ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 2, 2011

အထီးကျန်တဲ့ သစ်ပင်

>
.................................

မူရင်း.. Bulgaria စာရေးဆရာ Ailin Bilin (၁၈၇၇-၁၉၄၉)

စာရေးဆရာ Ailin Bilinဟာ ချမ်းသာတဲ့ လယ်သမား မိသားစုက ပေါက်ဖွားခဲ့တယ်။ ကျေးလက်တောရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျေးလက် လူနေမှုအကြောင်းတွေ အရေးများတဲ့ သူ့ဝတ္ထုတိုတွေကြောင့် နာမည်ရလာခဲ့တယ်။ ပထမ ကမ္ဘာစစ် မတိုင်မီရေးခဲ့တဲ့ ၀တ္ထုတိုတစ်ပုဒ်နဲ့ ၀တ္ထုလတ်တစ်ပုဒ်ကြောင့် လူသိပိုများလာခဲ့တယ်။ ဒီဝတ္ထုနှစ်ပုဒ်လုံးက ၉၀နှစ်နှောင်းပိုင်း လယ်သမားဘ၀ကို အခြေခံထားတဲ့ ၀တ္ထုဖြစ်တယ်။ ပထမစစ်ဖြစ်တော့ စစ်ထဲဝင်ပြီး စစ်တပ်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။

**အထီးကျန်တဲ့ သစ်ပင်**

တောအုပ်ထဲက မျိုးစေ့လေးနှစ်စေ့က ရက်စက်ကြမ်းတမ်းတဲ့ လေနီကြမ်းနောက် လွင့်မျှောလိုက်ပါခဲ့ရတယ်။ လေနီကြမ်းက မျိုးစေ့နှစ်စေ့ကို လယ်တော မြက်ရိုင်းပြင်မှာ တစ်နေရာစီ ချခဲ့လိုက်တယ်။ မိုးရေက မျိုးစေ့ကို စွတ်စိုစေပြီး မြေကြီးထဲ နစ်မြုပ်လိုက်တယ်။ သူတို့ကို နေရောင်ခြည်က နွေးထွေးတဲ့ အလင်းရောင်တွေ ပေးတယ်။ ဒီလိုနဲ့ လယ်တောထဲမှာ သစ်ပင်လေးနှစ်ပင် ပေါက်လာခဲ့တယ်။

စစခြင်းမှာတော့ ပျိုးပင်တွေက သေးသေးလေး။ အချိန်ဆိုတဲ့ အတိုင်းအတာတစ်ခုက မြေပြင်နဲ့ ဝေးအောင် သူတို့ကို မြင့်မြင့်လေး ဆွဲဆန့်လိုက်ကြတယ်။ အဝေးဆုံး နေရာကို သူတို့ လှမ်းမျှော်ကြည့်လို့ရပြီ။ သူတို့ချင်းလည်း လှမ်းကြည့်ခွင့်ရခဲ့ပါပြီ။

လယ်တော မြေရိုင်းက တမျှော်တခေါ် ကျယ်ပြန့်တယ်။ တစ်ပင်နဲ့တစ်ပင် အတန်ငယ် လှမ်းတဲ့ ဒီသစ်ပင် နှစ်ပင်ကလွဲလို့ ဟိုး အဝေး မြက်ခင်းစိမ်းစိမ်း အနားသတ်အထိ အခြားသစ်ပင်တွေကို မတွေ့ရဘူး။ ပုံသဏ္ဍာန်တူ ဒီသစ်နှစ်ပင်သာ ပြန့်ဖြူးတဲ့ ဒီလယ်တောထဲမှာ မတ်မတ်ရပ်လို့နေတယ်။ တမျှော်တခေါ် ကျယ်ပြန့်တဲ့ မြေရိုင်းကို တိုင်းတာတဲ့ အချိုးမကျတဲ့ ပေတံလို သစ်ကိုင်းတွေက တစ်ကိုင်းပေါ် တစ်ကိုင်း ယှက်သန်းလို့နေတယ်။

