ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 22, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**အကောင်းဆုံး သရုပ်ဆောင်ဆုအတွက် ကိတ်ဝင်းစလက် အမည်စာရင်းတင်သွင်းခံရ**
(လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၀)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် (၆၃) ကြိမ်မြောက် Primetime Emmy Awards ဆုအတွက် အမည်စာရင်း များထုတ်ပြန်ရာတွင် “Mildred Pierce” ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ထားသည့် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်မှာ အကောင်းဆုအတွက် ရှေ့ဆုံးမှအမည်စာရင်းထွက်လာသည်။ ၄င်းဇာတ်ကားမှာ အိတ်ခ်ျဘီအိုရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ခဲ့သော ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ရုပ်ရှင်မင်းသမီးကိတ်ဝင်းစလက်၏ ထူးခြားသော သရုပ်ဆောင်မှုဇာတ်ဝင်ခန်းများပါဝင်ရာ ပရိသတ်များနှစ်သက်အားပေးမှုရရှိခဲ့သည်။ Mildred Pierce
ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် Evan Rachel Wood, Melissa Leo နှင့် Mare Winning Ham တို့လည်းအကောင်းဆုံးဇာတ်ပို့ဆုများရရှိရန် အမည်စာရင်းတင်သါင်းခံရသည်။ ထို့အပြင် အခြားဇာတ်ကားများဖြစ်သော Downton Abbey, The Kennedys, Cinema Verite, Too Big to Fail နှင့် The Pillars of the Earth ဇာတ်ကားများလည်းအမည်စာရင်းတင်သွင်းခံရသည်။ (၆၃) ကြိမ်မြောက် Primetime Emmy Awards ဆုများ ရွေးချယ်ချီးမြှင့်ပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ နိုကီရာကဇာတ်ရုံ၌ လာမည့် စက်တင်ဘာ ၂၈ ရက် ၌ ကျင်းပမည်ဖြစ်သည်။ (အင်တာနက်)

**ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိနေသည့် တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ဟန်ဂါအင်**
(ဆိုးလ်၊ ဇူလိုင် ၂၀)
၂၀၁၁ ခုနှစ် ဇူလိုင်လအတွက် တောင်ကိုရီးယားပရိသတ်များ အားပေးမှုအခံရဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် ဟန်ဂါအင်ရွေးချယ်ခြင်းခံရကြောင်း အမ်ဘီစီရုပ်မြင်သံကြားသတင်းဌာနက ဇူလိုင် ၁၉ ရက်၌ ပြောကြားသည်။ အင်တာနက်ပေါ်တွင် ပရိသတ်များစွာက တစ်ခဲနက်ဆန္ဒပြုခဲ့ခြင်းဖြစ်ပြီး သူမ၏ သဘာသကျသော သရုပ်ဆောင်မှုများက ပရိသတ်နှစ်သက်သဘောကျမှုကို ဖြစ်စေခဲ့သည်။ အသက် ၃၀ အရွယ်ရှိပြီးဖြစ်သည့် ဟန်ဂါအင်သည် အသက် ၁၃ နှစ်အရွယ်ကပင် Super Rookie ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှ စတင်ကာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သူမအောင်မြင်မှုရရှိခဲ့သော အခြားရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှာ The Snow Princess Terms of Endearment, Which Yoo Hee , Bad Guy စသည်တို့ဖြစ်ကြသည်။ ဟန်ဂါအင်၏ အနုပညာနှင့်ပတ်သက်၍ ရရှိခဲ့သည့် ဆုများမှာ ၂၀၀၃ ခုနှစ်က ကေဘီအက်စ်မှ ချီးမြှင့်ခဲ့သော Best New Actress ဆု၊ တစ်ဖန် ၂၀၀၄ ခုနှစ်က ကေဘီအစ်စ် ရုပ်သံလိုင်းမှ ချီးမြှင့်ခဲ့သည့် Excellence Awards ဆုများဖြစ်ကြသည်။ (အင်တာနက်ဝ

