
ဇူလိုင်ဆယ့်ကိုး
မျက်ရည်မိုးတို့
သွန်းဖြိုးဝေရွာ
ပြည်မြန်မာဝယ်
လွန်စွာတသ
မေ့မရအောင်
ဤလ,ရက်မျိုး
ကျည်ဆံမိုး၌
ဟန်ပိုမလုပ်
ဒို့ဗိုလ်ချုပ်နှင့်
ဝင်း,ခိုင်,ချို,မြ
မောင်,ထွေး,ဇတ် ပါ
ချည်ခရှာလျက်
ထိုတူမခြား
မှိုင်းစော်ဘွားလည်း
ကျဆုံးခဲ့လို့
မမေ့နိုင်သည်။
သူ့ကျွန်မလုပ် ဒို့ဗိုလ်ချုပ်
အရင်းရှင်မဟုတ် ဒို့ဗိုလ်ချုပ်
အာဏာရှင်မဟုတ် ဒို့ဗိုလ်ချုပ်....။
**ရွှေကရင်(ကော့သောင်း)**
ဇူလိုင်ဆယ့်ကိုး
မျက်ရည်မိုးတို့
သွန်းဖြိုးဝေရွာ
ပြည်မြန်မာဝယ်
လွန်စွာတသ
မေ့မရအောင်
ဤလ,ရက်မျိုး
ကျည်ဆံမိုး၌
ဟန်ပိုမလုပ်
ဒို့ဗိုလ်ချုပ်နှင့်
ဝင်း,ခိုင်,ချို,မြ
မောင်,ထွေး,ဇတ် ပါ
ချည်ခရှာလျက်
ထိုတူမခြား
မှိုင်းစော်ဘွားလည်း
ကျဆုံးခဲ့လို့
မမေ့နိုင်သည်။
သူ့ကျွန်မလုပ် ဒို့ဗိုလ်ချုပ်
အရင်းရှင်မဟုတ် ဒို့ဗိုလ်ချုပ်
အာဏာရှင်မဟုတ် ဒို့ဗိုလ်ချုပ်....။
**ရွှေကရင်(ကော့သောင်း)**
No comments:
Post a Comment