
(Charlie Adam)
**ကွင်းလယ်ကစားသမား ချာလီအဒမ်အားလီဗူးလ်အသင်းခေါ်ယူ**
(လန်ဒန်၊ ဇူလိုင် ၇)
ဘလက်ပူးလ်အသင်းမှ ကွင်းလယ်ကစားသမား ချာလီအဒမ်အား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူလိုက်ပြီဖြစ်သည်။ အသက် ၂၅ ရက်အရွယ်ရျှိ စကော့တလန်လက်ရွေးစင်ဘောလုံးသမားချာလီအဒမ်အား အနည်းဆုံး ပေါင်ခြောက်သန်းခွဲဖြင့် စာချုပ်ချုပ်ဖွယ်ရှိသည်။ ၄င်းသည် စကော့တလန်ကလပ်ရိန်းဂျားမှ ဘလက်ပူးလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဇွန်လက ဆန်းဒါးလန်း အသင်းမှ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆင်ကိုလည်း ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူခဲ့သည်။ (အင်တာနက်)

(ဆိုးလ်၊ ဇူလိုင် ၇)
၂၀၁၈ ခုနစ် ဆောင်းရာသီ အိုလံပစ်ကစားပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားပြီဖြစ်သည်။ ပြုံချန်းမြို့သည် အားကစားပွဲအိမ်ရှင်အဖြစ် အိုလံပစ်ကော်မတီမဲပေးပိုင်ခွင့် ၉၅ မဲရှိရာတွင် ၆၃ မဲဖြင့် အနိုင်ရပြီး ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။ ယင်းမြို့သည် လူဦးရေ ၄၇၀၀၀ နေထိုင်လျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေအနီးတွင် တည်ရှိသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များပြီးဆုံး ဘရာဇီးနှင့် ဆွီဒင်တို့ နိုင်ပွဲရပြီး ကွာတားဖိုင်နယ်တက်**
(ဘာလင်၊ ဇူလိုင် ၇)
9 June, 2011// ယခုလအတွင်းအမျိုးသမီး ကမ္ဘာ့ဖလား အုပ်ဆု (C) နှင့် အုပ်စု (D) ဆုံးပွဲစဉ်များကို ယမန်နေ့က ကျင်းပခဲ့ရာ ဘရာဇီး၊ ဆွီဒင်နှင့် ကြစတြေးလျတို့ နိုင်ပွဲအသီးသီးရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးဖြစ်သည်။ အုပ်စု (C) နောက်ဆုံးပွဲစဉ်များတွင် ဆွီဒင်က အမေရိကန်ကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး မြောက်ကိုရီးယားနှင့် ကိုလံဘီယာတို့ပွဲမှာ ဂိုးမရှိသရေကျခဲ့သည်။
အုပ်စု (D) နောက်ဆုံးပွဲစဉ်များတွင် ဘရာဇီးက အီကွေတိုရီရယ်ဂီနီယာကို သုံးဂိုး - ဂိုးမရှိ သြစတြေးလျက နောက်ဝေကို နှစ်ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိသွားသည်။ ထို့ကြောင့် ဤအုပ်စုတွင် ဘရာဇီးက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ သြစတြေးလျက ခြောက်မှတ်ဖြင့် ဒုတိယရကာ နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ နော်ဝေနှင့် အီကွေတိုရီရယ်ဂီနီယာတို့မှာမှု အုပ်စုကပင် လှည့်ပြန်ခဲ့ရပြီးဖြစ်သည်။
ကွာတားဖိုင်နယ် တတိယပွဲစဉ်အဖြစ် ဇူလိုင် ၁၀ ရက် (တနင်္ဂနွေနေ့) ညနေ ၅း၃၀ နာရီတွင် ဆွီဒင်နှင့် သြစတြေးလျ၊ စတုတ္ထပွဲစဉ်အဖြစ် ည ၁၀ နာရီတွင် ဘရာဇီးနှင့် အမေရိကန်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ (ESPN)
**စုစည်းဘာသာပြန် - ဟန်သစ်**
(Charlie Adam)
**ကွင်းလယ်ကစားသမား ချာလီအဒမ်အားလီဗူးလ်အသင်းခေါ်ယူ**
(လန်ဒန်၊ ဇူလိုင် ၇)
