**အယ္လ္ဘာတိုအကြီလာနီ... …ဖီအိုရင်တီးနားသို့ ပြောင်းရွှေ့**.
(လန်ဒန်၊ ဇူလိုင် ၂၆)
လီဗာပူးကွင်းလယ်ကစားသမား အယ်လ်ဘာတိုအကွီလာနီသည် ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီဟု သိရသည်။ လီဗာပူးအသင်းသည် အသက် (၂၇) နှစ်ရှိ အယ်လ်ဘာတိုအကွီလာနီကို ၂၀၀၉ ခုနှစ်က ပေါင် ၁၇ သန်းဖြင့် ရိုးမားအသင်းမှ ခေါ်ယူခဲံခြင်းဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီက ဂျုဗင်တပ်စ်အသင်းသို့ အငှားချထားခဲ့သည်။ သို့သော် ယခုတွငျင်လည်း လီဗာပူးအသင်းအနေဖြင့် အယ်လ်ဘာတိုအကွီလာနီကို အသင်းတွင် ဆက်မထားဘဲ ဖီအိုရင်တီးနားအသင်းသို့ အငှားဖြင့် ထပ်မံပြောင်းရွှေ့ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
**ဘလက်ပူးအသင်း အိန်ဂျယ်မာတီနက်ဇ်ကို ခေါ်ယူစာချုပ်**
(လန်ဒန်၊ ဇူလိုင် ၂၆)
ချန်ပီယံရှစ်ကလပ် ဘလက်ပူးအသင်းသည် အက်စ်ပန်ညို ကစားသမား ဟောင်း ဖြစ်သူ စပိန်ကွင်းလယ် ကစားသမားအိန်ဂျယ်မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ ဘလက်ပူးအသင်းသည် အဆိုပါ ကစားသမားကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ုယူခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ အသက် (၂၅) နှစ်ရှိ အိန်ဂျယ်မာတီနက်ဇ်က “ကျနော့်ရဲ့ ပြောင်းရွှေ့မှုက မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ ဒီအသင်းမှာ အတွေ့အကြုံယူပြီး စပိန်နိုင်ငံအတွက် အကောင်းဆုံး ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ြ့ဖစ် ကျွန်တော် ကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment