖို့လိုတယ်လို့ ကြိုတင်သုံးသပ် ထားပေမယ့် တကယ့်လက်တွေ့မှာ မန်ယူဟာ ဒီသုံးဦး ကို လုံးဝထိန်းနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ၃-၁ ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာပဲဖြစ်ပါတယ်။

ဇာဗီရဲ့ ဘောလုံးအဖြန့်၊ မက်ဆီရဲ့ ထိုးဖောက်မှု၊ အင်နီယေစတာ၊ ပက်ဒရို တို့ရဲ့ နေရာလွတ်ပွင့်အောင်ကစားမှု တို့က ဒီပွဲမှာ ဘာစီလို နာ လွှမ်းမိုးသွား စေခဲ့တာပဲဖြစ်ပါတယ်။ဘာစီလိုနာရဲ့ ခံစစ်ကို ပြန်ကြည့်ရင် မန်ယူတောင်ပံက ပတ်ဂျီဆန်နဲ့ ဗလင်စီယာတို့ တက်လာ လို့ မရနိုင်အောင် ဘာကာနောက်တန်း အစွန်က အဲလ်ဗက်စ်နဲ့ အဘီဒယ်တို့ရဲ့ တိုက်စစ်လိုက်ထောက်ကစားဟန်နဲ့ ထိန်းလိုက်တော့ ဘာစီလိုနာရဲ့ကစားပုံ ဟာ အကြွင်းမဲ့အလုံးစုံကောင်းသွားစေ ခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူဟာ ဘာစီလိုနာဂိုးပေါက်ကို နှစ်ကြိမ် သာ ကန်ခွင့်ရခဲ့ပြီး ဘာစီလိုနာက ၁၂ ကြိမ် အထိ ဂိုးပေါက်ကို တည့်ခဲ့ပါတယ်။ ကန်သွင်းနိုင်ခဲ့တဲ့ အခွင့်အရေးက ဘာစီ လိုနာ ၂၂ ကြိမ်၊ မန်ယူ လေးကြိမ်ပါ။ ဘာစီလိုနာပဲ့ကိုင် ဂွာဒီယိုလာက တော့ အခုပွဲဟာ ၂၀၀၉ ရောမပွဲကထက် သူ့အသင်းပိုကောင်းခဲ့တယ်လို့ ပြောဆို သွားခဲ့ပါတယ်။ ပြီးတော့ သူ့ကစားသမား တွေရဲ့ ကစားပုံအပေါ် အရမ်းဂုဏ်ယူ မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ သူ့ အနေနဲ့ ချီးကျူးထိုက်တဲ့ပွဲပါ။သူ့ရဲ့ တိုက်စစ်မှူးသုံးဦးစလုံးက တစ်ဂိုးစီသွင်းသွားခဲ့တာကိုး။တကယ်တော့ ဒီပွဲဟာ နှစ်သင်းစလုံး အိပ်မက်ကိုယ် စီရှိထားခဲ့ကြတဲ့ပွဲပဲဖြစ် ပါတယ်။ မန်ယူရော၊ ဘာကာပါ သူတို့ရဲ့ ပထမဆုံးချန်ပီယံလိဂ်ဖလားကို ၀င်ဘလေကွင်းမှာ ရယူနိုင်ခဲ့တာချင်း တူညီနေသလို နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ဖလားရထားတဲ့အကြိမ် ဟာလည်း တူညီလျက်ရှိခဲ့ကြပါတယ်။

နှစ်သင်းစလုံးဟာ သုံးကြိမ်စီရထားလို့ အခုပွဲနိုင်သူဟာ လေးကြိမ်ရထားတဲ့ အေဂျက်စ်၊ ဘိုင်ယန်တို့နဲ့တူညီသွားခဲ့ မှာပဲဖြစ်ပါတယ်။ အခုဘာစီလိုနာက ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်ဟာအရင်က ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရထားလို့ ဒီတစ်ကြိမ် ဆိုရင် သုံးကြိမ်ဖြစ်လာမှာ ဖြစ်သလို ဂွာဒီယိုလာက တစ်ကြိမ်သာရထားလို့ အခုပွဲနိုင်ရင် ဖာဂူဆန်နဲ့ တူညီ သွားခဲ့မှာပါ။

အခုတော့ ဂွာဒီယိုလာရဲ့ ဆန္ဒတွေပြည့်ဝသွားခဲ့ပြီဖြစ်ပါတယ်။ ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာနဲ့အတူ ဆက်ရှိနေပြီး ဇာဗီ၊ မက်ဆီ၊ အင်နီယေ စတာတို့ပါရှိနေဦးမယ်ဆိုရင် အနိုင်ယူဖို့ ခက်ခဲဦးမယ်လို့ ဖာဂူဆန်ကတော့ ကြိုတင် သုံးသပ်သွားခဲ့ပါတယ်။ ဘာစီလိုနာ ဟာဒီနှစ်မှာ အီတလီ အသင်းတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိပေမယ့် အဆင့်အတန်းတစ်ခုအရမှာကိုပဲ ဒီနှစ် အဖို့တော့ ပြိုင်ဘက်ကင်း ဖြစ်သွားတာ ကတော့ အမှန်ပဲဖြစ်ပါတယ်။ အထိုင်ကျ နေတဲ့ ကစားဟန်၊ ပျက်ယွင်း၊ ယိမ်းယိုင် သွားခြင်းမျိုးမရှိအောင် လူစားသွင်း ပြင်ဆင်တည်ဆောက်ထားတဲ့ ဘာစီ လိုနာရဲ့အတွေးအမြင်က ပြိုင်ဘက် ကလပ်တွေအတွက်လည်း စံနမူနာလို့ ယူဆနေမိပါရဲ့။

**နည်းပြစည်းကမ်းများကြောင့် အင်္ဂလန် ကလပ်အသင်းများက တစ်ပန်းရှုံး**
(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

မေ ၃၀ ရက်က အင်္ဂလန်အနောက်မြောက်ပိုင်း မန်ချက်စတာမြို့၊ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပရီမီယာလိဂ်ချန်ပီယံဆုနှင့်လှည့်လည် အောင်ပွဲခံသည့် မန်ချက်စတာယူနိုက်တက် ဘတ်စ်ကားကို ကြို ဆိုနေသော ပရိသတ်များအား မန်နေဂျာဖာဂူဆန်က နှုတ်ဆက် စကားပြောကြားစဉ်။ သူတို့၏အောင်ပွဲခံမှုမှာ ချန်ပီယံလိဂ်အရှုံးက အရိပ်ထိုးနေခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လန်ဒန် - မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန် က အင်္ဂလန်ပရီမီယာလိဂ်မှ ကလပ်အသင်း များသည် ဥရောပချန်ပီယံ ဘာစီလိုနာ၏ အရည် အချင်းမျိုးရရှိလာစေလိုလျှင် အင်္ဂလန်မှနည်းပြ များအား လူငယ် အားကစားများနှင့် အချိန်ပိုပေးမှ ဖြစ်မည်ဟု ပြောကြား လိုက်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)နှင့်ပရီမီယာလိဂ်တို့၏ သဘော တူညီထားသော စည်းကမ်းချက်များအရ အင်္ဂလန်ကလပ်အသင်းများမှ နည်းပြ များသည် အသက် ၁၆ နှစ်နှင့်အောက် အရွယ်ဘောလုံးသမား များအားတစ်နေ့ မိနစ် ၉၀ ထက်ပို၍ လေ့ကျင့်ကစားခွင့် မရခြင်းကြောင့် အင်္ဂလန်ကလပ်အသင်း များက တစ်ပန်းရှုံးနေသည်ဟု ဖာဂူဆန် က ယူဆသည်။

"ကျွန်တော်တို့လုပ်ကိုင်နေတဲ့လုပ်ငန်း ရဲ့ပညာရပ်ဆိုင်ရာကို နားလည် ကြဖို့ လိုတယ်"ဟု ဖာဂူဆန်က ပြောသည်။ "လူငယ်ကလေးများကို နည်းပြပေး တဲ့အခါ တစ်နာရီ တစ်နာရီခွဲလောက်ပဲ ကျွန်တော်တို့ကို ခွင့်ပြုထားတယ်။ သူတို့ (ဘာစီလိုနာ)ကျတော့ လေ့ကျင့်ပေးချင် တယ်ဆို တစ်နေကုန်ပြပေးလို့ရတယ်။အဲဒါဟာ သူတို့က သိပ်ပြီး တစ်ပန်းသာ နေတဲ့ အချက်ပဲ"ဟု ဖာဂူဆန်က ပြောသည်။

**စပိန်ကလပ်နှစ်သင်းက ဥရောပ ချန်ပီယံဆုကို ၁၃ကြိမ်ရရှိ**
အောင်ဝင်း
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

မန်ချက်စတာယူနိုက်တက်ကို မေ ၂၈ ရက်က ၀င်ဘလေကွင်းတွင် ၃-၁ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော ဘာစီလိုနာ၏ ချန်ပီယံလိဂ် အောင် မြင်မှုက ဘောလုံးသမိုင်းတွင် သူတို့ကိုအကြီးကျယ်ဆုံးစာရင်းဝင်ဖြစ်စေခဲ့သည်။

ဇာဗီ၊ အင်နီယေစတာနှင့် ကမ္ဘာ့ အကောင်း ဆုံးဆုရ မက်ဆီတို့၏ အပေး အယူ၊ အလိမ်အလှည့်၊ လွန်းထိုး ယှက်သွယ်ကစားပုံများက တစ်ကမ္ဘာလုံး မှ ပရိသတ်များကို ပျော်ရွှင်အားရ ကြည့်မ၀ဖြစ်စေခဲ့သည်။ နည်းပြဂွာဒီယို လာမှာလည်း ၂၀၀၈ ခုနှစ်တွင် သူစတင် တာဝန်ယူချိန်မှစ၍ အထင်ကရချန်ပီယံ ဖလား ၁၀ ဆုကို ယခုအခါရရှိပြီးပေပြီ။ ယခုအချိန်အထိ ဥရောပချန်ပီယံဆု ရရှိပြီးသော စပိန်ကလပ်နှစ်သင်းသာ ရှိရာတွင် ရီးယဲလ်မက်ဒရစ်က ကိုးကြိမ် ဖြင့် အအောင်မြင်ဆုံးစံချိန်တင်ထား သည်။

ဘာစီလိုနာက ယခုနှစ်တွင် လေးကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် စပိန်ကလပ်တစ်ခုက ဥရောပချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။

ဥရောပချန်ပီယံကလပ်များ ၉ ကြိမ် - ရီးယဲလ်မက်ဒရစ်(၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆၊ ၁၉၉၈၊၂၀၀၀၊ ၂၀၀၂)

၇ ကြိမ် - အေစီမီလန် (၁၉၆၃၊ ၁၉၆၉၊ ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၄၊ ၂၀၀၃၊ ၂၀၀၇)

၅ ကြိမ် - လီဗာပူး (၁၉၇၆၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅၊)

၎ ကြိမ် - ဘာစီလိုနာ (၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁)

၎ ကြိမ် - ဘိုင်ယန်မြူးနစ် (၁၉၇၄၊ ၁၉၇၅၊၁၉၇၆၊ ၂၀၀၁)

၎ ကြိမ် - အေဂျက် (၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃၊ ၁၉၉၅)

၃ ကြိမ် - အင်တာမီလန် (၁၉၆၄၊ ၁၉၆၅၊ ၂၀၁၀)

၃ ကြိမ် - မန်ယူ (၁၉၆၈၊ ၁၉၉၉၊ ၂၀၀၈)

၂ ကြိမ် - ဘင်ဖီကာ (၁၉၆၁၊ ၁၉၆၂)

၂ ကြိမ် - ဂျူဗင်တပ်(၁၉၈၅၊ ၁၉၉၆)

၂ ကြိမ် - နော့တင်ဟမ်ဖောရက်(၁၉၇၉၊ ၁၉၈၀)

၂ ကြိမ် - ပေါ်တို (၁၉၈၇၊ ၂၀၀၄)

ဒီမီတာဘာဘာတော့ဗ်၏ အပြောင်းအရွှေ့သတင်းများထွက်ပေါ်

စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေ

**လူငယ်ကစာသမားနှစ်ဦးကို ခေါ်ယူရန် လီဗာပူးလ်စီစဉ်**

မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရ

လူငယ်ကစာသမားနှစ်ဦးကို ခေါ်ယူရန် လီဗာပူးလ်စီစဉ်

လီဗာပူးလ် အသင်းသည် အင်္ဂလန်၏ အလားအလာအရှိဆုံး သွေးသစ်လူငယ် နှစ်ဦးကို ပေါင်စတာလင် သန်း(၃၀)၀န်းကျင် အသုံးပြုပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရသည်။ အသက်(၂၀)အရွယ် ဟန်ဒါဆန်အတွက် ပေါင်စတာလင် (၁၃)သန်းဖြင့် ကနဦး ကမ်းလှမ်းထားသည်။ ဆန်းဒါးလန်းသည် ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၈)သန်း သတ်မှတ်ထားရာ လီဗာပူးလ်အနေနှင့် (၁၅)သန်းမျှထိ တိုးမြှင့်ပေးလိုက်ပါက အရောင်းအ၀ယ် ဖြစ်လာနိုင်သည်။ ဘလက်ဘန်းကလည်း (၁၉)နှစ်အရွယ် ဂျုံးစ်အတွက် ပေါင်(၁၅)သန်း ၀န်းကျင်ခန့် တောင်းဆိုမည်ဖြစ်သည်။ ဂျုံးစ်ကို လီဗာပူးလ်အပြင် တော့တင်ဟမ် ဟော့စပါးနှင့် အာစင်နယ်တို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ မန်နေဂျာ ဒဲလ်ဂလစ်ရှ်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလက အင်္ဂလန် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင်စတာလင် (၃၅)သန်းဖြင့် ၀ယ်ယူခဲ့သလို ယခုအခါတွင်လည်း အလားအလာကောင်းသော အင်္ဂလိပ် လူငယ်များကို အသင်းအတွက် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ ဒဲလ်ဂလစ်ရှ်အနေနှင့် အသင်းကို အင်္ဂလိပ် ကစားသမား အများစုဖြင့် တည်ဆောက်သွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ လီဗာပူးလ်က ချဉ်းကပ်နေသည့် ဟန်ဒါဆန်ရော၊ ဂျုံးစ်ရောသည် အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်များ ဖြစ်ကြပြီး ဥရောပ လူငယ်ချန်ပီယံရှစ်အတွက် ယခုလအတွင်း ဒိန်းမတ်သို့ သွားရောက်မည်ဖြစ်သည်။ လီဗာပူးလ်သည် ဆန်းဒါးလန်းမှ အသက်(၂၃)နှစ်အရွယ် ကွင်းလယ်အဖျက် ကစားသမား လီးကက်တာမိုးလ်၏ ဈေးနှုန်းကိုလည်း စုံမ်းမှုများ ပြုလုပ်ခဲ့သေးသည်။ ဒဲလ်ဂလစ်ရှ်သည် အသင်းကို အင်္ဂလိပ် လူငယ်များဖြင့် မွမ်းမံတည်ဆောက်ရန် စိတ်အားထက်သန်နေပြီး အသက်(၁၇)နှစ်ရှိ ဂျက်ရော်ဘင်ဆန်၊ အသက်(၁၈)နှစ်အရွယ် ဂျွန်ဖလာနာဂန်၊ (၂၁)နှစ်ရှိ မာတင်ကယ်လီနှင့် (၂၂)နှစ်အရွယ် ဂျေးပစီယာရင်းတို့ကို ပထမအသင်းတွင် အခွင့်အရေးပေး ပွဲထွက်စေခဲ့ပြီးဖြစ်သည်။

Source: DailyMail

**ဘလက်ဘန်းခံစစ်မှူး ဖီးလ်ဂျုံးစ် အသင်းမှထွက်ခွာဖွယ်ရှိ**

ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆို

ဘလက်ဘန်းခံစစ်မှူး ဖီးလ်ဂျုံးစ် အသင်းမှထွက်ခွာဖွယ်ရှိ

ဘလက်ဘန်းရိုဗာစ် အသင်းမှ ထွက်ခွာရန် ဖီးလ်ဂျုံးစ်က အတည်ပြု ဆွေးနွေးနေမှုသည် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ အာစင်နယ်နှင့် လီဗာပူးလ်တို့အတွက် တပ်လှန့်မှု ဖြစ်လာခဲ့သည်။ လျင်မြန်စွာ တိုးတက်လာနေသော အင်္ဂလန် လူငယ်ခံစစ်မှူးသည် အီးဝုဒ်ပါ့ခ် ကွင်းကြီးမှ ယခုနွေရာသီတွင် ထွက်ခွာဖွယ် ရှိနေကြောင်း သတင်းများကဆိုသည်။ အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်သည် ဘလက်ဘန်း မန်နေဂျာ စတိဗ်ကိန်းနှင့် မူအားဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆိုသည်။ အသက် (၁၉)နှစ်ရှိ ဗဟိုနောက်ခံလူကို မန်ချက်စတာမြို့ခံ ကလပ်များက စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နှင့် အာစင်နယ်တို့က ပိုမိုနီးကပ်စွာ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိသည်။ ဇန်န၀ါရီလအတွင်းက ဘလက်ဘန်းသည် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဂျုံးစ်အတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ပေါင်(၁၅)သန်းမျှ ပေါက်ဈေးရှိသော ဂျုံးစ်အား အသင်းများစွာက စိတ်ဝင်စားနေခြင်းကြောင့် ဘလက်ဘန်းက ပေါင်(၁၈)သန်းအောက်ဖြင့် ရောင်းမည်မဟုတ်ဟု ကြေညာထားသည်။ ခရိုအေးရှား တိုက်စစ်မှူး နီကိုလာ ကာလီနစ်သည်လည်း (၂)ရာသီ ကစားပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ဘလက်ဘန်းက စိတ်ပျက်နေပြီး ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Source: DailyMail