ဘလက်ပူးလ်အသင်းမှ ကွင်းလယ်ကစားသမား ချာလီအဒမ်အား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူလိုက်ပြီဖြစ်သည်။ အသက် ၂၅ ရက်အရွယ်ရျှိ စကော့တလန်လက်ရွေးစင်ဘောလုံးသမားချာလီအဒမ်အား အနည်းဆုံး ပေါင်ခြောက်သန်းခွဲဖြင့် စာချုပ်ချုပ်ဖွယ်ရှိသည်။ ၄င်းသည် စကော့တလန်ကလပ်ရိန်းဂျားမှ ဘလက်ပူးလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဇွန်လက ဆန်းဒါးလန်း အသင်းမှ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆင်ကိုလည်း ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူခဲ့သည်။ (အင်တာနက်)**၂၀၁၈ ခုနစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ,,တောင်ကိုရီးယားနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ**
(ဆိုးလ်၊ ဇူလိုင် ၇)
၂၀၁၈ ခုနစ် ဆောင်းရာသီ အိုလံပစ်ကစားပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားပြီဖြစ်သည်။ ပြုံချန်းမြို့သည် အားကစားပွဲအိမ်ရှင်အဖြစ် အိုလံပစ်ကော်မတီမဲပေးပိုင်ခွင့် ၉၅ မဲရှိရာတွင် ၆၃ မဲဖြင့် အနိုင်ရပြီး ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။ ယင်းမြို့သည် လူဦးရေ ၄၇၀၀၀ နေထိုင်လျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေအနီးတွင် တည်ရှိသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များပြီးဆုံး ဘရာဇီးနှင့် ဆွီဒင်တို့ နိုင်ပွဲရပြီး ကွာတားဖိုင်နယ်တက်**
(ဘာလင်၊ ဇူလိုင် ၇)
9 June, 2011// ယခုလအတွင်းအမျိုးသမီး ကမ္ဘာ့ဖလား အုပ်ဆု (C) နှင့် အုပ်စု (D) ဆုံးပွဲစဉ်များကို ယမန်နေ့က ကျင်းပခဲ့ရာ ဘရာဇီး၊ ဆွီဒင်နှင့် ကြစတြေးလျတို့ နိုင်ပွဲအသီးသီးရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးဖြစ်သည်။ အုပ်စု (C) နောက်ဆုံးပွဲစဉ်များတွင် ဆွီဒင်က အမေရိကန်ကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး မြောက်ကိုရီးယားနှင့် ကိုလံဘီယာတို့ပွဲမှာ ဂိုးမရှိသရေကျခဲ့သည်။
အုပ်စု (D) နောက်ဆုံးပွဲစဉ်များတွင် ဘရာဇီးက အီကွေတိုရီရယ်ဂီနီယာကို သုံးဂိုး - ဂိုးမရှိ သြစတြေးလျက နောက်ဝေကို နှစ်ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိသွားသည်။ ထို့ကြောင့် ဤအုပ်စုတွင် ဘရာဇီးက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ သြစတြေးလျက ခြောက်မှတ်ဖြင့် ဒုတိယရကာ နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ နော်ဝေနှင့် အီကွေတိုရီရယ်ဂီနီယာတို့မှာမှု အုပ်စုကပင် လှည့်ပြန်ခဲ့ရပြီးဖြစ်သည်။
ကွာတားဖိုင်နယ် တတိယပွဲစဉ်အဖြစ် ဇူလိုင် ၁၀ ရက် (တနင်္ဂနွေနေ့) ညနေ ၅း၃၀ နာရီတွင် ဆွီဒင်နှင့် သြစတြေးလျ၊ စတုတ္ထပွဲစဉ်အဖြစ် ည ၁၀ နာရီတွင် ဘရာဇီးနှင့် အမေရိကန်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ (ESPN)
**စုစည်းဘာသာပြန် - ဟန်သစ်**
No comments:
Post a Comment