ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 20, 2011

တောင်ထင်မြောက်ထင်တွေတွေးပြီး၊ စစ်မီးလို လောင်ချင်တောက်ချင်ကြတယ်

>
ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့ အပြုံးတွေ
ထာဝရ မှန်ကာခါ ခေါက်သိမ်းထားလိုက်ချင်ပေမဲ့
ရန်ငြိုးရန်စများ
တဖန်ပြန်လည် နိုးထလို့လာတယ်.....။

ဒီခေတ်ဆိုးမှာ.....
လာဘ်လာဘလို ကောက်ရိုးကို နဖားကြိုးအထိုးခံ နွားကကြိုက်သလိုမျိုး
တချို့က နောက်ကျောကို ဓားနဲ့ထိုးတာ ကြိုက်တယ်....။

အုံကြွမဲ့ မုန်တိုင်းမလာခင် အချိန်အထိတော့
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကောင်းကင်ဟာ
စိတ်ပျက်မှုတွေ ထိန်ဝှက်နေခြင်းဖြစ်တယ်.....။

မြစ်ကူးတံတား မရှိလည်း
ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖြတ်ကူးနေတဲ့ စိတ်ကူးများ...၊
ဗီဇာမလိုပဲ ခန္ဓာကိုယ် နယ်စပ်တလျောက်
ဇီဇာကြောင်တဲ့ ၀င်လိုက်ထွက်လိုက် ထွက်သက်ဝင်သက်များ..၊
3D မျက်မှန်တပ်ကြည့်စရာမလိုအောင်
ဘ၀ပုံရိပ်များက အတိတ်မှန်သားပြင်ပေါ်မှာ ပီပြင်ထင်ရှားလို့နေတယ်....။





ဆေးလိပ်ဖြတ်မဲ့ အရေးကို
ဆေးလိပ်သောက်ရင်း စဉ်းစားသလိုမျိုး..၊
မကောင်းမှုတွေကို ဖြတ်မဲ့လူမရှိရင်
ချုံနွယ် ပိတ်ပေါင်းများလို ရှုပ်ထွေးရှင်သန်နေမယ်..
ဆံပင်တွေလို ပုံပျက်ပန်းပျက် ရှည်ရှည်လာမယ်....။

တောင်တက်သမားတစ်ယောက်ရဲ့ အောင်မြင်မှုက
တောင်ထိပ်ရောက်အောင် တက်နိုင်ခြင်းဆိုပေမဲ့
အိပ်မက်များကို ပိုင်ဆိုင်ဖို့
မြို့ပြလို အိပ်မောကျနေလို့ မဖြစ်ဘူး...။

ကျည်ဆံတွေကို မျိုးစေ့ချနေမှတော့
စစ်သစ်ပင်များသာ ပေါက်ရောက် ကြီးထွားလို့လာမယ်..၊
ငါးတွေကို အမြဲရေချိုးပေး ၊
ခြင်္သေ့များအား အတင်းမြက်ကျွေး ၊
အယူလွဲပြီး တောင်ထင်မြောက်ထင်တွေတွေးပြီး မယောင်ရာ ဆီလူး
သူတို့ဟာ စစ်မီးလို လောင်ချင်တောက်ချင်တဲ့ စစ်ဘီလူးတွေသာဖြစ်တယ်.....။



**အောင်ခိုင်မြင့်**


ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့ အပြုံးတွေ
ထာဝရ မှန်ကာခါ ခေါက်သိမ်းထားလိုက်ချင်ပေမဲ့
ရန်ငြိုးရန်စများ
တဖန်ပြန်လည် နိုးထလို့လာတယ်.....။

ဒီခေတ်ဆိုးမှာ.....
လာဘ်လာဘလို ကောက်ရိုးကို နဖားကြိုးအထိုးခံ နွားကကြိုက်သလိုမျိုး
တချို့က နောက်ကျောကို ဓားနဲ့ထိုးတာ ကြိုက်တယ်....။

အုံကြွမဲ့ မုန်တိုင်းမလာခင် အချိန်အထိတော့
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကောင်းကင်ဟာ
စိတ်ပျက်မှုတွေ ထိန်ဝှက်နေခြင်းဖြစ်တယ်.....။

မြစ်ကူးတံတား မရှိလည်း
ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖြတ်ကူးနေတဲ့ စိတ်ကူးများ...၊
ဗီဇာမလိုပဲ ခန္ဓာကိုယ် နယ်စပ်တလျောက်
ဇီဇာကြောင်တဲ့ ၀င်လိုက်ထွက်လိုက် ထွက်သက်ဝင်သက်များ..၊
3D မျက်မှန်တပ်ကြည့်စရာမလိုအောင်
ဘ၀ပုံရိပ်များက အတိတ်မှန်သားပြင်ပေါ်မှာ ပီပြင်ထင်ရှားလို့နေတယ်....။





ဆေးလိပ်ဖြတ်မဲ့ အရေးကို
ဆေးလိပ်သောက်ရင်း စဉ်းစားသလိုမျိုး..၊
မကောင်းမှုတွေကို ဖြတ်မဲ့လူမရှိရင်
ချုံနွယ် ပိတ်ပေါင်းများလို ရှုပ်ထွေးရှင်သန်နေမယ်..
ဆံပင်တွေလို ပုံပျက်ပန်းပျက် ရှည်ရှည်လာမယ်....။

တောင်တက်သမားတစ်ယောက်ရဲ့ အောင်မြင်မှုက
တောင်ထိပ်ရောက်အောင် တက်နိုင်ခြင်းဆိုပေမဲ့
အိပ်မက်များကို ပိုင်ဆိုင်ဖို့
မြို့ပြလို အိပ်မောကျနေလို့ မဖြစ်ဘူး...။

ကျည်ဆံတွေကို မျိုးစေ့ချနေမှတော့
စစ်သစ်ပင်များသာ ပေါက်ရောက် ကြီးထွားလို့လာမယ်..၊
ငါးတွေကို အမြဲရေချိုးပေး ၊
ခြင်္သေ့များအား အတင်းမြက်ကျွေး ၊
အယူလွဲပြီး တောင်ထင်မြောက်ထင်တွေတွေးပြီး မယောင်ရာ ဆီလူး
သူတို့ဟာ စစ်မီးလို လောင်ချင်တောက်ချင်တဲ့ စစ်ဘီလူးတွေသာဖြစ်တယ်.....။



**အောင်ခိုင်မြင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)