ဟုတ်ကဲ့ပါခင်ဗျာ။ ။ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေဟာ ထိုင်းလူမျိုးတွေမလုပ်ချင်တဲ့ ခတ်ခဲကြမ်းတမ်းတဲ့အလုပ်၊ ညစ်ပတ်ပေရေတဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို လုပ်နေကြရပေမယ့် အားလုံးသိကြတဲ့အတိုင်း အလွန်ဈေးပေါတဲ့ လုပ်အားခနဲ့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားစုကြီးကို ဖြည့်ဆည်း ပေးနေကြသူတွေပါ။ ဒီအထဲမှာမှ (မဲဆောက်၊ဖုတ်ဖရ၊ မယ်ရမတ်၊်တာ့(ခ်)၊ အုန်းဖန်၊ ထဆောင်ယန်း) ဆိုတဲ့ ထိုင်း - မြန်မာနယ်စပ်တာ့(ခ်)ခရိုင် ၆ မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းလောက်ရှိပါတယ်။ အဲဒီ ၄ သိန်းထဲမှာမှ မဲဆောက်တောင်ဘက်က ဖုတ်ဖရမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၀ါ) မြန်မာစိုက်ပျိုးရေးလုပ်သား (၇) သောင်းခန့်ဟာ နေ့စားခ (၄၀၊ ၅၀၊ ၆၀၊ ၇၀၊ ၈၀၊ ၁၀၀) ဘတ်..စသဖြင့် လုပ်အားခ အစားစားကို လက်တွေ့ မျက်တွေ့ ရရှိကြပေမယ့် ထိုင်းအစိုးရရဲ့တရားဝင်လုပ်အားခဟာ တာ့(ခ်)ခရိုင်မှာဆိုရင်(၁၆၂) ဘတ်ရရှိရမှန်း သိကြသူနည်းပါးပါသေးတယ်။
href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3pqz4dx8aFVrm7_UEZvHM30jnp0gK2Eo8Vl8azVx3OJWs-6z9-QHDks8rZu8PAve8OxONmk6rw2RuXVF_jCWQKiHBh5f5WBopF_9RNy_eUKTRUgJghYFNqQP3huu91DJBAFjRoOu1RE/s1600/100_4785.JPG">
အဲ… ဒီနေ့ မနက်စောစော (၄း၃၀) နာရီလောက်မှာ ထိုင်းအခေါ် ဆီခိုထိုင်းရွာ (မြန်မာတို့ အခေါ် ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈) ကျေးရွာတွေနဲ့ ချီဘားဘိုးရွာ၊ ပါဝိုင်ရွာ၊ ပခါးမိုင်ရွာ စတဲ့ စအိုတိုက်နယ်နဲ့ ဆစ်ဆီပက် တိုက်နယ်တ၀ိုက်က မြန်မာစိုက်ပျိုးရေးလုပ်သား (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်အဖွဲ့စုံ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသွားကြောင်း၊ နေ့လယ်လောက်ကျမှ ရင်ခွင့်ပိုက် ကလေးမိခင်အချို့နဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး မြန်မာစိုက်ပျိုးရေးလုပ်သား (၈၀) ဦးခန့်ကို တော့ ဆက်လက် ဖမ်းဆီးထားကြောင်း၊
အဲဒီ့အပြင် ၄င်းတို့နေထိုင်ရာ တဲအိမ်ဝင်းတွေမှာလည်း သန့်ရှင်းမှုမရှိခြင်း၊ အိမ်သာမရှိခြင်း၊ အမှိုက်ရှုပ်ပွခြင်းနဲ့ အနံအသက်ဆိုးထွက်နေခြင်း၊ ကက်ဆက်နဲ့ တီဗွီကျယ်လောင်စွာဖွင့်ခြင်း အပြင် ညဉ်ံ့နက်သန်းခေါင်မှာပါ ဆူညံစွာရန်ဖြစ်ကြခြင်း၊ စတာတွေကြောင့်ဖမ်းဆီးခြင်း ဖြစ်တယ်လို့ စအိုတိုက်နယ် ရဲစခန်းနဲ့ နီးစပ်သူ မြန်မာပြည်သား လူကြီးတစ်ဦးက ပြောဆိုပါတယ်။
ဟောဒီဓါတ်ပုံတွေကို ရှုစားပြီးစုတ်တသတ်သတ် ပြုလုပ်ကြပါဦး။
သတင်းမှတ်တမ်း- သောင်ရင်းနဂါး

No comments:
Post a Comment