အဝေးကနေ သူတို့အချင်းချင်း လှမ်းကြည့်ကြတယ်။ ပြီးတော့ သူတို့ လွမ်းဆွေးကြတယ်။ အချင်းချင်း တိမ်းညွှတ်ကြတယ်။ ရှင်သန်ဖို့ အင်အားတစ်ခုက နွေဦးနဲ့အတူ နွေးနွေးထွေးထွေး ရောက်လို့လာတယ်။ သူတို့ရဲ့ ခန္ဓာထဲ လုံလောက်တဲ့ ရေတွေ အဆက်မပြတ် လည်ပတ်နေပြီဆိုရင် သူတို့ရဲ့စိတ်ထဲမှာ ထာဝစဉ် ခိုအောင်းနေတဲ့၊ ထာဝရ ခွဲခွာခဲ့ရတဲ့ မိခင်တောအုပ်ကို သူတို့ ပြန်လည်တမ်းတ သတိရနေမိတတ်တယ်။ အဲဒီအချိန်ကျရင် သူတို့ကိုယ်ပေါ်က သစ်ကိုင်းကို လှုပ်ရမ်းပြီး အချင်းချင်း ဆက်သွယ်မှုတွေ ပြုကြတယ်။ တကယ်လို့ ငှက်ကလေး တစ်ကောင်တစ်လေကများ ဒီတစ်ပင်ကနေ ဟိုတစ်ပင်ကို ကူးပြောင်းနားကြရင် သူတို့ဟာ ၀မ်းသာလွန်းလို့ ပင်စည်ကို အစွမ်းကုန် ထောင်မတ်ထားတတ်ကြတယ်။

လေပြင်းမုန်တိုင်း ကျပြီဆိုရင် သူတို့ဟာ ကြောက်လန့်တကြား ကိုယ်ကို ဘယ်ညာ ယိမ်းခါနေတတ်တယ်။ သစ်ကိုင်းတွေ ကျိုးသွားရင် နာနာကျင်ကျင် ညည်းညူပြီး အချင်းချင်း ပွေ့ဖက် အားပေးနိုင်အောင်၊ တစ်ပင်အနား တစ်ပင်သွားနိုင်အောင် မြေကြီးထဲကနေ သူတို့ အလွတ်ရုန်းချင်ကြတယ်။

ညဆိုရင် အချင်းချင်း မမြင်နိုင်အောင် အမှောင်ထဲမှာ သူတို့ ပျောက်ကွယ်နေကြတယ်။ အချင်းချင်း မမြင်ကြရင် သူတို့ကိုယ်မှာ မကောင်းဆိုးဝါးတွေ ကပ်ညှိနေသလားလို့ ထင်ရအောင် နာကျင်နေကြတယ်။ အချင်းချင်း မြင်နိုင်အောင် နေ့အလင်းရောင်တွေ မြန်မြန်ရောက်လာပါစေလို့ ကောင်းကင်ကို မော့ပြီး သူတို့ တောင်းဆုပြုကြတယ်။

မုဆိုးနဲ့ အလုပ်သမားအချို့ တစ်ခြားသစ်ပင်ရဲ့ အရိပ်မှာ နားခိုကြပြီဆိုရင် ကျန်တစ်ပင်က အထီးကျန်တဲ့ ဘ၀ဟာ ဘယ်လောက် ပင်ပန်းတဲ့အကြောင်း၊ ချစ်သူခင်သူ မိသားစုနဲ့ ဝေးကွာနေရတဲ့ နေ့ရက်တွေဟာ ရှည်လျှားလှတဲ့အကြောင်း၊ အဓိပ္ပါယ်မဲ့ကြောင်း စတာတွေကို ညည်းတွားနေတတ်တယ်။ သူတို့ရဲ့ ဆန္ဒတွေက ဖြေရှင်းခွင့် မရတဲ့ ဘ၀မှာ ပျောက်ဆုံးကုန်ကြရတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေက လက်တွေ့ အကောင်အထည် ဖော်ခွင့်မရတဲ့ ဘ၀မှာ ပျက်ဆီးကုန်ကြရတယ်။ အပြန်အလှန် နှစ်သိမ့်ခွင့် မရတဲ့ဘ၀၊ အချင်းချင်း ထိတွေ့ပြီး အကြင်နာ မေတ္တာတွေ ပေးဆပ်ခွင့် မရတဲ့ဘ၀ဟာ ဘယ်လောက်များ နာကျင်ခံစားရ ခက်သလဲနော်။

**နိုင်းနိုင်းစနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)