**(ဟာဒယနှလုံး -တခဏပြုံး)**
တစ်ခါတုန်းက အမျိုးသမီးနှစ်ယောက်ဟာ နိုက်ကလပ်တစ်ခုကို သွားကြသတဲ့..
ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ အခမဲ့သောက်သုံးခွင့်ပေးတာနှင့်
ကြုံနေပါရော...။ ဒါနဲ့ သူတို.နှစ်ယောက်လည်း အမုန်းကဲပြီး အပီသောက်လိုက် ကြပါသတဲ့ ..
မူးမူးနဲ့လမ်းလျှောက်လာရင်း အပြန်လမ်းမှာ ရူရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။
ဒါနဲ့ဘေးဘီ ၀ဲယာကိုကြည့်လိုက်တော့ သင်္ချိုင်းတစ်ခုတွေ့ပါသတဲ့။
ပထမအမျိုးသမီး။ ။ ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။
ဒုတိယအမျိုးသမီး။ ။ ကြာသလားလို့လုပ်လိုက်လေ...။
အဲဒီလိုနဲ့ မူးမူးနဲ့ ရူရူးပေါက်လိုက်ကြတာ ခြေထောက်တွေ ရွှဲရွဲစို ကုန်ပါလေရော ..
ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့ အတွင်းခံဘောင်းဘီကိုချွတ်ပြီး သန့်ရှင်းရေးလုပ်ကာ
ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။
ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့ အတွင်းခံဘောင်းဘီ
အသစ်ကျပ်ချွတ်လေးဆိုတော့ မလုပ်ရက်ဖူးဖြစ်နေတယ်...
ဒါနဲ့အုတ်ဂူပေါ်မှာတွေ့တဲ့ အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကိုယူပြီး သန့်ရှင်းရေး လုပ်ခဲ့ပါတယ်..။
ဖြစ်ချင်တော့ ကိစ္စတွေပြီးလို့ ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာ ဖဲကြိုးအနီလေးဟာ
ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော...။
ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲသူတို့ရဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ
ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့.. ။
ပထမခင်ပွန်း။ ။ ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး ဟေ့ ..။
ဒီနေ့ငါ့မိန်းမ ပြန်လာတော့အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ ။
ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာ ရူးတောင် ရူးချင်နေပြီ ။
ငါ့မိန်းမပြန်လာတော့ ဂုဏ်ပြုစာတန်းတောင် ပါလာသေးတယ်။
ဘာတဲ့ “ ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ " တဲ့ကွာ။ ။
ကဲ....ရိုးရိုးလေးတွေးကြပါဗျာ...သူငယ်ချင်းတစ်ယောက်ပြောပြတာလေးပြန်ရေးလိုက်ပါသည်။
(forever friend မှ ကိုဇေယျာချော ပြောပြသည် ။ )
**ဦးဦး မှော်ဆရာ**

No comments:
Post a Comment