(Foreign ministers of India, Pakistan to meet July 27)
**အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများမြို့တော်နယူးဒေလီ၌ တွေ့ဆုံဆွေးနွေး**
(နယူးဒေလီ၊ ဇူလိုင် ၂၇)
အိန္ဒိယနျှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင် ၂၇ ရက်က မြို့တော်နယူးဒေလီ ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နှစ်နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပနိုင်ရန် အခန်းတဏ္ဍသစ်ဖွင့်လှစ်နိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများက သတင်းထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ၌ ၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဆိုင်းငံ့သွားခဲံရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်ဖော်ဆောင်နိုင်ရန်ယခုဆွေးနွေးပွဲက အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း သတင်းဌနများက ရေးသားဖော်ပြသည်။ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ကြသော မိမိတို့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးပြန်လည်တိုးတက် ကောင်းမွန်ရန် လိုလားကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသစ် ဟီနာရာဘာနီခါးက ဆွေးနွေးပွဲမစတင်မီ သတင်းထောက်များအား ပြောကြားသည်။ မိမိတို့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်စေရေးနှင့် တောင်အာရှဒေသ တည်ငြိမ်ရေးတို့ အတွက် ကြိုမ်းပမ်းကြရန်မှာ နှစ်နိုင်ငံစလုံးတွင် တာဝန်ရှိကြကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
(Undated photograph shows Ghulam Haidar Hamidi, mayor of Kandahar city, speaking during …)
**ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ကန်ဒါဟာမြို့တော်ဝန်သေဆုံး။ကန်ဒုဇ်ပြည်နယ်၌ နေအိမ်တစ်လုံး ဒုံကျည်ထိမှန်**
(ကန်ဒါဟာ၊ ဇူလိုင် ၂၇)
အာဖဂန်နစ္စတန်နိုင်ငံ၌ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ကန်ဒါဟာမြို့တော်ဝန်သေဆုံးပြီး တစ်ဦးဒဏ်ရာရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၇ ရက်တွင် ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ်၏ မြို့တော် ကန်ဒါဟာမြို့ရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာန ၌ ဗုံးပေါက်ကွဲခဲ့ရာမြို့တော်ဝန် ဂူလမ်ဟိုင်ဒါဟာမီဒီ သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာမီအလူဘီက ပြောကြားသည်။ မြို့တော်ဝန် ဟာမီဒီသည် လူအချို့နှင့်တွေ့ ဆုံဆွေးနွေးနေချိန်အတွင်း အသေခံဗုံးခွဲသမားက ခေါင်းပေါင်းအတွင်း လျှိ့ဝှတ်ယူဆောင်လာသော ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် မြို့တော်ဝန် သေဆုံးပြီး လူတစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။ ဗုံးပေါက်ကွဲမှုကြောင့် အသေခံ ဗုံးခွဲသူမှာလည်း သေဆုံးခဲ့သည်။ (အင်တာနက်)
**တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်မြေပြိုမှုများကြောင့် ၂၂ ဦးသေဆုံး**
(ဆိုးလ်၊ ဇူလိုင် ၂၇)
တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် အတူ မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၂၂ ဦးသေဆုံးကြောင်း အမျိုးသားအရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲမှုအေဂျင်စီက ပြောကြားသည်။ မြို့တော်ဆိုးလ်အရှေ့ဘက် ကီလိုမီုတာ ၁၀၀ (မိုင် ၆၀) အကွာ ချန်ချွန်ဒေသံ၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ တည်းခိုခန်းတစ်လုံးနှင့် နေအိမ်သုံးလုံး မြေအောက်သို့ နစ်မြုပ်ခဲ့ရပြီး ၁၃ ဦးသေဆုံး ခဲ့ရသည်။ မြို့တော် ဆိုးလ်တောင်ပိုင်းံ၌လည်း မြေပြိုမှုများဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးကြောင်း အမျိုးသားအရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲမှုအေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့တော်ဆိုးလ်ံ၌ ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နာရီပေါင်း ၄၀ အတွင်း ၄၃၃ ဒသမ ၅ မီလီမီတာ (၁၇ ဒသမ ၃၄ လက်မ) အထိ မိုးရွာသွန်းခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment