ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 8, 2011

ရေညှိပင်နဲ့ ဝါးပင်

>

တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊အလုပ်ကိုအရှုံးပေးလိုက်မယ်၊မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲ ရောက်တော့နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရား သခင်နဲ့ စကားပြောဖို့သူဆုံးဖြတ်လိုက်တယ်။

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား-

ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင်ဘုရားသခင်ကျွန်တော့်ကို ပေးစရာ မရှိဘူး မဟုတ် လား…” လို့မေးလိုက်တယ်။ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။“အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက -“အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။အစေ့နှစ်မျိုး ကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။
မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ်ငါသူ့အပေါ်မှာစွန့်လွှတ် အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီး ရေ လောင်း ခဲ့ပါတယ်။

တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင်ပိုပြီးပြန့်ပွားလာပါတယ်။ ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ဘာမှဖြစ်မလာသေးပါဘူး။

၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာလက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။ ၅နှစ်မြောက်မှာတော့ ဝါးပင်ညှောင့်လေး စထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး၆လအတွင်းမှာပဲ ပေ၁ဝဝ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလို အချိန် တို အတွင်း မှာ ဒီ လာက်အမြင့်ကြီးတက်နိုင်ဖို့ ၅နှစ်ကြာ အမြစ်တွယ်ယူခဲ့ရတယ်လေ။

ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။
သူ့နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ
လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ
ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။

သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့
အချိန်ပေးထားတာပါ။”…လို့ပြန်ဖြေသတဲ့။

ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ပြန်မေးပါတယ်။

လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့

ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ
တက်လို့ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့ ပြန်ပြောလိုက်ပါတယ်။

မေးလ်ထဲက ရတာလေးပါ။
http://inntharlay.22web.net/?p=329

လွမ်းနေ သူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)