"ချစ်သူတွေဝိုင်းဝိုင်းလည်"
မိန်းမ "အပျိုဘ၀တုန်းက ကျွန်မကို ပိုးပန်းတဲ့လူတွေအများကြီး
ကျွန်မက အားလုံးကိုငြင်းခဲ့တာရှင့်"
ယောကျာ်း " အဲဒီလူစုမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ"
"အစစ်ပဲလိုချင်တယ်"
ဇာတ်တိုက်နေရာမှာ ဂျီးများသော မင်းသမီးက ဒါရိုက်တာဖြစ်သူကို ပြောသည်၊
မင်းသမီး " ပြဇာတ်ရဲ့  ပထမပိုင်းမှာ ကျွန်မ ၀တ်ရမယ့် ပုလဲလည်ဆွဲကို
အတုမဟုတ်ပဲ အစစ်ဖြစ်စေချင်တယ်ရှင့်
ဒါရိုက်တာ "အစစ်ဟုတ်လား စိတ်ချဖြစ်စေရမယ် ပထမပိုင်းမှာ
ပုလဲလည်ဆွဲအစစ်ဖြစ်စေရမယ် ဇာတ်သိမ်းခန်းမှာ စားရမယ့် အဆိပ်လည်း
အစစ်ဖြေစေရမယ်"
"အကန်း"
"ယောက်ျား"က" မိန်းမ"ကိုပြောသည်။
"မင်းစောစောက ငွေငါးကျပ်ပေးလိုက်တဲ့ မျက်မမြင်ဟာ အမှန်တကယ်ကိုပဲ
ဘာမှမမြင်ရဘူးကွာ
ရှင်ဘယ်လိုလုပ်သိလဲ ကြည့်ပါလား မင်းက ပိုက်ဆံပေးလိုက်ရော ကျေးဇူးတင်ပါတယ်
မိန်းမချောလေးရယ်လို့ ပြောလိုက်တယ်လေ"
"နတ်မိမယ်"
မေမေ။ နတ်မိမယ်ဆိုတာဘာလဲဟင်။
"နတ်မိမယ်ဆိုတာ လူတဲ့တူတဲ့ အမျိုးပေါ့ ဒါပေမယ့်သူကကောင်းကင်ထဲ ပျံလို
့ရတယ်ကွဲ့ " မမှန်ဘူးမေမေ
ဘာဖြစ်လို့ လဲ မနေ့ က ဘေးအိမ်ခန်းက အန်တီကို ဖေဖေက ပုခုံးကိုလက်နဲ
့ပုတ်ပြီး မင်းဟာ နတ်မိမယ်
ပဲလို့ ပြောတယ် ဒါပေမယ့်သူက မပျံတတ်ဘူးမေမေ"
"ရည်းစားစာ"
ဂျက်သည် မိမိချစ်နေသော မေရီထံသို့ ရည်းစာစာရေးလိုက်သည်။
အချစ်ရယ် မင်းကို ကိုယ်သိပ်ချစ်တာပဲ ကိုယ့်ကို လက်ထပ်ပါလားကွယ် အချစ်က
သဘောတူမယ်ဆိုရင်
စာပြန်စေလိုပါတယ်။ တကယ်လို့  မကြိုက်နိုင်ဘူး ဆိုရင်တော့ စာအိတ်ကိုတောင်
မဖောက်ပါနဲ့ ။
"လာခဲ့ပါ "
သူဋ္ဌေးကြီး တစ်ယောက်သည် သေရမှာကို အလွန်ကြောက်သည်။ဆင်းရဲသားတစ်ယောက်က
အကြံပေးသည်။
ကျွန်တော်တို့ ဆီမှာ လာနေပါလား
ကျွန်တော်တို့ အိမ်မှာသူဋ္ဌေးတစ်ယောက်မှ မသေသေးပါဘူး။
"ချောက်ချတဲ့မိန်းမ"
မောင်းလာသော ကားတစ်စီးကို ယာဉ်ထိန်းရဲက ရပ်ခိုင်းသည်။
ခင်ဗျား သတ်မှတ်မိုင်နူန်းထက် ပိုမောင်းလာပါတယ် ဒါကြောင့် ဒဏ်ရိုက်ပါလိမ့်မယ်။
ကျုပ်လုံးဝလက်မခံဘူးး ခင်ဗျားပြောတာကို လက်မခံဘူးး။
ကားထဲမှ အမျိုးသမီးထွက်လာပြီး ယာဉ်ထိန်းရဲကိုပြောလိုက်သည်။
ကျွန်မ ယောက်ျားကို ရှင်ငြင်းမနေပါနဲ့  သူက အရက်သောက်ထားရင် ဘယ်တော့မှ
ဝန်ခံတတ်တာမဟုတ်ဘူး။
**Nwe Ni**

No comments:
Post a Comment