ဘယ်မှာလဲ အတုံ့အလှည့်…
ဘယ်မှာလဲ ရောင်ပြန်ဟပ်မှု့…
ဒါတွေဟာ သဘာဝ ရဲ့ ဖောက်ပြန်မှုလား…
ကမ္ဘာဦး အစကနေ ယနေ့တိုင် မှားယွင်းခဲ့တဲ့ သီအိုရီတွေလား…
အဖြူရောင် သန့်သန့် ငါ့ ရင်တွင်းစေတနာ တွေကို
မွေးရာပါ အယူအဆတွေက အရောင်ဆိုးခဲ့ကြတယ်…
အခု အရောင်ပြောင်းနေတဲ့ ငါ့ရဲ့ကောင်းကင်…....
ညိုမဲနေတဲ့ ငါ့ တိမ်တိုက်တွေကို ဘယ်သူလာပြီး
သန့်စင်ဆေးကြောပေးမှာလဲ…
ငါ့ ကိုယ် ငါ ပဲ ထစ်ချုန်း ရွာချလိုက်ရမှာလား…
တကယ်တော့…ငါ့ မိဘ ဟာ ငါ့ ရဲ့ကောင်းကင်
ငါ့ ညီ၊ညီအစ်မ တွေက ငါ့ရဲ့ ရပ်တည်ရာ မြေကမ္ဘာထုပါ…
ဒီကောင်းကင်နဲ့ မြေထု အတွက် ငါ ဟာ အကောင်းဆုံး
ပေးဆပ်သူ တစ်ယောက် ဖြစ်ချင်ခဲ့တာ…
အခုတော့ ငါ ဟာ ခြေထောက် ရိုက်ချိုးခံထားရတဲ့
ကျားအို တစ်ကောင်လို မချိသွားဖြဲ ရုံကလွဲလို့
ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်သူ တစ်ယောက် ဖြစ်နေခဲ့ရပြီ…
ကိုယ့် တာဝန်ကိုယ် မကျေနိုင်ခဲ့တော့ ကိုယ့်ကို အားပြုတဲ့
မိဘများ စိတ်ချမ်းသာဖို့ အရေး မုသာဝါဒ စည်းရိုးကို ငါ ရိုက်ချိုးမိခဲ့ပြီ…….
စိတ်ဒုက္ခ ရောက်နေတဲ့ ညီငယ်တွေကို ဖေးမ အားကူပေးဖို့လွဲလို့
ငါ့ ကိုယ် ငါတောင် သိမ်ငယ်နေခဲ့ရပြီ…
အဖေ၊ အမေ၊ ညီလေး၊ ညီမလေးနဲ့ ညီငယ်ထွေး တို့ရေ……..
တာဝန်သိပေမဲ့ တာဝန်မကျေတဲ့ သား ကို ခွင့်မလွှတ်လိုက်ပါနဲ့…….။
**chonehtitchone**

No comments:
Post a Comment