**ရှေ့တန်း နေရာစုံကစားနိုင်သည့် တိုက်စစ်မှူး ဂါဗင်ဟို အာဆင်နယ်သို့ရောက်ပြီ**
(လန်ဒန်၊ ဇူလိုင် ၂၀)
ပြင်သစ်ကလပ် လီလေအသင်းမှ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဂါဗင်ဟိုအား ပြောင်းရွှေ့ကြေးထုတ်ဖော်ပြောကြားခြင်း မရှိဘဲ အာဆင်နယ်က အပြီးသတ်စာချုပ်လိုက်ပြီဖြစ်သည်။ အသက် ၂၄ နှစ်ရှိ ဂါဗင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီလေအသင်းကို ပြင်သစ်လိဂ်ဖလားနျင့် အခြားဖလားနှစ်လုံး ဆွတ်ခူးနိုင်ရေး အဓိက ကြိုးစားပေးခဲ့သူဖြစ်သည်။ “အာဆင်နယ် ကစားသမား တစ်ယောက်ဖြစ်လာလို့ အတိုင်းမသိ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်၊ ဒီအသင်းကို ကစားပေးဖို့ အမြဲတမ်းလိုလို အိပ်မက်မက်ခဲ့ရပါတယ်…” ဟုသူက ပြောခဲ့သည်။ နည်းပြ အာစင်ဝင်းဂါးကလည်း “သူဟာ တကယ့် အရည်အချင်းရှိတဲ့ကစားသမားဖြစ်လို့ သူ့ကို ရွေးချယ်လိုက်တာပါ၊ အသင်းအတွက်တော့ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားသည်။ (အင်တာနက်)

(Copa America: Suarez brace gives Uruguay 2-0 win, reach final)
**ကိုပါအမေရိကဖလားအကြိုဗိုလ်လုပွဲ ဥရုဂွေးက ပီရူးကိုနိုင်ပြီး ဗိုလ်လုပွဲတက်**
(လာပလာတာ(အာဂျင်တီးနား)၊ ဇူလိုင် ၂၀)
ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ဇူလိုင် ၁၉ ရက်ညပိုင်းက အာဂျင်တီးနားနိုင်ငံ၌ ဥရုဂွေးအသင်းနှင့် ပီရူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဥရုဂွေးအသင်းက ၂ - ၀ ဂိုးဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ဥရုဂွေးအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူးလူးဝစ်ဆွာရက်က ပွဲချိန် ၅၃ မိနစ်နှင့် ၅၈ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော ဥရုဂွေးအသင်းသည် လာမည့် ဇူလိုင် ၂၄ ရက် (တနင်္ဂနွေနေ့)တွင် ပါရာဂွေး သို့မဟုတ် ဗင်နီဇွဲလားအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (အင်တာနက်)

**မန်စီးတီးဂိုးသမား ရှေ့းဂစ်ဗင်...အက်စ်တွန်ဗီလာ ငါးနှစ်စာချုပ်**
(လန်ဒန်၊ ဇူလိုင် ၂၀)
မန်စီးတီးအသင်းတွင် ကစားနေသော အိုင်ယာလန်ဂိုးသမား ရှေးဂစ်ဗင်အား အက်စ်တွန်ဗီလာအသင်းက ခေါ်ယူစာချုပ်လိုက်ပြီဖြစ်သည်။ အသက် ၃၅ နှစ်ရှိ ဂိုးသမားရှေးဂစ်ဗင်အား အသင်းနှစ်ခုကြားပြောင်းရွှေ့ကြေး ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ငါးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ အက်စ်တွန်ဗီလာနည်းပြသစ် အဲလက်စ်မက်လိခ်ျက ၄င်း၏ ကစားသမား ဘရက်ဖရီဒယ် တော့တင်ဟမ်အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် နယူးကာဆယ် ကစားသမားဟောင်း မန်စီးတီးဂိုးသမား ရှေ့ဂစ်ဗင်အားခေါ်ယူရန် ပစ်မှတ်ထားခဲ့သည်ဟုဆို၏။
“အက်စ်တွန်ဗီလာအသင်းက အသင်းကြီးပါပဲ…။ ကျတော့်အနေနဲ့ ယခုလိုပြောင်းရွှေ့ရမယ်သိလို့ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီပြောင်းရွှေ့မှုဟာလည်း စိန်ခေါ်မှုအသစ်ပါပဲ…။ ကျတော့်အနေနဲ့လည်း အက်စ်တွန်ဗီလာအသင်းအတွက် စိတ်အားထက်သန်စွာနဲ့ကစားပေးဖို့အသင့်ပါပဲ” ရှေ့ရစ်ဗင်းက အက်စ်တွန်ဗီလာအသင်းဝက်ဘ်ဆိုက်သို့ပြောကြားခဲ့သည်။ (အင်တာနက်)

**စုစည်းဘာသာပြန် - မြင့်မောင်စိုး၊ မောင်မောင်မြင့်ဆွေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)