အနာဂါတ်ကို
တည်ဆောက်ရင်းနဲ့ပဲ
အတိတ်တို့ ကျိုးကြေ
အဖွားရေ . . .
ကျနော် ထမင်းလုံးတစ္ဆေခြောက်တာ
ခံနေရသလား . . .
အဖွားဖြစ်စေချင်တဲ့ အရာတွေ
တခုခြင်း ဖျက်ဆီး
ကျနော် ခရီးသစ်နှင်နေတယ်
တခုပဲ ၀မ်းနည်းတယ်
ကျနော် ဘွဲ့ယူတာ
အဖွား မမြင်ခဲ့လိုက်ရဘူး . . .
အခု
ကျနော့် နဘေးမှာ
အဖွားရှိနေဆဲလား
ကျနော် ဒီကဗျာရေးနေချိန်မှာ
အဖွားပြုံးနေမှာလား
၁၃ နှစ်သားဂျစ်ကန်ကန် ကို
ဒုတ် တချောင်းကိုင်လိုက်ရှာနေတဲ့အဖွား
တွေးတိုင်း ကျနော်လွမ်းတယ် . . .
ကျနော့်မှာ အခုလေ
" အဘောင် " လို့ခေါ်မဲ့ ပါးစပ်
နောင်လဲ မရှိတော့ဘူး . . .
အဖွားရေ
ဈေးရောင်းနေတဲ့လက်
ရေမှာ " ပလပ်ပလပ် " နှစ်ခါဆေးပြီး
ခွံ့ကျွေးခဲ့တဲ့ ထမင်းဆုပ်တွေ
ကျနော့် အူမှာ
အခုထိ အစာမကျေသေးဘူး . . .
ကြေးစည်ထုသံ
ရေအိုးခွဲသံ
အဖွား ရုပ်ကလပ်
ထမ်းချခဲ့တဲ့ ပုခုန်း
မျက်လုံးသွေးစွန်းတယ် . . .
အဖွားအခု ဘယ်ဆီမှာလဲ
ကျနော် တမ်းတဆဲပါ
ဇရပ် နဲ့ ၁၂ လှမ်း အကွာက
အုတ်ဂူတောင်မဟုတ်တဲ့
မြေပုံ မို့ မို့
ဟိမ၀န္တာတောင် ထင်နေလို့ . . ."
**မာဃလုလင်**
--
-
အနာဂါတ်ကို
တည်ဆောက်ရင်းနဲ့ပဲ
အတိတ်တို့ ကျိုးကြေ
အဖွားရေ . . .
ကျနော် ထမင်းလုံးတစ္ဆေခြောက်တာ
ခံနေရသလား . . .
အဖွားဖြစ်စေချင်တဲ့ အရာတွေ
တခုခြင်း ဖျက်ဆီး
ကျနော် ခရီးသစ်နှင်နေတယ်
တခုပဲ ၀မ်းနည်းတယ်
ကျနော် ဘွဲ့ယူတာ
အဖွား မမြင်ခဲ့လိုက်ရဘူး . . .
အခု
ကျနော့် နဘေးမှာ
အဖွားရှိနေဆဲလား
ကျနော် ဒီကဗျာရေးနေချိန်မှာ
အဖွားပြုံးနေမှာလား
၁၃ နှစ်သားဂျစ်ကန်ကန် ကို
ဒုတ် တချောင်းကိုင်လိုက်ရှာနေတဲ့အဖွား
တွေးတိုင်း ကျနော်လွမ်းတယ် . . .
ကျနော့်မှာ အခုလေ
" အဘောင် " လို့ခေါ်မဲ့ ပါးစပ်
နောင်လဲ မရှိတော့ဘူး . . .
အဖွားရေ
ဈေးရောင်းနေတဲ့လက်
ရေမှာ " ပလပ်ပလပ် " နှစ်ခါဆေးပြီး
ခွံ့ကျွေးခဲ့တဲ့ ထမင်းဆုပ်တွေ
ကျနော့် အူမှာ
အခုထိ အစာမကျေသေးဘူး . . .
ကြေးစည်ထုသံ
ရေအိုးခွဲသံ
အဖွား ရုပ်ကလပ်
ထမ်းချခဲ့တဲ့ ပုခုန်း
မျက်လုံးသွေးစွန်းတယ် . . .
အဖွားအခု ဘယ်ဆီမှာလဲ
ကျနော် တမ်းတဆဲပါ
ဇရပ် နဲ့ ၁၂ လှမ်း အကွာက
အုတ်ဂူတောင်မဟုတ်တဲ့
မြေပုံ မို့ မို့
ဟိမ၀န္တာတောင် ထင်နေလို့ . . ."
**မာဃလုလင်**
--
-
No comments:
Post a Comment