**အက်ရှ်လေယန်းကို မန်ယူ စာချုပ်ခေါ်ယူတော့မည်**

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အက်ရှ်လေယန်းအား အပြီးသတ် ခေါ်ယူစာချုပ်နိုင်တော့မည်ဟု သိရသည်။ လီဗာပူးလ်အသင်းနှင့်အပြိုင် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် စိတ်ဝင်စားခဲ့သည့် ယန်းသည် ယခုအခါ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင်စတာလင် သန်း(၂၀)၀န်းကျင်ဖြင့် ပြောင်းရွှေ့တော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ယန်းသည် ယူနိုက်တက်နှင့် လာမည့် (၄၈)နာရီအတွင်း အပြီးသတ် စာချုပ်မည်ဖြစ်သည်။ အက်စ်တန်ဗီလာ အသင်းသည် ယန်းအား စာချုပ်သက်တမ်းတိုးရန် ကြိုးစားခဲ့သော်လည်း ကစားသမားက ပယ်ချခဲ့သည်။ ထို့ကြောင့်လည်း စာချုပ်သက်တမ်း (၁၂)လသာ ကျန်တော့သည့် ယန်းကို ရောင်းချခဲ့ခြင်းဖြစ်သည်။

ashley young

ယန်းသည် (၂၀၀၇)ခုနှစ်၊ ဇန်န၀ါရီလက ၀တ်ဖို့ဒ်မှ ဗီလာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုအခါ ယူနိုက်တက်နှင့် (၄)နှစ် စာချုပ်မည်ဖြစ်သည်။ ဗီလာတွင် (၁၉၃)ပွဲ ကစားပြီး (၃၉)ဂိုး သွင်းထားသော ယန်းသည် အင်္ဂလန် လက်ရွေးစင်အတွက် (၁၅)ပွဲကစားကာ (၂)ဂိုးသွင်းပေးထားသည်။ တောင်ပံတိုက်စစ်နှင့် နောက်ချန်တိုက်စစ်များတွင် အကောင်းဆုံး ကစားနိုင်သည့် ယန်းအား အသင်းမှ အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီဖြစ်သော ရိုင်ယန်ဂစ်နေရာ အစားထိုးရန် ဆာဖာဂူဆန်က ရည်ရွယ်ထားသည်။ ယန်းကို ယူနိုက်တက်အပြင် လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့ကလည်း ကြိုးပမ်းခဲ့သေးသည့်တိုင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် ချန်ပီယံ ကလပ်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယန်းရောက်ရှိလာခြင်းကြောင့် ယူနိုက်တက်မှ လူးဝစ်နာနီ ထွက်ခွာဖွယ်ရှိကြောင်း သတင်းအချို့လည်း ထွက်ပေါ်လာသည်။ ပေါ်တူဂီ လက်ရွေးစင် နာနီကို အီတလီကလပ် ဂျူဗင်းတပ်စ်နှင့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်တို့က အလိုရှိနေကြသည်။ ဆာဖာဂူဆန်သည် ယန်း၏ မြန်နှုန်းမြင့်ပြီး ဘက်စုံရသော အရည်အသွေးကို နှစ်သက်လျက်ရှိပြီး ၎င်းအား နောက်ချန်တိုက်စစ်မှူးအဖြစ် အဓိက အသုံးပြုသွားဖွယ် ရှိနေကြောင်း သိရသည်။

Source: ESPN, Wikipedia

**Skit Knot**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)